Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကလေးမွေးစားချင်တဲ့သူတွေရှိပေမယ့် မပေးသေးဘူးလို့ ခိုင်နှင်းဝေပြော

$
0
0

မိဘမဲ့ကလေးများကို မွေးစားပြီး ရင်သွေးလေးများဂေဟာဖွင့်လှစ်ထားတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးတွေကို မွေးစားချင်တဲ့သူတွေရှိပေမယ့် မပေးသေးဘူးလို့ ပြောပါတယ်။

“မွေးစားချင်တာတွေတော့ရှိတယ်။ ကျမက အခုလောလောဆယ်မှာတော့ မပေးသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမကလည်း ထပ်ပြီးမမွေးနိုင်ဘူးလေ။ ပေးချင်လည်း ပေးဖြစ်မယ်ဆိုပေမယ့် ဒီကလေး အကြီးတွေကျတော့ သံယောဇဉ်ဖြစ်နေပြီ။ ကိုယ့်သားသမီးတွေလိုဖြစ်နေပြီဆိုတော့ သူတို့ကိုတော့မပေးတော့ဘူးလို့ စဉ်းစားထားတယ်”

“ နောက်လာပေးမယ့်ကလေးတွေကို မွေးစားမယ့်သူရှိရင်၊ သူတို့ဘဝအတွက်ကောင်းစားမယ့်သူ ချစ်ခင်ပေးမယ့်သူဆိုရင် မွေးစားဖို့ပေးမှာပါ” လို့ ခိုင်နှင်းဝေကပြောပါတယ်။

ကလေးအကြီးတွေကိုတော့ သံယောဇဉ်ဖြစ်နေတဲ့အတွက် မပေးတော့ဘူးလို့ စဉ်းစားထားပြီး နောက်လာမယ့် ကလေးတွေကိုတော့ သူတို့ကိုချစ်ပေးနိုင်မယ့်သူ ၊ ကောင်းစားစေမယ့်သူတွေကိုမွေးစားဖို့ပေးမှာပါလို့ ဆိုပါတယ်။

ကလေးတွေကို ကျွေးမွေးပြုစုတာဝန်ယူရတဲ့အခါမှာ အလှူငွေတွေနဲ့ရပ်တည်နေရပေမယ့် အလှူရှင်တွေမရှိတော့မှထက် တခြားသူများရဲ့အတိုက်အခိုက်ကြောင့် ကလေးတွေထိခိုက်မှာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ကျမသားသမီးတွေအတွက် အထိခိုက်မခံနိုင်ဘူးဆိုတာ ကျမတို့က အလှူငွေနဲ့ပဲရပ်တည်ပြီး အလှူငွေနဲ့ပဲသွားရတာ ဆိုတော့ ကမ္ဘာကပ်ဆိုက်လို့ စီးပွားရေးတွေကျနေတဲ့အချိန် အလှူရှင်မရှိတော့မှာမျိုးကို စိတ်မပူဘူး။ သူများတကာ အတိုက်အခိုက်ကြောင့် ကိုယ့်သားသမီးတွေထိခိုက်မှာမျိုးကို လက်မခံနိုင်ဘူး”

“ ကျမသားသမီးတွေရဲ့ရှေ့ရေးစားဝတ်နေရေး ၊ ကျောင်းထားရမယ်ဆိုတာတွေရှိတယ်။ သူတို့ကိုကျမတယောက်တည်း ထိန်းလို့မရဘူးလေ။ စီမံခန့်ခွဲပေးရတယ်။ ဒါတွေကိုထိန်းပေးဖို့အတွက် ဝန်ထမ်းတွေလည်းရှိဖို့လိုတယ်” လို့ ခိုင်နှင်းဝေကပြောပါတယ်။

ရင်သွေးဂေဟာမှာတော့ ကလေးတွေကိုစောင့်ရှောက်ပေးဖို့အတွက် ဝန်ထမ်းများကိုထားရှိရပြီး ဒီဝန်ထမ်းတွေရဲ့ လစာ ၊ မိသားစုများရဲ့စီးပွားရေးတွေကိုလည်း တာဝန်ယူထားရတာကြောင့် အလှူရှင်တွေနည်းသွားတဲ့အခါမျိုးမှာလည်း ကိုယ်တိုင်စုထားတဲ့ငွေကြေးများနဲ့ ပြန်လည်အသုံးပြုဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ထမ်းတွေထားတယ်ဆိုတာလည်း ပိုက်ဆံပေးပြီးလစာနဲ့ထားရတယ်။ သူတို့စားဝတ်နေရေး မိသားစုအကုန်လုံးကို ကျမခေါင်းပေါ်မှာ ရွက်ထားရတယ်။ သူတို့အတွက် အထိခိုက်မခံနိုင်ဘူး။ အဲ့အတွက်ကြောင့် အလှူရှင်တွေနည်းသွားရင် ကိုယ့်မှာရှိတာလေးနဲ့ သူတို့အတွက် စုထားတဲ့အလှူငွေတွေရှိတယ်။ ကျောင်းကားဝယ်ဖို့ စုထားတာလေးတွေရှိတယ်။ အဲဒါလေးတွေနဲ့ ပြန်ပြီးအသုံးပြုတာပေါ့” လို့ ခိုင်နှင်းဝေက ပြောပါတယ်။

လက်ရှိခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာတော့ ကလေး ၃၁ယောက်ရှိပြီး မကြာခင်ရက်ပိုင်းက အဆိုပါဂေဟာတွင် လူသေအဝတ်ဖြင့်ပြုလုပ်ထားတဲ့ အင်းပြားတွေ့ရှိခဲ့ပါသေးတယ်။

You may also like these stories:

“အကယ်ဒမီပွဲလုပ်ဖို့ ဘယ်သူမှ စကားမစသေးဘူး”လို့ ဦးညီညီထွန်းလွင် ပြော

တချိန်က ပရိသတ် အားပေးခံရတဲ့ ရွှေညီကို လူရွှင်တော်တွေ ဘာလုပ်နေကြလဲ

“ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော

The post ကလေးမွေးစားချင်တဲ့သူတွေရှိပေမယ့် မပေးသေးဘူးလို့ ခိုင်နှင်းဝေပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...