Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဖေချစ်တဲ့ မင်းသမီးတွေရဲ့ “အဖေများနေ့” အမှတ်တရစကားသံများ

$
0
0

နှစ်စဉ်နှစ်တိုင်းရဲ့ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ဟာ “အဖေများနေ့” ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အဖေများနေ့မှာ အဖေချစ်တဲ့ သမီးတွေလည်းဖြစ်၊ အနုပညာရှင်များလည်းဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးတွေ သူတို့ဖခင်ကို အမှတ်တရပြောထားကြတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဖွေးဖွေး

အဖေက ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန်တွေမကြိုက်လို့ လိုရင်းတိုရှင်းပဲရေးသည်။ ဒါတောင်ရှည်နေသေးသည်။ ဖခင်များနေ့မှမဟုတ် အမြဲတမ်းနီးပါး အဖေ့ကိုချစ်သည်။ Always Love You Da အဖေ နဲ့ သမီး က စိတ်ကြီးတာခြင်း တူတော့ (အဖေကတော့ပိုကြီးတာပေါ့လေ၊ ငယ်ငယ်က အဖေက မိုးကုတ်က ဆိုင်ကယ်တဗြင်းဗြင်းနဲ့လမ်းသရဲတဲ့ ဂေါ်။ တော်တော်တော့ညှိယူခဲ့ကြရပေမယ့် အခု အချိန်မှာတော့ အဖေပေးတဲ့မေတ္တာတွေ နားလည်မှုတွေကြောင့် သမီး အားအရမ်းပိုရှိရတယ်။ ကျေးဇူးပါ အဖေ။ ဖေချစ်များအားလုံး နဲ့ အဖေများအားလုံးလဲ ချစ်ခြင်းမေတ္တာပို့သပါတယ်ရှင်။

မိုးဟေကို

အဖေ မိသားစုတစုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ။ ဒီနေ့ဒီအချိန်အထိ မမောမပန်း မငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ။ မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်။

မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ။ သားသမီးတွေကို သူတို့ဘဝနဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံတပ်ပေးတဲ့ ပဲ့ကိုင်ရှင်တွေပါ။ မိုးအတွက်ကတော့ “အမေများနေ့” “အဖေများနေ့” ဆိုတာသတ်မှတ်ရက်မှ ရှိတာမဟုတ်ပါဘူး။ မိုးအမြဲ ဦးထိပ်ထားလေးစားရိုသေ တန်ဖိုးထား ရတဲ့ မိဘနှစ်ပါးအတွက် မိုးရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ကြိုးစားမှုစတဲ့ အချိန်တိုင်းဟာ အဖေ့အတွက်နေ့တွေပါပဲ။

မိုးယုစံ

Happy Father’s Day တည်ကြည် ခန့်ညားပြီး စိတ်ထားအလွန်ကောင်း အေးဆေးနေတတ်ပြီး အချက်အပြုတ် အလွန်ကောင်း၊ မိသားစုအပေါ်တာဝန်ကျေပြီး သမီးကနေ အခုမြေးလေးထိ ကိုယ်တိုင်လုပ်ပေးတတ်တဲ့အဖေ ဒီနေ့မှာ အဖေတွေအားလုံးကို ဂုဏ်ပြုရင်း မိုးယု ပါးပါးကိုပဲ ကျေးဇူးတင်ကြောင်း ချစ်‌ကြောင်းပြောချင်ပါတယ်။

နေခြည်ဦး

Happy Father’s Day ဒီနှစ်မှာ ဖေဖေ့ကိုသမီးတို့က ဆုတဆုပေးချင်ပါတယ်။ ဖခင်တာဝန်အကျေပွန်ဆုံးဆု။

ဒါတွေကတော့ အနုပညာရှင်တွေရဲ့ အဖေများနေ့နဲ့ပတ်သက်ပြီး သူတို့ရဲ့အဖေတွေနဲ့ ပတ်သက်တဲ့အမှတ်တရတွေ ၊ ကျေးဇူးတရားတွေ ၊ ကောင်းခြင်းဆိုးခြင်းတွေကို ဖော်ကျူးထားတဲ့ ဆုတောင်းစကားတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အဖေများနေ့မှာ ကမ္ဘာပေါ်ရှိ အဖေများအားလုံး ကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်။

The post အဖေချစ်တဲ့ မင်းသမီးတွေရဲ့ “အဖေများနေ့” အမှတ်တရစကားသံများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...