Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow

$
0
0

ကမ္ဘာကျော်မင်းသား၊ ဒါရိုက်တာ Stephen Chow ဟာ ဟောင်ကောင်ရဲ့ ဈေးကြီးတဲ့ တောင်ကုန်းဒေသ The Peak မှာရှိတဲ့ သူ့ရဲ့ ဇိမ်ခံအိမ်ကို ငွေကြေးပြဿနာတွေကြောင့် ပေါင်လိုက်ရတယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ်အရွယ် လူပျိုကြီး Chow ဟာ ကမ္ဘာ့ဈေးအကြီးဆုံး လမ်းတလမ်းဖြစ်တဲ့ 12 Pollock’s Path မှာရှိတဲ့ သူ့ရဲ့အိမ်ကို ပြီးခဲ့တဲ့ မတ်လအတွင်း၊ အာရှမှာ COVID-19 ရေချိန်အမြင့်ဆုံးရောက်နေတဲ့အချိန် JPMorgan Chase ဘဏ်မှာ ပေါင်နှံခဲ့တာဖြစ်တယ်လို့ ဟောင်ကောင်သတင်းမီဒီယာ Apple Daily က ဆိုပါတယ်။ အဲ့ဒီ ပေါင်နှံမှုကို မင်းသား Chow ရဲ့ အစ်မဖြစ်သူက လက်မှတ်ရေးထိုးခဲ့တာပါ။

ဝယ်သူတဦးကတော့ အကျယ် ၅၇၁၁ စတုရန်းပေရှိပြီး ဟောင်ကောင်မြို့ကို မြင်ကွင်းကျယ်အနေအထား မြင်နိုင်တဲ့ အဲ့ဒီအိမ်ကို ဒေါ်လာ ၁၄၁ ဒဿမ ၉ သန်းနဲ့ ဝယ်သူဖို့ ချဉ်းကပ်ခဲ့ပေမယ့် မင်းသား Chow က မရောင်းခဲ့ဘူးလို့ သိရပါတယ်။

သတင်းတွေမှာတော့ အခုလိုမျိုး မင်းသားဟာ သူ့ရဲ့ ပိုင်ဆိုင်မှုကို ပေါင်နှံတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ဖော်ပြကြပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ အဲ့ဒီအိမ်ကို ပေါင်နှံတာ လုပ်ခဲ့ဖူး ပြီးခဲ့တဲ့နှစ်ကမှ ပြန်ရွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို သတင်းတွေကို မင်းသား Chow က အတည်မပြုပေမယ့် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်းကို တုံ့ဆိုင်းမှုတွေအထိ ဖြစ်စေခဲ့တဲ့ COVID-19 ကပ်ရောဂါကြောင့် မင်းသားဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဖြန့်ချိခဲ့တဲ့ မင်းသားရဲ့ “The New King of Comedy” ရုပ်ရှင်ဟာ အခြေအနေသိပ်မကောင်းခဲ့ပဲ သူ့ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဒေါ်လာ ၈၈ ဒဿမ ၂ သန်းပဲ ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဖြန့်ချိခဲ့တဲ့ “The Mermaid” ရုပ်ရှင်ကတော့ တရုတ်နိုင်ငံမှာ ယွမ် ၃ ဒဿမ ၃၉ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

ကပ်ရောဂါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးခဲ့ရတဲ့ ရုပ်ရှင်သစ်အတွက် ငွေကြေးထည့်ဝင်ဖို့ သူ့ရဲ့ ပိုင်ဆိုင်မှုကို ပေါင်နှံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဟောင်ကောင်နဲ့ တရုတ်မီဒီယာတွေက ဆိုပါတယ်။

၂၀၀၄ ခုနှစ်မှာ မင်းသား Chow ဟာ Pollock’s Path မှာရှိတဲ့ မြေတပိုင်းကို ဟောင်ကောင်ဒေါ်လာ သန်း ၃၂၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီမြေပေါ်မှာ အိမ် ၄ လုံး ဆောက်ဖို့ တည်ဆောက်သူတဦးနဲ့ အလုပ်တွဲလုပ်ခဲ့ပေမယ့် နှစ်အနည်းငယ်အတွင်းမှာ ၃ လုံးကို ပြန်ရောင်းခဲ့ပြီး နံပါတ် ၁၂ အိမ်တခုတည်းကိုသာ သူ့အတွက် ချန်ထားခဲ့တာ ဖြစ်ပါတယ်။

မင်းသားဟာ တခြားပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူဟောင်း ဟောင်ကောင် ဆောက်လုပ်ရေး ကုမ္ပဏီဆက်ခံသူ Yu Wenfeng က မင်းသားအတွက် သူလုပ်ပေးခဲ့ရတဲ့ အလုပ် ကော်မရှင်ခကို တရားရုံးကနေတဆင့် တောင်းခံတာနဲ့လည်း ကြုံနေရသူ ဖြစ်ပါတယ်။

Ref: thejakartapost

You may also like these stories:

ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး

တောင်ကိုရီးယားနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အသက် ၃၆ နှစ်ပြည့်မှာ သိန်း ၃၆၀ လှူဒါန်းသွားမယ့် စမိုင်းလ်

The post ငွေကြေးပြဿနာတွေကြောင့် ဇိမ်ခံအိမ်ကို ပေါင်လိုက်ရတဲ့ Stephen Chow appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...