Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး

$
0
0

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်တုန်းက အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့မှာပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့လူထုစုဝေးပွဲကို တက်ရောက်မယ်ဆိုပြီး TikTok အသုံးပြုသူတွေက အယောင်ဆောင် စာရင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

TikTok အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်း အသုံးပြုသူတွေက သူတို့ဟာ လုံးဝ သွားရောက်မှာ မဟုတ်တဲ့ လူထုစုဝေးပွဲအတွက် အခမဲ့ အွန်လိုင်း စာရင်းပေးသွင်းမှုကို အယောင်ဆောင် လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ နယူးယောက်တိုင်းမ် သတင်းရဲ့အဆိုအရ K-pop ပရိသတ်တွေဟာ အလားတူမျိုး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ စုဝေးပွဲ မတိုင်ခင် သမ္မတထရမ့်ရဲ့ ကမ်ပိန်းမန်နေဂျာ Brad Parscale က ပွဲတက်ရောက်ဖို့ လူ ၁ သန်းကျော် ဆန္ဒပြုတောင်းဆိုထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူ ၁ သောင်း ၉ ထောင်လောက်ဆန့်တဲ့ BOK Center ကွင်းထဲ ပြုလုပ်ခဲ့တဲ့ အဲ့ဒီ စုဝေးပွဲမှာ ထိုင်ခုံအလွတ် တော်တော်များများ ရှိခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ဟာလည်း ကွင်းပြင်ပအထိ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ မိန့်ခွန်း အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

Tulsa မီးသတ်ဌာနပြောခွင့်ရသူ တဦးကတော့ တက်ရောက်လာသူ အရေအတွက် အယောက် ၆၂၀၀ လောက် ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ သမ္မတရဲ့ ကမ်ပိန်းအကြံပေးတွေတော့ လက်ရှိမှာ ဒီမိုကရက်တစ် ပြိုင်ဖက် ဒုသမ္မတဟောင်း ဂျိုးဘိုက်တန်ရဲ့ နောက်မှာ လူထုထောက်ခံမှု ရနေတဲ့ သမ္မတအတွက် အခုပွဲဟာ အခြေခိုင်ပြီး ထောက်ခံမှုတွေ ရှိနေတာကို ပြသရာ ရောက်တယ်လို့ ဆိုပါတယ်။

မကြာသေးခင် ရက်တွေအတွင်း သမ္မတရဲ့ စုဝေးပွဲ ကျင်းပခဲ့တဲ့ အိုကလာဟိုးမားပြည်နယ်မှာ COVID-19 ကူးစက်ခံရသူ မြင့်တက်ခဲ့တာကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ ရှိနေလို့ ပွဲတက်ရောက်မယ့်သူတွေကို သတိပေးခဲ့ရတယ်လို့ ပြည်နယ် ကျန်းမာရေးဌာနက ဆိုပါတယ်။

Trump ကမ်ပိန်းအဖွဲ့ကတော့ အရင်လာ အရင်နေရာရ စနစ်နဲ့ ဝင်ခွင့်ပြုခဲ့ပြီး ဘယ်သူ့ကိုမှ လက်မှတ်ထုတ်ပေးခဲ့တာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ သမ္မတရဲ့ ပွဲကို တက်ရောက်ဖို့ ဖုန်းနံပါတ် တောင်းခံခဲ့ရတာ မျိုးရှိခဲ့ပေမယ့် တက်ရောက်ဖို့ စာရင်းသွင်းသူတချို့က အတုအယောင် ဖုန်းနံပါတ်တွေကို ပဲ ပေးကြခဲ့ကြတယ်လို့ ဆိုပါတယ်။

TikTok ပေါ်မှာလည်း လူဖြူကြီးစိုးရေး ဝါဒီတဦးကို COVID-19 ကာလအတွင်း ကွင်းထဲမှာ မိန့်ခွန်းပြောခွင့် မပြုရေး လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီး K-pop ပရိသတ်တွေပါ အဲ့ဒီလှုံ့ဆော်မှုအတွင်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း K-pop ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ Black Lives Matter လှုပ်ရှားမှုအတွက် တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး ဆန္ဒပြမှုတွေအတွင်း တရားမဝင် အပြုအမူတွေ ဆောင်ရွက်ခဲ့ကြတဲ့ သက်သေတွေ တောင်းခံနေတဲ့ ဒဲလက်စ်မြို့ ရဲဌာနရဲ့ App ဆီကိုလည်း အနှောင့်အယှက် မက်ဆေ့ချ်တွေ ပို့ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် ညနေခင်းမှာတော့ သမ္မတရဲ့ စုဝေးပွဲ ကျင်းပရာနေရာ ပြင်ပမှာ အော်ဟစ် စုရုံးမှုတွေ ရှိခဲ့ပြီး ပွဲအတွင်းကို Black Lives Matter ဆန္ဒပြသူ ၃၀ လောက်နဲ့ သမ္မတကို ထောက်ခံသူတချို့က ဝင်ရောက်ဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။

Ref:Reuters

You may also like these stories:

TikTok ကုမ္ပဏီ နှစ်ဝက်အတွင်း ဒေါ်လာ ၇ ဘီလျံကျော် ရရှိ

K-pop လောကအကြောင်း ရုပ်ရှင် ထုတ်ရိုက်မယ့် သြစတြေးလျ မင်းသမီး Rebel Wilson

The post ထရမ့် စုဝေးပွဲကို TikTok သုံးသူတွေနဲ့ K-pop ပရိသတ်တွေ အယောင်ဆောင် စာရင်းပေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ