Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

$
0
0

၁၉၉၀ ပြည့်နှစ်က စတင်လာခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ဒါရိုက်တာအဖွဲ့အစည်းကနေ ချီးမြင့်တဲ့ အင်ချွန်း Chunsa ရုပ်ရှင်ပွဲတော်လို့ လူသိများတဲ့ Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက်က ကျင်းပခဲ့ပါ တယ်။

၂၅ ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်တဲ့ အဆိုပါဆုပေးပွဲမှာ တနှစ်အတွင်း အကောင်းဆုံး လင်းလက်တောက်ပနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတွေကို ရွေးချယ်ချီးမြင့်ပေးခဲ့တာပါ။ COVID-19 အခြေအနေကြောင့် ဒီနှစ်ဆုပေးပွဲကို ပရိသတ် မပါ ဝင်ခဲ့သလို Online ကနေလည်း ထုတ်လွှင့်ပြသပေးခဲ့ခြင်းမရှိပါဘူး။

ကိုရီးယားနိုင်ငံ လွတ်မြောက်ရေးပြည်သူ့စစ်အဖွဲ့နဲ့ဂျပန်စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို အခြေခံ ရိုက်ကူး ထားတဲ့ “The Battle: Roar to Victory” ဇာတ်ကားက အကောင်းဆုံးဒါရိုက်တာဆုနဲ့ နည်းပညာထူးချွန်ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မင်းသား လီဗြောင်ဟွန်းပါဝင်ထားတဲ့ “The Man Standing Next” ကတော့ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုတွေကို ဆွတ်ခူးသွားခဲ့ပါတယ်။

စာရေးဆရာမ ချိုနမ်ဂျူရဲ့ အရောင်းရဆုံး ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ “Kim Ji Young, Born 1982” ဇာတ်ကားမှာ မင်းသမီး Kim Mi Kyung က အကောင်းဆုံး ဇာတ်ပို့အမျိုးသမီးသရုပ်ဆောင်ဆုကိုရခဲ့ပြီး ကင်ဒိုယောင်က မျက်နှာသစ်ဒါရိုက်တာ ဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသား ဂျိုဂျွန်ဆော့နဲ့ မင်းသမီး ယွန်နာတို့ပါဝင်သရုပ်ဆောင်ထားတဲ့ “E.X.I.T” ဇာတ်ကားကတော့ ပရိသတ်အကြိုက်ဆုံးဆုနဲ့ ဇာတ်ညွှန်းဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

“The Man Standing Next” ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိခဲ့တဲ့ မင်းသား လီဗြောင်ဟွန်းက “အခုလို ရွေးချယ်ခံခဲ့ရတဲ့ ဂုဏ်ယူမိပါတယ်။ တခြားဆန်ခါတင်စာရင်းဝင်ခဲ့သူတွေအကုန်လုံးကလည်း ထူးချွန်သူတွေပါ။ ကျနော်နဲ့အတူ တွဲဖက်သရုပ်ဆောင်တွေဆီကလည်း ပညာတွေရပါတယ်။ အနုပညာလောကမှာ အချိန်ကြာနေပြီ ဆိုပေမယ့် ဒီဇာတ်ကားက အသစ်လိုပဲ ခံစားရပါတယ်။ ကျနော်တယောက်တည်း ဆုလက်ခံယူရလို့ စိတ်မကောင်း ဖြစ်မိတယ်” လို့ ဆိုပါတယ်။

“Bring Me Home” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသမီး လီယောင်အေးက “ဒီဆုကိုရတဲ့အတွက် အရမ်းဂုဏ် ယူမိပါတယ်။ တခြားအရာတွေထက်တောင် အဓိပ္ပာယ်ပိုရှိတယ်လို့ ခံစားရပါ တယ်။ ရုပ်ရှင်မရိုက်ဘဲ အကြာကြီး နေခဲ့တော့ လုပ်နိုင်ပါ့မလား စိုးရိမ်ခဲ့ရပေမယ့် အကောင်းဆုံးဆုရတဲ့အတွက် နောက်ထပ် အင်အားတွေရလာတယ်” လို့ ကျေးဇူးတင်စကား ပြောပြခဲ့ပါတယ်။

“Parasite” ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ ဘုံဂျူဟိုကလည်း Chunsa Film Art Awards ဆုပေးပွဲရဲ့ ပထမဆုံးဆုအဖြစ် The White Crane ဆုကို ရရှိခဲ့ပေမယ့် အခမ်းအနားကို မတက်ရောက်နိုင်ခဲ့တာ ကြောင့် ကိုယ်စားဒါရိုက်တာ မင်ကူဒုံက လက်ခံရယူပေးခဲ့ပါတယ်။

Ref:Soompi

The post တောင်ကိုရီးယားနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် Chunsa ရုပ်ရှင်ထူးချွန်ဆုပေးပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...