Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်လမ်းတွဲအသစ်တခုမှာ မြင်ရဦးမယ့် ကူးကူးဇင်အောင်

$
0
0

“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားမှာ “မြ” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့အားပေးမှု ရရှိခဲ့တဲ့ ကူးကူးဇင်အောင်ကတော့ မကြာခင် ဇာတ်လမ်းတွဲ အသစ်တခုမှာ ထပ်တွေ့ရဦးမယ်လို့ သိရပါတယ်။

“ကူးက “I can see you” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ထားတယ်။ သိပ်မကြာခင်မှာ ကြေညာပါတော့မယ်။ ကြေညာပြီးတော့ Cookie App မှာ ထုတ်လွှင့်မယ်လို့လည်း သိရပါတယ်။ သိပ်မကြာခင် လပိုင်းမှာ ကြည့်ရှုအားပေးကြပါဦး” လို့ ကူးကူးဇင်အောင်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ ဝိညာဉ်ကားဖြစ်တာကြောင့် သရဲမလေးလို့ ထပ်ခေါ်ဦးမလားဆိုတာကိုလည်း ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“ဒီကားရဲ့ပုံစံကတော့ ကောင်လေးနဲ့ ကောင်မလေးရဲ့ ဝိညာဉ်ပုံစံမျိုးလေးတွေ ပါတယ်။ ဘဝမတူတဲ့ ပုံစံမျိုးလေးတွေပေါ့။ နည်းနည်းတော့ ထူးထူးဆန်းဆန်းလေး ဖြစ်တာပေါ့။ ရင်ခုန်ပါတယ်။ ဒီကားက သူစိမ်းအိမ်ပြီးတော့ ဒုတိယကားလည်း ဖြစ်တယ်။ ပြီးတော့ သူစိမ်းအိမ်ပြီးတော့ ကူးကိုတော်တော်များများက သရဲမလေးလို့ ခေါ်ကြတယ်”

“ဒီကားကလည်း ဝိညာဉ်ကားဆိုတော့ သရဲမလေးပဲ ထပ်ခေါ်မှာလားဆိုတာ ရင်ခုန်ပါတယ်။ ဒီကားလေးက ချစ်ဖို့ ကောင်းတယ်။ လူငယ်ဇာတ်လမ်း၊ ဇာတ်လမ်းလေးကလည်း ဆန်းတယ်။ ရင်ခုန်နေပါတယ်” လို့ ကူးကူးဇင်အောင်က ပြောပါတယ်။

အခုလိုရိုက်ကူးရေး အားလပ်တဲ့အချိန်မှာတော့ သရုပ်ဆောင်ကောင်းတယောက်ဖြစ်ဖို့ လေ့လာဖြစ်နေတယ်လို့ ဆိုပါတယ်။

“သရုပ်ဆောင်ကောင်း တယောက် ဖြစ်ဖို့အတွက်တော့ အမြဲတမ်း လေ့လာနေရတာပဲပေါ့။ အမြဲတမ်း ဒီအရာကို၊ ဒီအလုပ်ကို ချစ်လည်းချစ်တယ်၊ တန်ဖိုးလည်းထားတယ်ဆိုတော့ အမြဲတမ်းတော့ လေ့လာဖြစ်ပါတယ်။ ရိုက်ကူးရေး ရှိရှိ၊ မရှိရှိ သင်ယူစရာတွေ ရှိတယ်ဆိုရင် ရုပ်ရှင်တွေ ကြည့်တယ်။ စာအုပ်တွေ ဖတ်တယ်။ အဲ့လိုအရာတွေကနေ လေ့လာ ဖြစ်ပါတယ်” လို့ ကူးကူးဇင်အောင်က ပြောပါတယ်။

ပရိသတ်တွေနဲ့ နီးစပ်စေဖို့အတွက်လည်း တပတ်တခါ Live လွှင့်ပြီးစကားပြောဖြစ်တယ်လို့ သိရပါတယ်။

“အခုတလော ပုံလေးတွေ တင်ဖြစ်နေတယ်။ Live လွှင့်နေကျလူ မဟုတ်ပေမယ့် ဒီရက်ပိုင်းမှာတော့ တပတ်တခါလောက် လွှင့်နေတာ ၂ ခါလောက် ရှိပြီ။ ပရိသတ်နဲ့ ပိုပြီးတော့ နီးကပ်လာတယ်။ ကူးလည်း ပိုပြီးတော့ သုံးဖြစ်လာတယ်။ Live လွှင့်ပြီး စကားပြောရင် တရင်းတနှီးလည်း ပိုဖြစ်တယ်” လို့ ကူးကူးဇင်အောင်က ပြောပါတယ်။

ကူးကူးဇင်အောင်ကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “Yangon In Love” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ကိုဗစ်ကာလကြောင့် ရပ်နားခဲ့ရတာဖြစ်ပြီး “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။

သရုပ်ဆောင် ကူးကူးဇင်အောင်ကတော့ မကြာခင်မှာ “ဝဿန်ရုပ်ရှင်ပွဲတော်” ရဲ့ ၁၀ နှစ်ပြည့်ပွဲအတွက်လည်း သရုပ်ဆောင်ကြေး မယူဘဲ အခမဲ့ ပါဝင်သရုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

You may also like these stories:

နာမည်ကျော် ကိုရီးယားမင်းသား ၃ ဦးရဲ့ ဒရာမာအသစ်များ အောင်မြင်မှု မရ

ကမ္ဘာ့အခက်ခဲဆုံး ခရီးကြမ်း ပြိုင်ပွဲကို Amazon Prime မှ ပြသမည်

“အသက်ကြီးလာလို့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင် ပြော

The post ဇာတ်လမ်းတွဲအသစ်တခုမှာ မြင်ရဦးမယ့် ကူးကူးဇင်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...