Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခြေအနေပေါ် မူတည်ပြီး ကလေးတွေ ကျောင်းလွှတ်သင့်၊ မသင့် စဉ်းစားမယ်”

$
0
0

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားမှုများကြောင့် ၂ လလောက် အိမ်မှာ နေခဲ့ရတဲ့ သရုပ်ဆောင် လူမင်းကတော့ ဒီကာလမှာ မိသားစုကို အချိန် ပိုပေးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော့် တသက်မှာ အချိန် ၂ လကျော်လောက် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ မနေဖူးဘူး။ အခုလို နေဖြစ်တော့ မိသားစုကို အချိန်တွေ ပိုပေးဖြစ်တယ်။ ကလေးတွေကို အာရုံ ပိုစိုက်ဖြစ်တယ်။ စာတွေ၊ လေ့ကျင့်ခန်းတွေ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ဘုရားစာတွေကအစ အကုန်သင်ပေးဖြစ်တယ်”လို့ လူမင်းက ပြောပါတယ်။

မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မယ့် သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လူမင်းက ကလေးတွေကို ရောဂါ အခြေအနေပေါ် မူတည်ပြီး ကျောင်းလွှတ်သင့်၊ မသင့် စဉ်းစားရမယ်လို့ ဆိုပါတယ်။

“ကျနော့် ကလေးတွေကျောင်းက မဖွင့်သေးဘူး။ မပိတ်ခင်မှာတော့ အဝေးရောက် သင်ကြားမှုနဲ့ပဲ ဖြတ်သန်းခဲ့ကြတယ်။ ပြန်ဖွင့်ရင်တော့ ဒီရောဂါ အခြေအနေပေါ်ကြည့်ပြီး ကျောင်းလွှတ်သင့်၊ မလွှတ်သင့်၊ ဘယ်လောက်ထိ လုံခြုံစိတ်ချမလဲဆိုတဲ့ အပေါ်မှာပဲ ကျနော်တို့ စဉ်းစားရမှာပေါ့။ ကိုဗစ်ကာလမှာတော့ ကလေးတွေနဲ့ အတူတူ နေဖြစ်သွားတယ်”လို့ လူမင်းက ပြောပါတယ်။

ပညာရေး သင်ရိုးညွှန်းတန်းတွေမှာ Sex Education နဲ့ ပတ်သက်ပြီး သင်ရိုးတခု ထပ်တိုးလာမယ့်အပေါ်လည်း အခုလို ပြောပါတယ်။

“ဒီ ခေါင်းစဉ်က ကြည့်ပြီးပြောရင်တော့ ၂ မျိုး ရှိတယ်။ သူ့အရွယ်နဲ့ သိသင့်သိထိုက်တဲ့ Education မျိုးပေါ့။ အရွယ်နဲ့ လိုက်တယ် သိသင့်သိထိုက်တဲ့ Education မျိုးတော့ ပေးကို ပေးရမယ်။ ဒါဟာ နှိုးဆွ၊ မြူဆွယ်တဲ့ဟာ မဟုတ်ဘူးဆိုတာကို နားလည်ရင်တော့ သင်သင့်ပါတယ်”

“ခေါင်းစဉ်က ၂ မျိုးဖြစ်နေလို့သာ ငြင်းခုန်နေကြတာ။ ကျနော့် အထင်ကတော့ ခေါင်းစဉ်က နှိုးဆွ မြူဆွယ် ဖြားယောင်းတဲ့ သင်ခန်းစာမဟုတ်ဘူး။ သူ့အရွယ်နဲ့ သိသင့်သိထိုက်တဲ့ မဖြစ်မနေ သိရမယ့် အကြောင်းအရာကို သင်ကြားပေးခြင်း ဆိုတာမျိုးတော့ ရှိသင့်တာပေါ့”လို့ လူမင်းက ပြောပါတယ်။

သရုပ်ဆောင် လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံကတော့ သားတယောက် သမီးတယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်။ လူမင်းက လက်ရှိမှာ “အောင်ဆန်း” ရုပ်ရှင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးလျက် ရှိပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် ရိုက်ကူးရေးကိုလည်း ခဏ ရပ်နားထားတယ်လို့ သိရပါတယ်။

You may also like these stories:

ဂဠုန်ဦးစော ဇာတ်ရုပ် လူပြောင်းတဲ့အကြောင်း ပြောပြတဲ့ လူမင်း

“နောက်တက်မယ့် ဥက္ကဋ္ဌကို ပြတ်ပြတ်သားသား လုပ်တဲ့သူမျိုး ဖြစ်စေချင်တယ်”

ဇာတ်ဝင်ခန်းမှာ စကားမှားပြောတာကို Troll နေကြတဲ့အပေါ် စိတ်မဆိုးတဲ့ လူမင်း

The post “အခြေအနေပေါ် မူတည်ပြီး ကလေးတွေ ကျောင်းလွှတ်သင့်၊ မသင့် စဉ်းစားမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...