Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဒွေး ရှိနေသေးရင် အခုလို အခြေအနေမျိုး ဖြစ်မယ် မထင်ဘူး”

$
0
0

ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးနဲ့ ရုပ်ရှင် ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများ များစွာ တွဲဖက်ရိုက်ကူးခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင် ဘိုမကတော့ ဒွေးသာ ရှိနေသေးရင် အခုလို အခြေအနေမျိုး ဖြစ်မယ် မထင်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကိုသားကြီး ဆုံးပြီးတဲ့နောက်ပိုင်းမှာ အနုပညာလောကနဲ့ တော်တော် ဝေးသွားတယ် ထင်ပါတယ်။ နှမြောတာပေါ့။ ဟိုတလောကတောင် ကိုသားကြီးနဲ့ ရိုက်ခဲ့တဲ့ကား “ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်” လာတဲ့အခါကျတော့ အရမ်းဝမ်းနည်းတယ်။ တကယ်လို့ ကိုသားကြီးရှိခဲ့ရင် ကျမတို့လည်း အခုလိုအခြေအနေမျိုးဖြစ်မယ် မထင်ဘူး”

“အရမ်း ကူညီပေးတယ်။ အမြဲတမ်း ခေါ်ရိုက်တယ်။ ဝမ်းနည်းတာပေါ့။ ဝမ်းနည်းတာထက် ဆုံးရှုံးရတာကို မခံစားနိုင်ဘူး။ လက်မောင်းတဖက် ပြုတ်သွားသလို ခံစားရပါတယ်” လို့ ဘိုမက ပြောပါတယ်။

ဒွေးနဲ့ အမှတ်တရတချို့ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အမှတ်တရဆိုရင် ပြင်ဦးလွင်မှာ ရိုက်ခဲ့တဲ့ ကားပေါ့။ ဒါရိုက်တာ အောင်မင်းသိမ်း ရိုက်တဲ့ကား၊ ကိုသားကြီးက အတည်ပေါက် နောက်တတ်တယ်။ ကိုသားကြီးနဲ့ ကိုအောင်မင်းသိမ်းနဲ့ နောက်တာ ဘယ်လိုနောက်လဲဆိုရင် ဘိုမတဲ့ နင်ရေထဲ ဆင်းရမယ်။ ကျမက ရေကြောက်တယ်လေ။ မဆင်းရဲဘူးပေါ့။ ရေလည်း မကူးတတ်ဘူး”

“ဒီကားမှာတဲ့ ရေထဲဆင်းပြီး ရေနစ်သေရမှာတဲ့။ မဆင်းရဲဘူးပြောတော့ အဆင်မပြေဘူး၊ နင်ပြန်လိုက်တော့တဲ့ ဆိုလို့ ကိုသားကြီးကို ပြောပြတော့ နင့်အစား လူစားထိုးမယ် ပြောတော့ ကျမမှာ ထိုင်ငိုရတာ။ လူစားထိုးမှာစိုးလို့ ရေထဲ တကယ် ခုန်ချလိုက်တယ်။ နစ်နေလို့ လူကြမ်း အစ်ကိုကြီးတယောက်က ဆင်းပြီး လာကယ်ရတယ်။ ကိုသားကြီးက တကယ်လုပ်မယ် မထင်ဘူးတဲ့။ နင်တကယ် လုပ်သွားတာပဲဆိုပြီး အဲ့တခုတော့ အမှတ်ရခဲ့တယ်။ အမှတ်ရစရာတွေကတော့ အများကြီးပါပဲ” လို့ ဘိုမက ပြောပါတယ်။

ဒွေးရဲ့ ညီဖြစ်သူ သားညီကလည်း ဒါရိုက်တာအဖြစ် ရုပ်ရှင်များ ရိုက်ကူးနေတဲ့အတွက် ဇာတ်ကားများမှာ ပါဝင်ချင်ပေမယ့် မတွေ့ဖြစ်တာကြောင့် ခေါ်ရိုက်ဖို့အတွက် မပြောဖြစ်ဘူးလို့ သိရပါတယ်။

“ကိုသားကြီးကို လွမ်းတယ်။ ကိုအောင်မင်းသိမ်းကိုလည်း လွမ်းတယ်။ ကိုနီကိုရဲကိုလည်း လွမ်းတယ်။ သူတို့နဲ့ ရိုက်ရတာ ပျော်တယ်။ အမြဲတမ်းပေါ့။ သတိရတယ်။ သူတို့သာရှိရင် ကျမတို့ဒီလောက်ထိအခက်အခဲဖြစ်မယ် မထင်ဘူး” လို့ ဘိုမက ပြောပါတယ်။

ဒီကြားထဲမှာတော့ ဘိုမက ဇာတ်လမ်းတွဲတချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ငွေရေးကြေးရေး အလိမ်ခံရတာကြောင့်လည်း အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

You may also like these stories:

အဆိုတော် ရှိုင်းနဲ့ တွေ့ဆုံခြင်း

သားဖြစ်သူကို သီချင်းခွေသစ် ထုတ်ပေးမယ့် တွံတေးစိုးအောင်

The post “ဒွေး ရှိနေသေးရင် အခုလို အခြေအနေမျိုး ဖြစ်မယ် မထင်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...