Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အလှအပနဲ့ အဖော်အချွတ်ပြတာမျိုး ဦးစားမပေးစေချင်ဘူး”

$
0
0

အနုပညာကို ဝါသနာပါတဲ့ လူငယ်များအနေနဲ့ အလှအပနဲ့ အဖော်အချွတ်ပြတာမျိုးကို ဦးစားမပေးစေချင်ဘဲ အနုပညာနဲ့ ပတ်သက်တဲ့ ပညာရပ်များကို တတ်မြောက်အောင် သင်ယူစေချင်တယ်လို့ ဝါရင့် သရုပ်ဆောင် ညီဂျော်က ဧရာဝတီကို ပြောပါတယ်။

“အနုပညာကို အခြေခံတတ်မယ်ဆို သရုပ်ဆောင်မယ်ဆို သရုပ်ဆောင်ပညာ၊ သီချင်းဆိုမယ်ဆို သီချင်းဆို ပညာကို တတ်အောင် ကျွမ်းကျင်အောင် ကြိုးစားဖို့လိုပါတယ်။ အနုပညာတတ်မှ အဆင်ပြေမယ်။ ပညာရဲရင့် ပွဲလယ်တင့်မယ်ပေါ့။ ကိုယ်ကျွမ်းကျင်တဲ့ အနုပညာတတ်အောင် လုပ်ကြပါ။ တတ်အောင် မလုပ်ဘဲနဲ့ အပေါ်ယံလေးပဲလုပ်ပြီးတော့ အလှအပနဲ့ အဖော်အချွတ် ပြတာမျိုး ဦးစားမပေးစေချင်ဘူး”

“ရေရှည်မခံပါဘူး။ ပညာပြည့်ပြည့်စုံစုံ သင်ပြီးတော့ အများအကျိုးပြုအောင် လုပ်ပါ။ ပညာတတ်ရင် ဝင်ငွေက အလိုလို ဝင်လာမှာပါ။ ပညာက အရေးကြီးပါတယ်။ အပေါ်ယံ မလုပ်ပါနဲ့။ အဲဒါကို သတိပေးချင်ပါတယ်” လို့ ညီဂျော်က ပြောပါတယ်။

အခုခေတ် လူငယ်တွေမှာ စမတ်ဖုန်းများ ရှိကြတဲ့အတွက်လည်း အများကြီးလေ့လာနိုင်ပြီး အရင်ကထက် ၃ ၊ ၄ ဆ ကြိုးစားမှရမယ်လို့ ဆိုပါတယ်။

“အခုခေတ် လူငယ်တွေအားလုံးက အခုဆို စမတ်ဖုန်းတွေ အများကြီးရှိတဲ့အတွက် စမတ်ဖုန်းတွေထဲက သတင်းတွေကို လေ့လာရမယ်။ အနုပညာတွေကို အများကြီးလေ့လာရမယ်။ ကျနော်တို့တုန်းကထက် ကြိုးစားမှုနှုန်း ၃ ၊ ၄ ဆ ကြိုးစားမှရမယ်လို့ ထင်ပါတယ်” လို့ ညီဂျော်က ပြောပါတယ်။

ပွင့်လမ်းတွေ အများကြီးရှိနေပေမယ့် သရုပ်ဆောင်အသစ်တွေအတွက် တိုးရတာခက်ခဲတာကြောင့် ပိုပြီးတော့ အားထည့်ရမယ်လို့ ဆိုပါတယ်။

“အခုခေတ်က ပွင့်လမ်းတွေ အများကြီး ရှိတယ်။ ဇာတ်လမ်းတွဲတွေ ပေါ်လာတယ်။ ဗီဒီယိုပျက်သွားတဲ့အတွက်၊ ကိုဗစ်မတိုင်ခင် ဗီဒီယိုပျက်တာလည်း ဒီလောကသားတွေအတွက်တော့ အရမ်း ဒုက္ခရောက်ကြတယ်။ ရုပ်ရှင်ပဲ ရှိတော့တယ်။ ဇာတ်လမ်းတွဲ ရှိတယ်။ အဲ့ကနေ အွန်လိုင်းဇာတ်လမ်းတိုလေးတွေ ရှိတဲ့အတွက် ပွင့်လင်းမှုတော့ အများကြီးရှိတယ်”

“သို့သော် လုပ်ချင်တဲ့ သရုပ်ဆောင်အသစ်လေးတွေဆို တိုးရတာ ခက်တယ်။ နဂိုက ၁ ဆ ကြိုးစားရင် ၄ ၊ ၅ ဆ ကြိုးစားမှ အောင်မြင်နိုင်တဲ့ အနေအထား ရှိတယ်။ ပိုပြီးအားထည့်ရမယ်” လို့ ညီဂျော်က ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးစီးလုပ်ကိုင်ခဲ့တဲ့ “ဂျော်လီဆွေနဲ့ သားများ” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဗီဒီယိုလောကလုံးဝ မပျက်ခင် ၂၀၁၅ ခုနှစ်မှာပဲ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ အစ်ကိုဖြစ်သူ သရုပ်ဆောင် ထူးသာနဲ့အတူ “Oscar” ရုပ်ရှင်သင်တန်းကျောင်းကို တွဲဖက်ပြီး သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

အဆိုတော် ရှိုင်းနဲ့ တွေ့ဆုံခြင်း

သားဖြစ်သူကို သီချင်းခွေသစ် ထုတ်ပေးမယ့် တွံတေးစိုးအောင်

“ဒွေး ရှိနေသေးရင် အခုလို အခြေအနေမျိုး ဖြစ်မယ် မထင်ဘူး”

The post “အလှအပနဲ့ အဖော်အချွတ်ပြတာမျိုး ဦးစားမပေးစေချင်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...