Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော

$
0
0

ကိုဗစ်ကာလအတွင်း ရုပ်ရှင် ရိုက်ကူးရေးများ ရပ်နားထားရပြီး မကြာခင် ရိုက်ကူးရေးတွေ စတော့မှာကို စိုးရိမ်မိတယ်လို့ ဟာသ သရုပ်ဆောင် ကောင်းစံက ပြောပါတယ်။

“ရိုက်ကူးတွေ ပြန်စလို့ ရိုက်ဖို့ ခေါ်ရင်တော့ ကောင်းတာပေါ့။ အကုန်လုံး ပြန်စရင်တော့ ရုပ်ရှင်လောကသားတွေ အလုပ်ပြန်ရကြမှာဆိုတော့ အရမ်းဝမ်းသာတာပေါ့။ ဒီအလုပ်ကြတဲ့သူတွေကလည်း ဒီအလုပ်ပဲ လုပ်တတ်ကြတယ်လေ။ အဲ့တော့ အလုပ်တွေ ပြန်ရစေချင်ပါတယ်။ ရိုက်ကူးရေး ပြန်စမှာကိုတော့ စိုးရိမ်တာပေါ့။ စိုးရိမ်နေရမှာပဲ။ ကျီးလန့်စာ စားနေရမယ့် ပုံပါပဲ။ မလုပ်လို့ကလည်း မရဘူးလေ။ ကိုဗစ်ဖြစ်တာကလည်း ရက်ကြီးက ကြာလာပြီလေ”

“ကျနော်တို့လည်း ဒုက္ခရောက်နေတာဆိုတော့ ကျနော်တို့ အနုပညာသမားအချင်းချင်းလည်း အကြံဉာဏ်တွေ မပေးတတ်တော့ဘူး။ စားစရာ မရှိတာလား ဆိုတော့လည်း မဟုတ်ဘူး။ ရှိတာလားဆိုတော့လည်း မဟုတ်ဘူး။ စုဆောင်းထားတာလေးတွေ စားတော့ ပြုတ်သလောက် ဖြစ်နေပြီ” လို့ ကောင်းစံက ဆိုပါတယ်။

ဆက်ပြီးတော့ “စီးပွားကျနေချိန် အလုပ်ချက်ချင်းရရင်တော့ ပြဿနာ မရှိဘူး။ မပေါ်ဘဲနဲ့ ဟနေမယ့် ကာလတခု အဲ့ကာလကို ဘယ်လို ဖြတ်သန်းမလဲ။ ကျနော်တို့ တယောက်တည်း မဟုတ်ပါဘူး။ အကုန်လုံး ဖြစ်နေကြတာ။ ရောဂါတွေလည်း မြန်မြန်ပျောက်ပါစေ ဆုတောင်းနေတယ်”လို့ ကောင်းစံက ပြောပါတယ်။

အနုပညာအလုပ်များ မလုပ်ရတာကြောင့် စားဝတ်နေရေးအတွက် ဘာလုပ်ရမလဲ စဉ်းစားနေတယ်လို့ ကောင်းစံက ဆိုပါတယ်။

“အခု လောလောဆယ်တော့ ဘာမှလုပ်ဖို့ သိပ်မရှိသေးဘူး။ လုပ်ဖို့တော့ စဉ်းစားနေတယ်။ ကျနော်တို့က ရုပ်ရှင် ရိုက်တတ်တယ်။ ဒါပဲ လုပ်တတ်တာလေ။ လောလောဆယ်တော့ အမျိုးသမီးက အိမ်ဆိုင်လေးဖွင့်တယ်။ ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ငါးခြောက်ကြော်တွေ ရောင်းတယ်”

“မကိုက်ဘူး။ ချဉ်ပေါင်ကြော်တဘူး တထောင် ၁၅၀၀၊ Deli ခ ဘယ်လို သွားတောင်းမလဲ။ ရပ်ကွက်ထဲတော့ လောလောဆယ် ရောင်းနေတယ်။ နောက် အဖေ့ မုန့်ဟင်းခါးခြောက် လုပ်တာလေး ဝိုင်းလုပ်ပေးတယ်။ နောက်ထပ် စားဝတ်နေရေးအတွက် ဘာလုပ်ရမလဲ စဉ်းစားနေတယ်”လို့ ကောင်းစံက ပြောပါတယ်။

ဖြူဖြူထွေးနဲ့ ဗီဒီယို အတိုလေး အတူတူ တွဲရိုက်ထားတဲ့ ကောင်းစံက ဖြူဖြူထွေး ကြိုးစားတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဖြူဖြူထွေးလေးက တော်ပါတယ်။ ကျနော့်ကို ကန်တော့ချင်တယ်။ ကန်တော့ရင်းနဲ့ ဗီဒီယို အတိုလေးရိုက်မယ်ပြောတော့ ရိုက်ပေးဖြစ်တယ်။ သူ့စိတ်ထားလေးလည်း မဆိုးဘူး ကောင်းတယ်။ ကျနော်တို့ အနုပညာထဲက လူတွေကို ကန်တော့နေတာ ကျနော် တွေ့တယ်”

“ဖြူဖြူထွေးက ရှေ့လျှောက် အောင်မြင်မှာပါ။ သူက ကြိုးစားတယ်။ မိန်းကလေးဖြစ်ပေမယ့် သူ့ဟာနဲ့ သူ အရှက်ကြောက် တရားကို ထိန်းသိမ်းပြီး လုပ်တတ်တယ်။ တချို့ရယ်စရာတွေက အရှက်အကြောက်ကင်းမှ လုပ်လို့ ဖြစ်တာလေ။ ကျနော်က Facebook ကောင်းကောင်း မသုံးတတ်ပေမယ့် ဗီဒီယိုလေးတွေ ကြည့်တာတော့ ကောင်းတယ်”လို့ ကောင်းစံက ပြောပါတယ်။

ကောင်းစံကတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တဦးဖြစ်သလို ဟာသ လူရွှင်တော် မိုးဒီရဲ့ သားလည်း ဖြစ်ပါတယ်။

You may also like these stories:

အနုပညာသက် ၆၀ ကျော်ပေမယ့် အကယ်ဒမီ မရသေးတဲ့ ဒေါ်စန်းစန်းဝင်း

Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး

COVID-19 ရောဂါ မပြန့်ပွားအောင် အိမ်မှာပဲ နေကြဖို့ မောင်မောင်အေး ပြော

The post “ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...