Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“365 Days” ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးနေပြီ

$
0
0

“365 Days” ရုပ်ရှင်မင်းသား Michele Morrone က အခုလတ်တလော လူပြောများနေတဲ့ လိင်အသားပေး ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းရှိလာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

အဲ့ဒီမူရင်း ရုပ်ရှင်ကို Netflix ကနေ ပြသခဲ့ပေမယ့် ဖယ်ရှားဖြုတ်ချပေးလို့ ဝေဖန်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။ “Fifty Shades of Grey” လို့ တင်စားကြတဲ့ အဲ့ဒီ ပိုလန်ရုပ်ရှင်ကို “365 DNI” လို့လည်း လူသိများပြီး လိင်အသားပေး ဇာတ်ဝင်ခန်းတွေ ပါဝင်မှုနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဇာတ်လမ်းအကြောင်းအရာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မူရင်းဇာတ်လမ်းထဲမှာတော့ ပိုလန်နိုင်ငံမှာရှိတဲ့ ဇိမ်ခံဟိုတယ်တခုရဲ့ အရောင်းဒါရိုက်တာ Laura Biel နဲ့ သူ့ကို ပြန်ပေးဆွဲခဲ့တဲ့ မာဖီးယားခေါင်းဆောင် Massimo Torricelli တို့ရဲ့ ဇာတ်လမ်းအကြောင်းအရာ ဖြစ်ပါတယ်။ Biel ဟာ မာဖီးယားခေါင်းဆောင်ရဲ့ ဗီလာထဲမှာ ထိန်းသိမ်းခံခဲ့ရပြီး အဲ့ဒီခေါင်းဆောင်ကို ချစ်ဖို့ အချိန် ၃၆၅ ရက် ရရှိခဲ့ပါတယ်။

ရုပ်ရှင်ပရိသတ်တွေကတော့ နောက်ဆက်တွဲဇာတ်လမ်း ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အခုတော့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း မင်းသား Michele က ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။

အီတလီမင်းသား Michele က အရှေ့အလယ်ပိုင်းမှာ သုံးကြတဲ့ မီဒီယာပလက်ဖောင်းဖြစ်တဲ့ HalaHi မှာ ပရိသတ်တဦးနဲ့ စကားပြောဆိုနေချိန် အခုလိုမျိုး သတင်းကို အတည်ပြုလုပ်တာဖြစ်ပါတယ်။ မင်းသားက “အဖြေကတော့ Yes ပါပဲ။ ကျနော်တို့ဟာ ဒုတိယအပိုင်းကို ရိုက်ကူးမှာပါ” လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရိုက်ကူးရေးကို ရပ်ဆိုင်းထားရမှာလားဆိုတဲ့ မေးခွန်းကိုလည်း မင်းသားက ဖြေဆိုခဲ့ပါတယ်။

သူက “ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ COVID – 19 ပြဿနာကြောင့် ကျနော်တို့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ ရိုက်ကူးမယ်ဆိုတာကတော့ သေချာပါတယ်” လို့ ဆိုပါတယ်။ Newsweek မီဒီယာရဲ့ အဆိုအရ “365 Days” နောက်ဆက်တွဲ ရုပ်ရှင်ရိုက်ကူးရေးကို ပထမဆုံးရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Sicilian ဒေသမှာ လာမယ့် သြဂုတ်လကျရင် ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Change.org မှာလည်း မုဒိမ်းမှုဆိုင်ရာ ယဉ်ကျေးမှုကို အားပေးရာရောက်တဲ့အတွက် Netflix ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေလည် တဖက်မှာ အရှိန်မြင့်လာခဲ့ပါတယ်။

Ref: metro

You may also like these stories:

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

ကလေးနို့ဘူးနဲ့ နို့သောက်နေဆဲလို့ ဖွင့်ဟလိုက်တဲ့ အင်ဒိုနီးရှားမင်းသမီး

“အလှအပနဲ့ အဖော်အချွတ်ပြတာမျိုး ဦးစားမပေးစေချင်ဘူး”

The post “365 Days” ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးနေပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...