Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပိုက်ဆံ မရင်းနှီးနိုင်လို့ Music Video မထွက်ခဲ့တာလို့ ဥက္ကာမင်းမောင် ပြော

$
0
0

အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က မြန်မာနိုင်ငံ ပြန်လာရင် သီချင်းအသစ်လေးတွေ ထွက်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သူရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။ အရင်က တကိုယ်တော်ခွေထွက်ခဲ့ဖူးပေမယ့် Music Video ရိုက်ကူးဖို့ ငွေကြေး မတတ်နိုင်တဲ့အတွက် မရိုက်ကူးဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

“သီချင်း အသစ်တပုဒ်တော့ ရေးပြီးပြီ။ အတီးကို အပ်ထားတယ်။ စာသားနည်းနည်း ကြမ်းမယ်။ EDM ပုံစံလေးပါ။ ရန်ကုန် ပြန်လာတဲ့အခါ သွင်းမယ်။ ကိုယ့်အရင် “18” အခွေလည်း Music Video တပုဒ်မှ မရိုက်လိုက်ရဘူး။ သီချင်းတွေတီးတာ ၁၈ ပုဒ် လောက် ရှိတယ်။ အခွေထဲထည့်တာ ၁၂ ပုဒ်ပါ”

“ပိုက်ဆံတွေ သိန်း ၂၀၀ နီးပါးလောက် ရင်းပြီး Music Video အတွက် ထပ်မရင်းနိုင်တော့လို့၊ Music video ရိုက်ဖို့ သူငယ်ချင်းအဆိုတော်တွေမေးကြည့်တော့ တပုဒ်ကို ရိုက်ကူးကုန်ကျစရိတ် အောက်ထစ် သိန်း ၂၀ လောက်ကျတယ်တဲ့။ အလင်းရောင်က သူ့သီချင်းတပုဒ် ပြင်ဦးလွင် တက်ရိုက်ထားတာ သိန်း ၆၀ လောက်ကုန်တယ် ဆိုတော့ ကိုယ့်မှာလည်း အမလေး တပြီး လက်လျှော့လိုက်တယ်”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။

“18” လို့ အမည်ရတဲ့ တကိုယ်တော် ပထမအခွေ ထုတ်ခဲ့တုန်းက အမှတ်တရတွေကိုလည်း ဥက္ကာမင်းမောင်က အခုလို ဆိုထားပါသေးတယ်။

“ငယ်ငယ်က ကာရာအိုကေတွေမှာ သရုပ်ဆောင်ခဲ့သလို စုံတွဲတွေ ဟိုပြေးဒီပြေး ရိုးရိုးကြီးတွေလည်း မရိုက်ချင်ဘူး။ ကိုယ်လုပ်ချင်တဲ့ အိုင်ဒီယာအဆန်းတွေ Production ပိုင်းတွေက ပိုက်ဆံကုန်ပေါက်တွေချည်းပဲ။ စိတ်လျှော့လိုက်ပါတယ်။ ခေတ်က အွန်လိုင်းပဲ တင်ရတဲ့ခေတ် ဆိုတော့ Music Video အတွက် သုံးတဲ့ပိုက်ဆံက ပြန်မှ မရတာလေ။ နာမည်ကြီး အဆိုတော် မဟုတ်တော့ ရှာရ ပိုခက်တယ်”

“ကံကောင်းလို့ အခွေထုတ်ပြီး နယ်ပွဲတချို့ လာငှားတော့ လိုက်ဆိုပြီး အခွေအတွက် သုံးခဲ့တာ ပြန်ရှာခဲ့တာ ၃ ပုံ ၁ ပုံ လောက်တော့ ပြန်ရခဲ့တယ်။ ဒါပေမဲ့ ကိုယ်က မြန်မာပြည်မှာ အမြဲနေတဲ့သူ မဟုတ်တော့ ပွဲတွေ လိုက်ဆိုဖို့ အဆင်မပြေပါဘူး။ ဘယ်နယ်မှလည်း ပရိုမိုးရှင်း မဆင်းနိုင်ခဲ့ဘူး။ နယ်တွေမှာ လက်မှတ်ထိုးဖို့က မင်းသား၊ မင်းသမီး၊ အဆိုတော်၊ သူငယ်ချင်းတွေကို စရိတ်စက တာဝန်ယူပြီး ခေါ်သွားရတာလေ” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဂီတကို ဝါသနာပါသူဖြစ်တာကြောင့် သီချင်းတွေကိုလည်း အွန်လိုင်းကနေ တင်ပေးမယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။

“အခွေရောင်းရတာထက် ပွဲလုပ်တဲ့စရိတ်တွေ အသုံးစရိတ်တွေက ပိုများတော့ မတတ်နိုင်ခဲ့ဘူး။ ဒီတခါတော့ Music Video လေးပါ ရအောင် ရိုက်မယ်။ ခေတ်ကာလက တပုဒ်ချင်းစီ အွန်လိုင်းတင်တဲ့ခေတ် ရောက်သွားတော့ ကောင်းပါတယ်။ ဝါသနာ ဝါသနာ၊ ဒီသီချင်းလေးကတော့ မြူးမြူးကြမ်းကြမ်း ညစ်တီးညစ်ပတ်လေးပေါ့”လို့ ဥက္ကာမင်းမောင် ကပြောပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေပြီး သူကတော့ Mister Tourism World 2016 Winner ဆုကို ရရှိ ပိုင်ဆိုင်ထားသူပါ။

အနုပညာလှုပ်ရှားမှုအနေနဲ့ သရုပ်ဆောင် အလုပ်ကော၊ ဂီတအလုပ်ပါ လုပ်ကိုင်ခဲ့ပြီး “18 Album” ဆိုတဲ့ တကိုယ်တော် အခွေလည်း ထွက်ရှိထားပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ “Dead Of Night” Short Film မှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

You may also like these stories:

“365 Days” ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးနေပြီ

ကလေးနို့ဘူးနဲ့ နို့သောက်နေဆဲလို့ ဖွင့်ဟလိုက်တဲ့ အင်ဒိုနီးရှားမင်းသမီး

ဝူဟန်မြို့အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်လာ

The post ပိုက်ဆံ မရင်းနှီးနိုင်လို့ Music Video မထွက်ခဲ့တာလို့ ဥက္ကာမင်းမောင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...