Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဂျီဟောသူမှာ ညိုထွေးဖြစ်ရင်ပဲ ကျေနပ်ပြီ”လို့ မေမီကိုကို ပြော

$
0
0

စာရေးဆရာမ စန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ရိုက်ကူးထားပြီး လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ကာရိုက်တာအရ ညိုထွေးဖြစ်ရင်ကိုပဲ ကျေနပ်ပြီလို့ မေမီကိုကိုက ဧရာဝတီကို ပြောပါတယ်။

“ညိုထွေးက အခုလက်ရှိ အချိန်ထိဆိုရင် မြိုင်လောက်တော့ မရှိသေးဘူး ခံစားရတယ်။ နောက်ပိုင်းဆက်ကြည့်ရဦးမယ်။ ညိုထွေးဖြစ်ရင်ကို ကျေနပ်ပါပြီ။ ဘာမှကြီးကြီးမားမားလည်း မမျှော်လင့်ထားပါဘူး။ ညိုထွေး ကာရိုက်တာမှာ ကိုယ့်ကို တာဝန်ကျေတယ်လို့ သတ်မှတ်ပေးရင်တော့ ကိုယ့်အတွက် ပီတိနဲ့ တာဝန်ကျေတယ်ပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုဆိုပြီး ပရိသတ်ရင်ထဲ ရောက်သွားစေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာတော့ ကာရိုက်တာအရမ်းမများတဲ့အတွက် သိဖို့လွယ်ခဲ့ပြီး “ဂျီဟောသူ” ထဲမှာတော့ ကာရိုက်တာတွေက များတာကြောင့် စန်းရှိတဲ့သူက ပိုနာမည်ရသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပျားရည်အိုင်ကကျတော့ ဇာတ်ကို ဆောင်တဲ့ သဘောပေါ့လေ။ ကာရိုက်တာတွေကလည်း အရမ်းကြီးမများဘူး။ ဒီမှာကျတော့ ကာရိုက်တာတွေ အရမ်းများတော့လေ။ စန်းရှိသလောက်ပေါ့လေ။ မေမီလည်း ပါတော့ပါနေတာပဲ။ ဒါပေမဲ့ Tempo တွေကျတော့ သက်သက်ကြီး ချော်ထွက်နေတာတွေ မရှိဘူး”

“အရမ်းကြီး ဇာတ်ကို ဆောင်သွားတာ မရှိဘူး။ တဖွဲ့လုံး ကြိုးစားထားတယ်။ အကုန်လုံးကို အသိအမှတ် ပြုစေချင်တယ်။ ဒီထဲမှာမှ စန်းရှိတဲ့သူ ဘယ်ကာရိုက်တာပဲဖြစ်ဖြစ် စန်းရှိတဲ့သူကတော့ ပိုနာမည်ရသွားမှာပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

ညိုထွေး ကာရိုက်တာကို လွန်ခဲ့တဲ့ ၁ နှစ်က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းတွဲအနေနဲ့ ပြန်မြင်ရတဲ့အခါမှာတော့ အထူးအဆန်းအနေနဲ့ ဖြစ်မိတယ်လို့ ဆိုပါတယ်။

“ညိုထွေး ကာရိုက်တာကို ရိုက်ခဲ့တာလည်း တနှစ်လောက်ရှိပြီဆိုတော့ ပြန်မြင်ရတော့ အထူးအဆန်းလည်း ဖြစ်တယ်။ မေမီတို့ ရိုက်တုန်းက တခြားသူတွေ ရိုက်တာကို မမြင်ရတဲ့ရက်တွေလည်း ရှိတယ်။ အခုကျတော့ ကိုယ်ရိုက်ထားတာပဲ မဟုတ်ဘူး။ အစုံမြင်ရတာကြောင့် အထူးအဆန်းဖြစ်တယ်။ အရင်ခေတ်ကို ကြည့်နေရသလိုပဲ။ အရင်ခေတ်ကို ပြန်ခံစားနေရတာပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲ ရိုက်ဖို့အတွက် လေ့ကျင့်မှုများ၊ ပြင်ဆင်မှုများစွာ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“မေမီတို့ဆိုရင် ဒီကားအတွက် ဘော်လီဘော သင်တန်းတွေ တက်ရတယ်။ ဆရာ ဦးငြိမ်းမင်းနဲ့လည်း Training တွေ၊ စကားအပြောအဆိုတွေ ကဗျာရွတ်တဲ့အခါ လေယူလေသိမ်းတွေ အဖြတ်အတောက်တွေပေါ့။ အဖြတ်အတောက်တွေကျတော့ မသိဘူးလေ။ ဒီခေတ် ကဗျာတောင် အဖြတ်အတောက်က ကောင်းကောင်း မသိဘူး။ အရင်ခေတ်က ကဗျာဆိုတော့ ဆရာနဲ့ မေးဖြစ်တာပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

ဆက်လက်ပြီး “မိတ်ကပ်ကျတော့ ဝတ္ထုထဲက အတိုင်းပဲလေ။ အစကတည်းက သေချာ စီစဉ်ထားတဲ့ပဲ။ ဘာမှ လိမ်းခွင့်မရှိဘူး။ ဘာမှ မလိမ်းရဘူးဆိုပေမယ့် အိမ်ကနေ မျက်နှာသစ်ပြီးသွားလို့လည်း မရဘူး။ ကင်မရာထဲမှာ မေမီတို့၊ အသားညီတာ၊ မညီတာက မတူတော့ တယောက်နဲ့ တယောက် တူသွားအောင် ဖောင်ဒေးရှင်းတို့ လိမ်းရတယ်”

“မျက်ခုံးမွေး ပေးမဆွဲဘူး။ ရှိတဲ့ မျက်ခုံးကိုလည်း မရိတ်ခိုင်းဘူး။ နှုတ်ခမ်းနီဆိုလည်း သဘာဝကျတဲ့အရောင်ပဲ ဆိုးရတယ်။ မျက်တောင်ဆိုရင် အဓိက မျက်လုံးနဲ့ သရုပ်ဆောင်ရတာဆိုတော့ နည်းနည်းပဲကော့ခိုင်းတယ်။ ကျန်တာက သနပ်ခါးပဲ။ ကာလာတွေခြယ်လို့ မရဘူး” လို့ မေမီကိုကိုက ပြောပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲကတော့ လက်ရှိအချိန်မှာတော့ အပိုင်း ၈ ပိုင်းအထိ ပြသပြီး ဖြစ်ပါတယ်။

You may also like these stories:

ပိုက်ဆံ မရင်းနှီးနိုင်လို့ Music Video မထွက်ခဲ့တာလို့ ဥက္ကာမင်းမောင် ပြော

“365 Days” ရုပ်ရှင် နောက်ဆက်တွဲ ဇာတ်လမ်းကို ဖန်တီးနေပြီ

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

The post “ဂျီဟောသူမှာ ညိုထွေးဖြစ်ရင်ပဲ ကျေနပ်ပြီ”လို့ မေမီကိုကို ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...