Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရက်သတ္တပတ်တပတ်ကြာ ပြုလုပ်မယ့် (၁၃) ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော်

$
0
0

Japan Image Council (JAPIC) မှ Agency of Cultural Affairs၊ ဂျပန်သံရုံးတို့နဲ့ ပူးပေါင်းပြီး နှစ်စဉ် ကျင်းပ လျက်ရှိတဲ့ (၁၃) ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရက်သတ္တပတ်ကြာ ကျင်းပပြုလုပ်မယ့် အဆိုပါ ရုပ်ရှင်ပွဲတော်အတွင်းမှာ တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူများနဲ့ နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူများရဲ့ရုပ်ရှင်ဇာတ်လမ်းတိုများ၊ ဇာတ်လမ်းရှည်များ၊ ကာတွန်းရုပ်ရှင်များ ပြသသွားမှာ ဖြစ်ပါတယ်။

“ဒီနှစ် ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာဖြစ်တာကြောင့် အရမ်း ဂုဏ်ယူမိပါတယ်။ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံကြား ဆက်ဆံရေးက အရင်နှစ်ပေါင်း များစွာကတည်းက တည်တံ့ခိုင်မြဲနေတာဖြစ်ပြီး ဒီ အစီအစဉ်က နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပိုမိုအားကောင်းလာစေဖို့ အထောက်အပံ့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂျပန်သံရုံးမှ အချက်အလက်နှင့် ယဉ်ကျေးမှုဆိုင်ရာ ပထမအတွင်းဝန် Mr. Yusuke Matsuoka က ပြောပါတယ်။

ယခု ပြုလုပ်တဲ့ (၁၃) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်တာဖြစ်ပြီး ယခင် ပွဲတော်များကို ကိုရီးယား၊ ဗီယက်နမ်၊ တူရကီ၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား နိုင်ငံများမှာ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပွဲတော်အတွင်း ဆန်းသစ်ပြီး လူကြိုက်အများဆုံးဖြစ်တဲ့ ဂျပန် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေ၊ ရိုမန်းတစ်၊ လူငယ် ဒရာမာ၊ အက်ရှင်ဇာတ်ကားတိုတွေနဲ့ Animation အမျိုးအစား ဇာတ်ကားများကိုု ပြသ သွားမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ ပြသရုံသာမက ရုပ်ရှင်ပွဲတော်တက်ရောက်လာတဲ့ ဒါရိုက်တာများရဲ့ ဟောပြောမှုများ၊ တက်ရောက်လာကြသူများရဲ့အမေးအဖြေကဏ္ဍများ အပါအဝင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန် အကူအညီပေးမယ့် အစီအစဉ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။

“ဒီ ရုပ်ရှင်ပွဲတော်မှာ ဂျပန်ရုပ်ရှင်ကား အမျိုးမျိုးကို ပြသသွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဂျပန် နိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုု ပိုမိုထိတွေ့ သိမြင်လာမှာဖြစ်တဲ့အတွက် အရမ်းအရေးပါတဲ့ အခွင့်အရေး တခု ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်ကိုု အကောင်အထည် ဖော်နိုုင်ဖို့နဲ့ မြန်မာပရိသတ်တွေ ပိုစိတ်ဝင်စားလာအောင် ပြသမယ့် ရုပ်ရှင်ကားတွေအားလုံးမှာ မြန်မာစာတမ်း ထိုးထားပါတယ်” လို့ JAPIC ရဲ့ ဥက္ကဌ Katsue Tomiyama က ပြောပါတယ်။

The post ရက်သတ္တပတ်တပတ်ကြာ ပြုလုပ်မယ့် (၁၃) ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...