Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ မျိုးကျော့မြိုင် ၏ A Night With Myo Kyawt Myaing ဂီတ ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၁၇.၂.၂၀၁၇ နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များမှာ ၁ သောင်းကျပ်မှ ၅ သောင်းကျပ် အထိ သတ်မှတ်ထားပြီး AES Myanmar: 09962901848၊ 0943151043၊ MM Tix 09782097436၊ 09451010789၊ 09965010789၊ မန်းသီရိ တေးသံသွင်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


၂။ ဇော်ဝင်းထွဋ်၊ ဝေလ၊ Big Bag၊ ဂျီလတ်၊ Idiots တို့ပါဝင်သော The Forever Alones Night Concert ဂီတပွဲကို ပြည်သူ့ ဥယျာဉ်၌ ၁၉.၂.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ် များကို ၁ သောင်း၊ ၃ သောင်း၊ ၆ သောင်းကျပ် စသည်ဖြင့် သတ်မှတ်ထားပြီး 09455573442၊ 09789504453 စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။

၃။ Wanted ဂီတအဖွဲ့၏ Wanted One Band Show ကို ကန်တော်ကြီး၊ မျှော်စင်ကျွန်း၌ ၁၈.၂.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ် ဈေးနှုန်းမှာ ၉ ထောင်ကျပ် ဖြစ်ပြီး မန်းသီရိတေးသံသွင်း၊ City Mart ဆိုင်ခွဲများ၊ Nobody ဆိုင်ခွဲများ၊ Pro Av Shop အမှတ် (၃၃၈) ဗညားဒလလမ်း၊ တာမွေ။ မျှော်စင်ကျွန်း (ကန်တော် ကြီး) တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Ferrovit တို့မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ၏ စတုတ္ထအကြိမ် အမျိုးသမီး လမ်းလျှောက်ပွဲကြီးကို သုဝဏ္ဏအားကစားကွင်းတွင် ၁၉.၂.၂၀၁၇ ရက်နေ့ မနက် ၄ နာရီမှ စတင် ပြုလုပ်သွားမည် ဖြစ်သည်။ ပါဝင်ဆင်နွှဲမည့် သူများသည် Ferrovit Myanmar Page (သို့မဟုတ်) SMS (09-2541 36128 ) သို့ အမည်၊ အသက်နှင့် မှတ်ပုံတင်နံပါတ်တို့ကို ပေးပို့ စာရင်းပေးသွင်းနိုင်ပြီး အကျွေးအမွေး အစီအစဉ်၊ အမှတ်တရလက်ဆောင် ပေးအပ်သည့် အစီအစဉ်များ အပြင် အခြားသော စိတ်ဝင်စားစရာ အစီအစဉ်ကောင်းများ လည်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။

၅။ Slam Express အချစ်ကဗျာရွတ်ပွဲကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ အနုပညာပြခန်း၌ ၁၈.၂.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် စတင် ပြုလုပ်သွားမည် ဖြစ်သည်။ ကဗျာရွတ်ပွဲတွင် မိမိရွတ်မည့် ကဗျာများကို ချစ်သူများနေ့ နောက်ဆုံးထား ၍ slamexpressofficial@gmail.com သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

၆။ပန်းချီအောင်ကျော်ဆန်း၏ RECENT WORKS ပန်းချီပြပွဲကို ပန်းပဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Cloud 31 Gallery တွင် ၁၈.၂.၂၀၁၇ မှ ၂၂.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရှမ်းပြည်၊ အထက်မြန်မာပြည် ရှုခင်း ပန်းချီကား ၃၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၇။ ရေဆေးပန်းချီဆရာ ၁၁ ဦး၏ ရသရေကြည် ရေဆေးပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) ပန်းချီပြခန်း တွင် ၁၅.၂.၂၀၁၇ မှ ၁၉.၂.၂၀၁၇ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေးပန်းချီကား ၆၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ ပန်းချီအောင်သန်း (မန္တလေး) ၏ ‘ရေ’ ပန်းချီပြပွဲကို နဝဒေးလမ်းရှိ Think Art Gallery တွင် ၁၃.၂.၂၀၁၇ မှ ၁၇.၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကား ၂၁ ကားပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၉။ Jazz under the stars ဂီတပွဲကို စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိ Atlas Rooftop Bar & Lounge တွင် ၁၅.၂.၂၀၁၇ ရက်နေ့ည ၇ နာရီမှစတင် ပြုလုပ်သွားမည် ဖြစ်သည်။ ပါဝင်ဆင်နွှဲမည့်သူများ info@atlas-myanmar.com သို့ ဆက်သွယ်စာရင်း ပေးနိုင်ကြောင်း သိရသည်။

၁၀။ တေးသံရှင် စည်သူလွင်နှင့် အိမ့်ချစ်တို့ ဖျော်ဖြေမည့် Valentine’s My Tune Live Session ကို ရွှေတိဂုံဘုရား (အနောက်ဘက်မုခ်) ရှိ Myanmar Culture Valley တွင် ၁၄.၂.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် စတင် ပြုလုပ် သွားမည် ဖြစ်သည်။ အခမဲ့ ဖျော်ဖြေပွဲဖြစ်ပြီး ပျော်ရွှင်စရာ အထူးအစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...