ဖေဖော်ဝါရီ ၁၄ ရက် က Single is the Best ဆိုတဲ့ Single သီချင်းကို online ကတဆင့် ပရိသတ်တွေကို လက်ဆောင်ပေးခဲ့တဲ့ သရုပ်ဆောင်မေမြတ်နိုးက သူ့ ပရိသတ်တွေကို မော်ဒယ်ပိုင်းနဲ့ ပတ်သက်ပြီး Surprise လုပ်ဦးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“မော်ဒယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ပရိသတ်ကြီးကို Supurise လုပ်စရာရှိပါတယ်။
စောင့်မျှော်ပြီးတော့ ရင်ခုန်ပေးကြပါဦး” လို့ မေမြတ်နိုးက ပြောပါတယ်။
သီချင်းဆိုတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လတ်တလောတွင် Single is the Best အပြင် အမှတ်တရနေ့ တခုခုမှာလည်း အွန်လိုင်းကတဆင့် သီချင်းတပုဒ် လက်ဆောင်ပေးဦးမယ်လို့ သူက ဆက်ပြောပါတယ်။
တကိုယ်တော်အခွေလည်း ပြင်ဆင်နေပြီး ၂၀၁၇ အတွင်း ထွက်နိုင်ဖို့ရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
မေမြတ်နိုးဟာ ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World 2014 အလှမယ်ဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Asia’s Next Top Model ပြိုင်ပွဲမှာလည်း Top 7 Final List အထိ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
The post ပရိသတ်ကို Surprise လုပ်ဦးမယ့် မေမြတ်နိုး appeared first on ဧရာဝတီ.