Marry me? လို့ အမည်ပေးထားတဲ့ အဆိုတော် မေ ရဲ့ တကိုယ်တော်တေးစီးရီး ထွက်နိုင်ဖို့ရန် ၅ နှစ်နီးပါး ဂယက်မျိုးစုံကြားထဲမှ အကောင်းဆုံး ဖန်တီးထားတာဖြစ်တယ်လို့ သရုပ်ဆောင်အဆိုတော် ‘မေ’ က ဧရာဝတီ ကို ပြောပါတယ်။
“ဒီအခွေက လုပ်နေတာ ၅ နှစ်နီးပါး ရှိနေပြီ။ ဒီအခွေက အရမ်းဂယက်ထလွန်းလို့ တချို့က ဂယက်တဲ့။ ဂယက်တွေကတော့ အခွေထွက်ပြီးတော့မှ ရှင်းသွားမှာပါ ” လို့ မေ ကပြောပါတယ်။
အဆိုပါ Marry me? ဆိုတဲ့ Audio CD ခွေကို Bo Bo Production မှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြန့်ချိမှာဖြစ်ပြီး ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်းစင်တာတွင် Promotion ပြုလုပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Marry me? တေးစီးရီးကို ဖန်တီးပေးထားတဲ့ တေးရေးဆရာတွေကတော့ ရွှေဂျော်ဂျော်၊ ဇဝါ၊ ရေမွန်၊ အောင်လ၊ ညီမင်းခိုင်၊ စည်သူမင်း၊ နေခြည်ထွန်းထွန်း တို့ဖြစ်ပြီး သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ကြောင်း သိရပါတယ်။

MTV ကိုတော့ သင်္ကြန် အပြီးတွင် နေရာအသစ်အဆန်းများနဲ့ အကောင်းဆုံး ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။
သရုပ်ဆောင်အဆိုတော် မေ ကတေးသီချင်းသီဆိုမှု အပိုင်းကို ဦးစားပေးလုပ်နေတာကြောင့် သရုပ်ဆောင်မှု အပိုင်းကို ခေတ္တခဏ ရပ်နားထားကြောင်းပြောပါတယ်။
The post ဂယက်တွေအများကြီးထဲက ဖြစ်လာတဲ့ Marry me? appeared first on ဧရာဝတီ.