Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရန်ကုန်မှာ အပတ်စဉ် တင်ဆက်ပြသနေတဲ့ “ရွှေဒေါင်းဆပ်ကပ်”

$
0
0

ဆပ်ကပ် ပွဲ ကြိုက်သူများအတွက် နိုင်ငံတကာ နာမည်ကြီး ဆပ်ကပ်ပညာရှင်များနဲ့ မြန်မာနိုင်ငံမှ မျက်လှည့် ပညာရှင်များ ပါဝင်တဲ့ “ရွှေဒေါင်းဆပ်ကပ်” ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ပြီး ဧပြီလ ၃၀ ရက်နေ့ အထိ အပတ်စဉ် ပြသနေပြီလို့ သိရပါတယ်။

အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့များမှာ ည ၈ နာရီ တကြိမ်နဲ့ စနေ၊ တနင်္ဂနွေနေ့များမှာ မနက် ၁၁ နာရီ၊ ညနေ ၃ နာရီ၊ ည ၈ နာရီ စုစုပေါင်း ၃ ကြိမ် ပြသနေတာ ဖြစ်ပါတယ်။

ပြသချိန် ၂ နာရီ ကြာမြင့်တာဖြစ်ပြီး ပြပွဲအတွင်းမှာ မီးမှုတ် ပြကွက်၊ ဘားတန်းခို ပြကွက်၊ ခွေးလိမ္မာ၊ ကြိုးတန်းလျှောက် ပြကွက်၊ စက်ဘီးစတန့် စတဲ့ ရင်သပ်ရှုမောဖွယ်ရာ ပြကွက်များနဲ့ Live Music Band တီးခတ်မှုများကို နိုင်ငံတကာမှ အနုပညာရှင်၊ အတတ်ပညာရှင်များက ဖျော်ဖြေတင်ဆက် ပြသလျက်ရှိပါတယ်။

“ရွှေဒေါင်းဆပ်ကပ်”ကို ပြင်သစ်မှ Freelance TV ဒါရိုက်တာ Régis Michel က ၂၀၁၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ဥရောပ၊ အာဖရိကနှင့် တောင်အမေရိကမှ အနုပညာရှင်များက တင်ဆက်ပြသ ဖျော်ဖြေနေခြင်း ဖြစ်ပါတယ်။

ရွှေဒေါင်းဆပ်ကပ်ကို နှစ်စဉ်နှစ်တိုင်း တင်ဆက် ဖျော်ဖြေသွားမှာဖြစ်ပြီး ရန်ကုန်မြို့အပြင် မြန်မာပြည်အနှံ့ အခြား နယ်မြို့များမှာပါ ဖျော်ဖြေနိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ ပညာရှင်များ ဝင်ရောက်ဖျော်ဖြေ တင်ဆက်နိုင်အောင် ဆပ်ကပ်ပညာရပ်များ သင်ကြားပေးမယ့် ဆပ်ကပ်ကျောင်း တည်ထောင် သွားမယ်လို့ သိရပါတယ်။

“ရွှေဒေါင်းဆပ်ကပ်ပွဲ” အတွက် လက်မှတ်များကိုတော့ နေ့စဉ် နံနက် ၉ နာရီမှ ၆ နာရီအထိ ပြည်သူ့ရင်ပြင်မှာ သွားရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဆပ်ကပ်ကို ပြည်သူ့ရင်ပြင်အတွင်း ရွှေဒေါင်းပြဇာတ်ရုံအတွင်းမှာ ပြသတာဖြစ်ပြီး လက်မှတ်ခ ဈေးနှုန်းတွေကတော့ မြန်မာငွေ ကျပ် ၅၀၀၀ (Standard) ၊ ၈၀၀၀ ကျပ် (Comfort)၊ ၁၄၀၀၀ ကျပ် (Superior)၊ ၂ သောင်းကျပ် (Premium) နဲ့ ၄ သောင်းကျပ် (Gold) ဆိုပြီး အစားအစား ရှိပါတယ်။

The post ရန်ကုန်မှာ အပတ်စဉ် တင်ဆက်ပြသနေတဲ့ “ရွှေဒေါင်းဆပ်ကပ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...