Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၇ အကောင်းဆုံး ဇာတ်ကားဆု Moonlight ရရှိ

$
0
0

၂၀၁၇ ခုနှစ် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုကို Moonlight ရုပ်ရှင်က ရရှိသွားကြောင်း တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အော်စကာ ဆုပေးပွဲမှာ ကြေညာပါတယ်။

ယင်း Moonlight ဇာတ်ကားမှာ မီယာမီမှ လူမည်းလူငယ် ဂေးတဦးရဲ့ ရပ်တည်နေထိုင်နိုင်ရေး ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းရပုံ အကြောင်း ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အဖြစ် “La La Land” ရုပ်ရှင်က ရရှိတယ်လို့ လွဲမှား ကျေညာခဲ့ပြီးနောက်မှ အမှန် တကယ် အကောင်းဆုံး ရုပ်ရှင်ဆု ဆွတ်ခူးသွားတာက Moonlight ရုပ်ရှင်ဇာတ်ကား ဖြစ်တကြောင်း ပြန်လည် ပြင်ဆင် ကြေညာခဲ့ရတာပါ။

La La Land ရုပ်ရှင်ကတော့ အော်စကာဆု ၆ ဆုအထိ ဆွတ်ခူးခဲ့ပြီး အော်စကာ သမိုင်းတလျှောက် ဆန်ခါတင် အများဆုံး ဝင်တဲ့ ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ ယင်း ဇာတ်ကားမှ အမ်မာစတုန်းက ဆွတ်ခူး ရရှိပါတယ်။

ဓာတ်ပုံ (from wikipedia.org)

အကောင်းဆုံး ရုပ်ရှင် – Moonlight

အကောင်းဆုံး မင်းသမီး – Emma Stone for ‘La La Land’

အကောင်းဆုံး မင်းသား – Casey Affleck for ‘Manchester By The Sea’

အကောင်းဆုံး ဒါရိုက်တာ – Damien Chazelle for ‘La La Land’

အကောင်းဆုံး Adapted ဇာတ်ညွှန်း – Barry Jenkins and Tarell Alvin McCraney for ‘Moonlight’

အကောင်းဆုံး Original ဇာတ်ညွှန်း – Kenneth Lonergan for ‘Manchester By The Sea’

အကောင်းဆုံး Original သီချင်း – ‘City Of Stars’ from ‘La La Land’ by Justin Hurwitz, Benj Pasek and Justin Paul

အကောင်းဆုံး Original Score – Justin Hurwitz for ‘La La Land’

အကောင်းဆုံး ရိုက်ကူးမှု – Linus Sandgren for ‘La La Land’

အကောင်းဆုံး Live Action Short – ‘Sing’ by Kristof Deak and Anna Udvardy

အကောင်းဆုံး Documentary Short – ‘The White Helmets’ by Orlando Von Einsiedel and Joanna Natasegara

အကောင်းဆုံး တည်းဖြတ် – John Gilbert for ‘Hacksaw Ridge’

အကောင်းဆုံး Visual Effects – Robert Legato, Adam Valdez, Andrew R Jones and Dan Lemmon for ‘The Jungle Book’

အကောင်းဆုံး Production Design – David Wasco and Sandy Reynolds-Wasco for ‘La La Land’

အကောင်းဆုံး Animated Feature – ‘Zootopia’ by Byron Howard, Rich Moore and Clark Spencer

အကောင်းဆုံး Animated Short – ‘Piper’ by Alan Barillaro and Marc Sondheimer

အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင် – ‘The Salesman’ by Asghar Farhadi

အကောင်းဆုံး ဇာတ်ပို့ အမျိုးသမီး – Viola Davis for ‘Fences’

အကောင်းဆုံး အသံရောနှောမှု – Kevin O’Connell, Andy Wright, Robert Mackenzie and Peter Grace for ‘Hacksaw Ridge’

အကောင်းဆုံး အသံတည်းဖြတ် – Sylvian Bellemare for ‘Arrival’

အကောင်းဆုံး Documentary Feature – Ezra Edelman and Caroline Waterlow for ‘O J: Made In America’

အကောင်းဆုံး အဝတ်အစား ဒီဇိုင်း – Colleen Atwoodfor ‘Fantastic Beasts and Where To Find Them’

အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင် – Alessandro Bertolazzi, Giorgio Gregorini and Christopher Nelson for ‘Suicide Squad’

အကောင်းဆုံး ဇာတ်ပို့ မင်းသား – Mahershala Ali for ‘Moonlight’

The post ၂၀၁၇ အကောင်းဆုံး ဇာတ်ကားဆု Moonlight ရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...