Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ World Lethwei Championship ‘The Great Beginning’ လက်ဝှေ့ပြိုင်ပွဲကို မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ရှိ Mingalardon Event Zone ၌ ၃.၃.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များမှာ ကျပ် ၃ သိန်း၊ ၂ သိန်း၊ ၁ သိန်း၊ ၅ သောင်း၊ ၂ သောင်းခွဲနှင့် ၁ သောင်း သတ်မှတ်ထားပြီး ၂၈.၂.၂၀၁၇ ရက်နေ့ အတွင်း ဝယ်ယူသူများအား တန်ဖိုး တဝက်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ပွဲလက်မှတ်များကို Hot Line – 09 779 100 100၊ 09 775 100 100၊ Door To Door Service – Flash Courier 09777714090၊ အောင်မြန်မာ Mobile &Money Changer (ပုဇွန်တောင် ရေကျော်) 09790222598၊ FOREVER FASHION SHOP (တော်ဝင်စင်တာ ဒုတိယထပ်)၊ BLISS GIRL COLLECTION(တော်ဝင်စင်တာ ဒုတိယထပ်)၊ JULIETSSECRET FASHION SHOP (ယုဇနပလာဇာတတိယထပ်)၊ မြရိပ်ညို Club HouseSport Bar(မြရိပ်ညို)၊ The GymCity (စမ်းချောင်း၊မြောင်းမြလမ်း) 09257070500 ၊ 0943389996 ၊ The Gym City (အလုံ ၊ နှင်းဆီလမ်း)၊ 09-73045239,01-2300168၊ သိမ်ဖြူလက်ဝှေ့ရုံ ၊ 09445764699၊ Transcond Martial Art 099 799 351 18 တို့တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

၂။ မြန်မာနိုင်ငံ၏ ပထမဆုံး International Classical Guitar Festival ကို ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် ၃.၃.၂၀၁၇ ရက်နေ့မှ ၄.၃.၂၀၁၇ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပွဲတော်တွင် နိုင်ငံတကာမှ ဖိတ်ခေါ်ထားသည့် ကလပ်စစ်ကယ် ဂီတပညာရှင်များနှင့် ပြည်တွင်းမှ နာမည်ကျော် ကလပ်စစ်ကယ် ဂစ်တာပညာရှင်များ ပါဝင်မည် ဖြစ်ပြီး၊ ကလပ်စစ်ကယ် ဂီတနှင့် ပတ်သတ်သော ဆွေးနွေး ဟောပြောမှုများ ၊ Master Class များ နှင့် ကလပ်စစ်ကယ်ဂစ်တာ ပြိုင်ပွဲများလည်း ပါဝင်မည် ဖြစ်ပါသည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး www.micgf.com.mm တွင် Register လုပ်ရန် လိုအပ်ကြောင်းသိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် – 09 43181103, 09 45 4500 445၊ အီးမေးလိပ်စာ – info@micgf.com.mm သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

၃။ ဂရမ်မီဆုရှင် ဗြိတိန်တေးရေးနှင့် အဆိုတော် Joss Stone ၏ A Magical Evening with Joss Stone ဂီတ ဖျော်ဖြေပွဲကို Kandawgyi Palace Hotel တွင် ၄.၃.၂၀၁၇ ရက်နေ့ ၈ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ လက်မှတ် တစောင်လျင် ကျပ် ၃ သောင်းခွဲ၊ ၆ သောင်းခွဲ သတ်မှတ်ထားပြီး www.shop.com.mm သို့ ဆက်သွယ်ဝယ်ယူ နိုင်ကြောင်း သိရသည်။

၄။ ၉ ကြိမ်မြောက် Rangoon Photo Festival ပွဲတော်ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံတွင် ၄.၃.၂၀၁၇ ရက်နေ့မှ ၁၉.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင်၂၀ ရာစု အစောပိုင်း တိုင်းရင်းသား လူမျိုးများ၏ ဓာတ်ပုံများ၊ ၁၉၇၀ ကျော်ခန့်က ရန်ကုန်မြို့၏ ဖက်ရှင်ပုံရိပ် ဓာတ်ပုံများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၃.၃.၂၀၁၇ ရက်နေ့ညတွင် ဓာတ်ပုံပြပွဲအကြို အဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုတော် ဂျီလတ်က ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

၅။ တို့ရန်ကုန် – တို့အိမ်ယာ အနုပညာယဉ်ကျေးမှု ပွဲတော်ကို ရန်ကုန်မြို့ရှိ ပန်းခြံများ၊ လူကူးခုံးကျော်များတွင် ၂၅.၂.၂၀၁၇ မှ ၁၂.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အနုပညာပွဲတော်တွင် အင်စတော်လေးရှင်း၊ ပန်းပု၊ ပန်းချီ၊ ကဗျာရွတ်ပွဲ၊ ဓာတ်ပုံပြပွဲ၊ မှတ်တမ်းရုပ်ရှင် ပြသခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

၆။ ထိုင်ဝမ်မှ စန္ဒရားပညာရှင် Ying-Hua Huang ၏ စန္ဒရားဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်း ရှိ Rose Garden Hotel တွင် ၅.၃.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ထိုင်ဝမ် စန္ဒရား ပညာရှင် Ying-Hua Huang သည် အခြား တူရိယာပညာရှင်များနှင့် တွဲဖက်ကာ ထိုင်ဝမ်၊ ရှရှား၊ ပြင်သစ်၊ တရုတ်၊ မြန်မာ ဂီတများကို ဖြေဖျော်သွားမည် ဖြစ်ကြောင်း သိရသည်။

၇။ ပန်းချီဆရာ ၂၄ ဦးပါဝင်သည့် နွေဦးကံ့ကော်ပန်းချီပြပွဲ (Nway Oo Gantgaw) ကို ချင်းချောင်း နန်းတော်ရှိ Myanmar Art Centre တွင် ၁.၃.၂၀၁၇ မှ ၅.၃.၂၀၁၇ အထိပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကံ့ကော် ပန်းချီကားပေါင်း ၁၀၀ ခန့် ပြသသွားမည် ဖြစ်ပြီး ပန်းချီကား ရောင်းရငွေ၏ ၂၅ ရာခိုင်နှုန်းကို မခင်နှင်းကြည်သာ ဦးဆောင်သည့် တကိုယ်တော် ပရဟိတသမားများ ကွန်ရက်သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ ‘ပန်းချီ’ အနုပညာပြခန်း ဖွင့်ပွဲနှင့် ပန်ချီဆရာ ၁၈ ဦးတို့၏ စိတ်ဖွင့်ခြင်း ပန်းချီပြပွဲ ကို အမှတ် ၂၄၆၊ အခန်းအမှတ် ၄၀၇၊ ပန်းဆိုးတန်းလမ်း၊ ပင်လုံထိပ်ထားကွန်ဒို (ဘီ)၊ တွင် ၂၅.၂.၂၀၁၇ မှ ၄.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ၊ လက်ရာစုံ ပန်းချီကား ၅၀ ခန့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၉။ ပန်းချီဆရာ ၁၃ ဦးပါဝင်သည့် Unison of Thirteen (Workshop & Exhibition) အနုပညာပွဲကို တက္ကသိုလ် ရိပ်သာလမ်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၁.၃.၂၀၁၇ မှ ၂.၃.၂၀၁၇ ရက်နေ့အထိ workshop ကို လည်းကောင်း၊ ၄.၃.၂၀၁၇ ရက်နေ့မှ ၈.၃.၂၀၁၇ ရက်နေ့အထိ Exhibition ကို လည်းကောင်းပြုလုပ် သွားမည် ဖြစ်သည်။ ပြပွဲ အစောပိုင်းရက်များတွင် အနုပညာဆွေးနွေးခြင်း၊ ပန်းချီရေးဆွဲခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်ရက်များတွင် ရေးဆွဲပြီးသော ပန်းချီကားများကို ပြန်လည် ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်းသိရသည်။

၁၀။ စွန့်ပစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုဖို့ ပညာပေး ရုပ်သံ အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့သူ မမြတ်သီရီကျော်၏ All About Love အင်စတော်လေးရှင်း ပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၄.၃.၂၀၁၇ မှ ၅.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ် တိုက်တွန်း ထားသည့် အင်စတော်လေးရှင်း အနုပညာလက်ရာများကို တွေ့မြင် ခံစားရမည် ဖြစ်သည်။ ။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...