Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ဆင်ဆာရဲ့တားမြစ်ခံရတဲ့ အနဂ္ဂရဲ့“ယားပြီ” သီချင်း အွန်လိုင်းတင်

$
0
0

အဆိုတော် အနဂ္ဂရဲ့ “ယားပြီ” ဆိုတဲ့ တေးသီချင်းကို ရုပ်ရှင်ဆင်ဆာအဖွဲ့က ဆင်ဆာမပေးခဲ့တဲ့ အတွက်“သင်္ကြန် Fever 2017” တေးစီးရီးထဲတွင် ထည့်သွင်းခွင့်မရတာကြောင့် အွန်လိုင်းပေါ်တင်ပြီး ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။

သင်္ကြန် Fever 2017 Audio CD ဟာ မတ်လ ၁၁ ရက်နေ့က ထွက်ရှိခဲ့တာပါ။
“ကျနော့်သီချင်းက သင်္ကြန်မှာ ရေဆိုရင် ယားတဲ့အကြောင်းဆိုတာပါ။ ဒါလည်း သင်္ကြန်လည်ဖူးသူတိုင်း ကြုံတွေ့ရတဲ့အရာပါ” လို့ အနဂ္ဂ က ဧရာဝတီကိုပြောပါတယ်။

ဆက်လက်ပြီး သူက “အဲဒီမှာ သီချင်းစာသားတလုံးချင်းစီကို ဘာကြောင့်ရေးတာလဲဆိုတာတွေပဲ အပြန် တလဲလဲ အဲဒီ အန်တီကြီးက မေးခွန်းတွေထုတ်ပါတယ်။ ကျနော်က ဒီ စာသားတွေက ကျနော် မွေးထုတ် ထားတဲ့ ကျနော့် ရင်သွေးစာသားတွေဖြစ်ကြောင်းပြောပြပါတယ်။ ပြင်ခိုင်းပါတယ်။ စာသားအသစ် အဓိပ္ပါယ်မတူတာနဲ့ လဲခိုင်းပါတယ်။ ကျနော်က အနုပညာလက်ရာဆိုတာ ပြန်ပြင်လို့မရတော့လို့ပါလို့ ပြောရပါတယ်။ ဥပမာတွေ များစွာ များစွာနဲ့ ခိုင်းနှိုင်းပြရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အနဂ္ဂက မတ်လ ၉ ရက်နေ့ ညနေ နေပြည်တော်ရုပ်ရှင်ရုံတွင် ရုပ်ရှင်ဆင်ဆာအဖွဲ့မှ တာဝန်ရှိသူ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၂  ဦးထံ သင်္ကြန်သီချင်းကို ပိတ်ပင်မှုအတွက် ခွင့်ပြုပေးရန်သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသီချင်းအားခွင့်မပြုခြင်းနဲ့ ပတ်သက်လို့ အနဂ္ဂ က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာတွင် “လွတ်လပ်မှုအပြည့်မရသေးတဲ့ တိုင်းပြည်မှာ စနစ်ဆိုးအမွေအနှစ်ကတော့ လက်တွေ့ခံစားလိုက်ရတာပဲ။ သူတို့ခွင့်မပြုလည်း ကိုယ့် Facebook မှာ ကိုယ်တင်မယ်။ နားထောင်ကြည့်ပေးစေချင်တယ်။ နောင်လာ နောက်သားတွေ ကျွန်တော်တို့ အခုကြုံတွေ့ခံစားနေရတဲ့ ဝဋ်တွေ ကျွတ်ပါစေတော့လို့ ဆုတောင်းပေး လိုက်ပါတယ်”လို့ ရေးသားထားပါတယ်။

“ယားပြီ” ဆိုတဲ့ သီချင်းကို အနဂ္ဂက မတ်လ ၁၂ ရက်နေ့တွင် သူ့ရဲ့ ဖေ့စ်ဘုတ်မှတဆင့် သီချင်းစာသားများနဲ့အတူ ပရိသတ်ကြီးကို ချပြခဲ့ပါတယ်။

“သင်္ကြန် Fever 2017” Album ထဲတွင် မျိုးကျော့မြိုင်၊ ဂရေဟမ်၊ အနဂ္ဂ၊ ဖြိုးကြီး၊ သားကြီး၊ ဇွဲပြည့်၊ ကော်နီ၊ သံသာဝင်း၊ ယုဇန၊ မေစပယ်ညို၊ ရှင်ဖုန်း၊ ရေဗက္ကဝင်း၊ ဂျင်းနီ၊ နန်းသီရိမောင်၊ ဝိုင်းလေး၊ ပန်းရောင်ခြယ် တို့ ပါဝင် သီဆိုထားပါတယ်။

The post ရုပ်ရှင်ဆင်ဆာရဲ့တားမြစ်ခံရတဲ့ အနဂ္ဂရဲ့“ယားပြီ” သီချင်း အွန်လိုင်းတင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ