Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ မြန်မာ၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်နှင့် သြစတြီးယား ၅ နိုင်ငံ ပါဝင်မည့် နိုင်ငံတကာမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့၊ သိမ်ဖြူရိုးရာ လက်ဝှေ့ရုံတွင် ၁၉.၃.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲတွင် ပွဲစဉ် ၈ ပွဲ ထိုးသတ်သွားမည် ဖြစ်ပြီး ပွဲလက်မှတ် ၁ စောင်လျှင် ကျပ် ၁ သောင်းမှ ၁ သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။ ဖုန်းနံပတ် ၀၉၂၅၄၂၁၄၁၆၀၊ ၀၉၇၉၆၂၈၅၂၄၄ သို့ ဆက်သွယ် ဝယ်ယူနိုင်ပါသည်။

၂။  နိုင်ငံကျော်အဆိုတော် ၂၀ ကျော်ပါဝင်မည့် ဂီတစာဆိုမောင်ကြေးမုံ ဂုဏ်ပြုအမှတ်တရ ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင်  ၁၇.၃.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်ကို ကျပ် ၅ ထောင်မှ ကျပ် ၃ သောင်းအထိသတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း ၊ ၁၈၇၆ လိုင်းခွဲ ၃ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

၃။   မြူးကြွသော ဂီတသံစဉ်များနှင့် ရေကစားအပန်းဖြေလိုသူများ အတွက် The Thingyan Boat Party  ခရီးစဉ်ကို  ၁၈.၃.၂၀၁၇  ရက်နေ့ ညနေ  ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင်မည် ဖြစ်ကြောင်း သိရသည်။ ပျော်ရွှင်စွာရေကစား အပန်းဖြေလျက်  ည ၈ နာရီ ၁၅ မိနစ် အချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ရောက်မည် ဖြစ်သည်။ ယင်းခရီးစဉ် အတွက် တဦးလျှင်  ၁ သောင်းခွဲ၊ ၂ သောင်းကျပ် သတ်မှတ်ထားပြီး ၀၉၄၂၀၁၈၀၂၁၄ သို့ ဆက်သွယ်မှာယူ နိုင်မည် ဖြစ်သည်။

၄။ Myanmar International Lighting Festival 2017 ပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် ၁၉.၃.၂၀၁၇ မှ ၃၀.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ရှုမငြီးစဖွယ် မီးရောင်စုံအလှအပများကို ချစ်ခင်သူများ နှင့် အတူပျော်ရွှင်စွာ ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၅။ အီတလီ နာမည်ကျော် စန္ဒရားပညာရှင် Maestro Nazareno ၏ Italy in Myanmar 2017 ဂီတဖျော်ဖြေပွဲကို ကမ်းနားလမ်းရှိ Strand Hotel တွင် ၂၂.၃.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ကမ္ဘာကျော် သီချင်းများ၊ အီတလီနိုင်ငံတွင် ထင်ရှားသော သီချင်းများကို တင်ဆက်သွားမည် ဖြစ်ပြီး အခမဲ့နားဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

၆။ Lady Dj Championship Myanmar 2017 ပြိုင်ပွဲမှ Top 5 Lady Dj များ၏ စွမ်းရည်ပြပွဲကို  သခင်မြ ပန်းခြံတွင် ၁၅.၃.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် တင်ဆင်သွားမည်ဖြစ်သည်။ ဒီဂျေ ဝါသနာပါသူများ အခမဲ့ ကြည့်ရှု အားပေးနိုင်မည် ဖြစ်ပြီး မိမိကြိုက်နှစ်သက်သည့် DJ ကိုမဲပေးနိုင် မည် ဖြစ်ကြောင်း သိရသည်။

၇။ Slam Express 7 ကဗျာရွတ်ဆိုပွဲကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ အနုပညာ ပြခန်းတွင် ၁၈.၃.၂၀၁၇ ရက်နေ့ညနေ ၆ နာရီခွဲမှ စတင်ကျင်းပသွားမည် ဖြစ်သည်။ မိမိရွတ်ဆိုမည့် ကဗျာများကို ဘာသာပြန်နိုင်ရန် အတွက် slamexpressofficial@gmail.com သို့ ၁၅.၃.၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။

၈။ အိန္ဒိယနိုင်ငံ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဝါးလက်မှုပညာပြပွဲ (Bamboo Craft Exhibition) ကို ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ၁၆.၃.၂၀၁၇ မှ ၁၈.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် ဝါးလက်မှုပညာ ဆိုင်ရာ ပစ္စည်းများကို ထုတ်ဖော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

၉။ ပန်းချီနေထွန်း၏ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် ၂၂.၃.၂၀၁၇ မှ ၃၁.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေး၊ အခရိုင်းလစ်ပန်းချီကား  ၄၀ ခန့်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

၁၀။ ပန်းချီ ဦးသန်းကြွယ်၏ THAN KYWE Generations ပြပွဲကို နှင်းဆီးကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင်ပန်းချီ ပြခန်းတွင် ၁၅.၃.၂၀၁၇ မှ ၁၉.၃.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆရာကြီး ဦးသန်းကြွယ်၏ လက်ရာများ အပြင် မိသားစုဝင်များ၏ လက်ရာများလည်း ပါဝင်မည်ဖြစ်ပြီး ရေဆေး၊အခရိုင်းလစ်ပန်းချီကား  ၆၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...