Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာရှင် သားအဖနှစ်ယောက် ဖန်တီးထားတဲ့ “ဝင်းဖေရဲ့ဘချယ်”

$
0
0

စွယ်စုံရပညာရှင် ဒါရိုက်တာ ဦးဝင်းဖေ ဖန်တီးထားတဲ့ “ဝင်းဖေရဲ့ဘချယ်” တေးသီချင်းကို သမီးဖြစ်သူ တေးသံရှင် မီမီဝင်းဖေ က သီဆိုထားကာ ဧပြီလ ၂၆ ရက်နေ့မှ စတင်ပြီး မေတ္တာလက်ဆောင်အနေနဲ့ အွန်လိုင်းကနေ ဖြန့်ချိ လိုက်ပြီလို့ သိရပါတယ်။

“သားအဖ ၂ ယောက်က တခါမှ အနုပညာကို တွဲမလုပ်ဖူးပါဘူး။ အဲဒီတော့ ပထမဆုံးတွဲလုပ်တဲ့ အမှတ်တရ လည်းဖြစ်တယ်။ ဖေဖေ့ကို ချစ်ကြတဲ့ ပရိသတ်တွေရယ် ကျမကိုအားပေးကြတဲ့ပရိသတ်တွေရယ်ကို လက်ဆောင်အနေနဲ့ပေးဖို့ စီစဉ်ထားတာပါ။

ဒီသီချင်းကတော့ ခေတ်ကာလအရ ကြာနေပြီဖြစ်တော့ အသုံးအနှုန်း တွေက ကွာဟနေပါတယ်။ ဒီသီချင်းလေးက မိသားစုအနေနဲ့ မှတ်တမ်းလေးတခုရှိချင်တဲ့အတွက် ဖန်တီးဖြစ်တာပါ။” လို့ တေးသံရှင် မီမီဝင်းဖေ က ပြောပါတယ်။

ဒီ သီချင်းကိုတော့ တေးသံရှင် မီမီဝင်းဖေက သူတို့မိသားစုရဲ့ မှတ်တမ်းတခုအနေနဲ့ သီဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဝင်းဖေရဲ့ဘချယ် သီချင်းကတော့ ရေသည်ဘချယ်ဆိုတဲ့လူက လူအများဆင်းရဲကျပ်တည်း ဖြစ်ရခြင်းအကြောင်း ကြံကြံဖန်ဖန်တွေးပြီး စဉ်းစားထားပုံကို သီချင်းကာတွန်းအဖြစ် ရေးသားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“လွန်ခဲ့ဲတဲ့ အနှစ် ၄၀ လောက်က ရယ်စရာသီချင်းတွေ အခုလောက်ခေတ်မစားသေးဘူး။ ဒီအချိန်မှာတော့ လူတွေနဲ့ နီးစပ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ဦးဝင်းဖေက ပြောပါတယ်။

ဝင်းဖေရဲ့ဘချယ် စာနယ်ဇင်းမိတ်ဆက်ပွဲမြင်ကွင်း

ဆက်လက်ပြီး အဆိုတော် မီမီဝင်းဖေက သီချင်းနဲ့ပတ်သက်လို့ လပေါ်သို့ လူများစတင် သွားရောက်ခဲ့ချိန် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ရေးသားခဲ့တဲ့ သီချင်းဖြစ်၍ သီချင်းစာသားထဲတွင် လပေါ်လူဆင်းသက်တဲ့အကြောင်း ငွေကျပ် ခြောက်ပြား ဆိုတဲ့ လက်ရှိခေတ်နဲ့ ကွာဟတဲ့ အသုံးအနှုန်းများလည်း ပါဝင်နေတယ်လို့ တေးသံရှင် မီမီဝင်းဖေက ပြောပါတယ်။

“ဝင်းဖေရဲ့ ဘချယ်” တေးသီချင်းကို Audio အနေနဲ့ အရင်ထွက်ရှိပြီး Music Video ကိုတော့ ဒါရိုက်တာဦးဝင်းဖေရဲ့ မြေးဖြစ်သူ ဒါရိုက်တာ ခင်မြန်မာအောင်က ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ တေးသီချင်းကို ဧပြီလ ၂၆ ရက်နေ့တွင် Myanmar Music Store မှာ Free Download ဖြင့် ရယူနိုင်ပြီလို့ သိရပါတယ်။

The post အနုပညာရှင် သားအဖနှစ်ယောက် ဖန်တီးထားတဲ့ “ဝင်းဖေရဲ့ဘချယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...