Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်းနိုင်ငံများမှ ပန်းချီဆရာများပါဝင်သည့် Peace & Love : East & West 2017 Art Exchange ပန်းချီပြပွဲကို သံလွင်လမ်းရှိ၊ NEW TREASURE ART GALLERY တွင် ၇.၅.၂၀၁၇ မှ ၁၁.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ယဉ်ကျေးမှု အနုပညာဖလှယ်သည့် အဆိုပါ ပန်းချီပြပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီမင်းဝေအောင်၊ ပန်းချီဦးမာလာ၊ ပန်းချီအောင်မင်း၊ ပန်းချီမိုးဝင်း၊ ပန်းချီမြင့်ဦး၊ ပန်းချီစိုးမြင့်စိန်၊ ပန်းချီသိန်းရွှေကြည်၊ ပန်းချီတင်မြင့်မောင်တို့၏ ပန်းချီကားများကိုလည်း ပါဝင်ပြသသွားမည် ဖြစ် ကြောင်းသိရသည်။

၂။ ကိုရီးယား ထိပ်တန်းအဆိုတော်များ ပါဝင်မည့် K-POP Festival in Myanmar ဂီတပွဲကို သင်္ဃန်းကျွန်း မြို့နယ်ရှိ Thuwunnabhumi Event Park တွင် ၆.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲလက်မှတ်များကို ၅ သောင်းကျပ်မှ ၃ သိန်းကျပ်အထိ သတ်မှတ်ထားပြီး လက်မှတ်များကို 1876 ၊ SHOP.COM.MM ၊ FLYMYA.COM တို့တွင် ဝယ်ယူနိုင် ကြောင်းသိရသည်။

၃။ ရုရှားလူငယ် ဂီတပညာရှင်နှစ်ဦး၏ Embassy of Musical Mastery ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၈.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဂီတ ဖျော်ဖြေပွဲတွင် ဂန္ထဝင်တေးဂီတများကိုဖျော်ဖြေသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရ သည်။

၄။ အသုံးအဆောင် ပစ္စည်းများနှင့် စားကောင်းသောက်ဖွယ်များ ရောင်းချသွားမည့် BKK Night Market ဈေးပွဲတော်ကို ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel တွင် ၅.၅.၂၀၁၇ မှ ၇.၅.၂၀၁၇ ရက်နေ့ အထိပြုလုပ်သွားမည် ဖြစ် ကြောင်းသိရသည်။

၅။ ဂျာမန် ဓာတ်ပုံပညာရှင် Birgit Neiser ၏ Catching the Light with Birgit Neiser ဓာတ်ပုံပြပွဲကို ဗိုလ်တထောင် မြို့နယ်၊ ၄၄ လမ်းရှိ Myanmar Deitta Gallery တွင် ၄.၅.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပြသထားသည့် ဓာတ်ပုံများပါဝင်သည့် ဓာတ်ပုံစာအုပ် မိတ်ဆက်ပွဲ ကိုလည်း ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

၆။ မိုးရာသီ မတိုင်ခင် နောက်ဆုံးအကြိမ် ပြုလုပ်သွားမည့် French (Love) Friday ပါတီပွဲကို ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှုဌာနတွင် ၅.၅.၂၀၁၇ ရက်နေ့ ည ၈ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ Blue၊ Alternative Rock၊ Heavy Rock နှင့် Indie ဂီတအမျိုးအစားများကို ဖျော်ဖြေသွားမည် ဖြစ်ပြီး ဝင်ကြေး ၈ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

၇။ ဒီဂျေတေးသံများနှင့်ကခုန်နိုင်မည့် Black Out Party ကို Inya Lake Hotel ရှိ Dj’s Bar တွင် ၆.၅.၂၀၁၇ ရက်နေ့ည ၁၀ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၁ သောင်းကျပ် သတ်မှတ်ထားပြီး ဖုန်းနံပတ် ၀၉၉၆၄၉၈၈၈၉၁၊ ၀၉၉၆၄၃၈၈၈၉၂၊ ၀၉၉၆၄၃၈၈၈၉၇ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။

၈။ လ တလ၏ ပထမဆုံး စနေနေ့တွင် ကျင်းပလေ့ရှိသည် Bollywood Party ပွဲကို တာမွေမြို့နယ်၊ နတ်မောက်လမ်းရှိ Club Rizzoli တွင် ၆.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ Bollywood တေးဂီတများနှင့် ထင်ရှားသည့် စားသောက်ဖွယ်ရာများ ရရှိနိုင်မည် ဖြစ်သည်။

၉။ ဆရာကောက်နွယ်ကနောင်၏ ညနေခင်းနဲ့ စီးချင်းထိုးမယ် ပန်းချီပြပွဲကို ယုဇနဥယျဉ်မြို့တော်ရှိ Eternal Art Gallery တွင် ၁.၅.၂၀၁၇ မှ ၂၈.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေးပန်းချီကား ၁၅ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။

၁၀။ ပန်းချီငြိမ်းချမ်းဆု၏ ခရီးသွားများပန်းချီပြပွဲကို ပုလဲကွန်ဒိုရှိ Studio Square တွင် ၆.၅.၂၀၁၇ မှ ၁၀.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီကား ၅၀ ခန့်နှင့်အတူ ဗီဒီယို အနုပညာ ပြကွက်များကိုလည်း ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles