“နွယ်နီ” သီချင်းနဲ့ ပရိသတ် သဘောကျ နှစ်ခြိုက်ခဲ့တဲ့ တေးရေးတေးဆို ညီမင်းခိုင်က အချစ်ရေး နဲ့ပတ်သက်ပြီး သူ့မှာ အချစ်ရှိပေမယ့် ချစ်သူမရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အချစ်ရေးကတော့ အချစ်ကရှိတယ် ချစ်သူကမရှိဘူး” လို့ သူက ဆိုပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ “အနောက်ဖက်က ထွက်တဲ့နေ” တေးစီးရီး DVD ဟာ မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ ကြိုးစားလာရတာ အချိန်တွေ ဘဝတွေ အများကြီးကို ရင်းနှီးပြီးကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန်တော့ အနုပညာကို ပရိသတ်အတွက်မပေးဆပ်ပါဘူး။ အဆိုပိုင်းမှာရော အရေးပိုင်းမှာပါ ကြိုးစားနေပါတယ်”လို့ ညီမင်းခိုင် ကပြောပါတယ်။
မေလ ၁ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့မှာတော့ ဖခင်ဖြစ်သူ ဦးပဉ္ဇင်းကို ဆွမ်းကပ်လှူဒါန်းကာ ဘုရားသွား ကုသိုလ်ယူကာ ဖြတ်သန်းခဲ့ပြီး မွေးနေ့ညနေပိုင်းမှာ ခရီးထွက်ခဲ့တယ်လို့ သိရပါတယ်။
The post အချစ်ရှိပေမယ့် ချစ်သူမရှိဘူးဆိုတဲ့ ညီမင်းခိုင် appeared first on ဧရာဝတီ.