အကွဲအပြဲတွေ အပျော်အပါးတွေနဲ့ပြည့်နှက်နေတဲ့ ဟောလိဝုဒ်မှာ Wrecking Ball ဆိုတဲ့ တေးသီချင်းနဲ့ ဆုတံဆိပ်များစွာရရှိခဲ့တဲ့ အဆိုတော် မိုင်လေဆိုင်းရပ်စ် (Miley Cyrus) နဲ့ The Hunger Games, Independence Day ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သြစတြေးလျ မင်းသားချော လီယမ်ဟမ်းစဝပ် (Liam Hemsworth) တို့လို ပြန်ပေါင်းထုတ်တဲ့ စုံတွဲအရေအတွက်ဟာ အနည်းအကျဉ်းသာရှိမှာပါ၊၊
ပရိသတ်တွေက ချစ်စနိုးနဲ့ #Miam ဆိုပြီး လူမူကွန်ရက်စာမျက်နှာတွေပေါ်မှာ သူတို့နာမည်နှစ်ခုကို ပေါင်းထားခြင်းခံရတဲ့ မိုင်လေနဲ့ လီယမ် တို့ဟာ ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့ပြီး ၂၀၁၆ အစမှာတော့ နှစ်ဦးသား ပြန်လည် လက်တွဲခဲ့ပါတယ်၊၊
ပြန်လည်အသက်ဝင်လာတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မိုင်လေက လီယမ်အတွက် ရည်ညွန်းပြီး သီဆိုထားတဲ့ သူ့ရဲ့ သီချင်းအသစ်ဟာလာမယ့် မေလ ၁၁ ရက်နေ့မှာ ဖြန့်ချိတော့မှာပါဆိုပြီး ဘေလ်ဘုတ်မဂ္ဂဇင်း(Billboard Magazine)အင်တာဗျူးတခုမှာ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်၊၊
ဒီတော့ မိုင်လေဆိုင်းရပ်စ်ကိုချစ်တဲ့ပရိသတ်အတွက် လာမယ့် မေလ ၁၁ရက်နေ့မှာ သူလက်ရှိကြုံတွေ့နေရတဲ့ အချစ်သီချင်းအသစ် တပုဒ် ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်၊၊
Ref: Teenvogue
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်သည်။
The post ချစ်သူအကြောင်းသီချင်းဆိုထားတဲ့ မိုင်လေဆိုင်းရပ်စ် appeared first on ဧရာဝတီ.