သရုပ်ဆောင် မင်းသမီး အမ်မာဝပ်ဆန် (Emma Watson) ကို မြန်မာပရိသတ်တွေ သိပြီးသားဖြစ်မှာပါ၊၊ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ကမ္ဘာကျော်ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတလက်ဖြစ်ပါတယ်၊၊
လတ်တလော သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ဆိုရင် ကမ္ဘာတဝှမ်းမှာ မကြာသေးမီက ရုံတင်ပြသသွားတဲ့ Beauty And The Beast ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိကနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ထရီးစ် ကီအားရား (Therese Kiara)အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တခုက အမ်မာနဲ့ အပြန်အလှန် ဗီဒီယိုခေါ်ဆိုပြီး စကားပြောခဲ့တယ်ဆိုတဲ့အကြောင်း ရိုက်ထားတဲ့ ဓာတ်ပုံ (screenshot) ကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။
“စာမေးပွဲအတွက် စာလုပ်နေတဲ့ ကျမကို အမေကဖုန်းခေါ်ပြီး သူ့အနောက်မှာ အမ်မာရှိနေကြောင်းပြောရင်း ကျမကိုကင်မရာကနေတစ်ဆင့် အားပေးစကားလေးပြောပေးဖို့ အမေတယောက် အမ်မာအနားကိုကပ်ပြီး မေတ္တာရပ်ခံခဲ့တယ်၊၊ အမ်မာလည်းမဆိုင်းမတွဘဲ ဟိုင်း…စာကြိုးစားပါနော်” ဆိုပြီး အားပေးခဲ့ပါတယ်။
အမ်မာနဲ့ စကားပြောခွင့်ရတာဟာ သူ့အတွက်တော့ ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးပါဆိုပြီး ထပ်မံရေးသားခဲ့တာပါ၊၊
အမ်မာအတွက်ကတော့ ဒါဟာ ပထမဆုံးမဟုတ်ပါဘူး၊၊ ဖေဖော်ဝါရီလတုန်းကလည်း အမ်မာဟာ နယူးယောက်မြို့ ဂရမ်းစင်ထရယ် ဘူတာမှာရှိတဲ့ ဆိုင်လေးတဆိုင်မှာ ၁ ဒေါ်လာပေးချေပါက သူူ့အကြောင်း သိလိုသမျှ မေးနိုင်ကြောင်း ခရီးသွားပြည်သူူများအတွက် ပျော်စရာ အစီအစဉ်တခု ဖန်တီးပေးခဲ့ပါသေးတယ်၊၊
Ref:Teenvogue
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်သည်။
The post ပရိသတ်ကိုလေလှိုင်းမှ အားပေးစကားပြောခဲ့တဲ့ အမ်မာဝပ်ဆန် appeared first on ဧရာဝတီ.