ကမ္ဘာကျော် ပေါ့ပ်နဲ့ R&B အဆိုတော် ဘီယွန်းဆေး (Beyoncé)ရဲ့ Lemonade Album တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ၂၀၁၇-၂၀၁၈ တနှစ်တာအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
အဆိုပါ ပညာသင်စရိတ်ကို Formation Scholars လို့ အမည်ပေးထားပြီး အမျိုးသမီးတွေအနေနဲ့ ဘောင်ထဲကနေမတွေးဘဲ ရဲရဲဝံ့ဝံ့ကိုယ်ပိုင်အတွေးနဲ့ တွေးနိုင်ဖို့ ရည်ရွယ်ပြီး ထောက်ပံ့တာဖြစ်ပါတယ်။
Beyoncé Website ရဲ့ အဆိုအရ ပညာသင်ဆုအနေနဲ့ အနုပညာ၊ ဂီတ၊ စာပေ ဒါမှမဟုတ် အာဖရိက-အမေရိက ဘာသာစကားသင်ကြားနေတဲ့ကျောင်းသူတွေ ဒါမှမဟုတ် ဘွဲ့ရပြီးသား ကျောင်းသူတွေကို ကောလိပ်တခုစီမှ တယောက်စီ ရွေးချယ်မှာလည်း ဖြစ်ပါတယ်။
ပါဝင်တဲ့ တက္ကသိုလ်တွေကတော့…
Berklee College of Music
Howard University
Parsons School of Design
Spelman College တို့ဖြစ်ကြပါတယ်။
ပညာသင်ဆုအနေနဲ့ ကျောင်းတကျောင်းကို တနှစ်လျှင် ဒေါ်လာ ၂၅,၀၀၀ ပေးအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်း ၄ ကျောင်းရဲ့ ကိုယ်ပိုင်အချက်အလက်တွေနဲ့ ဖော်ပြချက်တွေအရ ဘွဲ့မရသေးတဲ့ကျောင်းသူတွေအတွက် တနှစ်တာစရိတ်၊ ထောက်ပံ့ကြေးနဲ့ တခြားစရိတ်တွေဟာ ဒေါ်လာ ၄၀,၀၀၀ ကနေ ဒေါ်လာ ၇၀,၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
Spelman College ရဲ့ ပေ့ချ်မှာတော့ လျှောက်ထားတဲ့သူတွေဟာ အလုပ်နဲ့ပတ်သက်သော စာရွက်စာတမ်းများ၊ Beyoncé ရဲ့ Lemonade Album က သူတို့ရဲ့ ပညာရေး အိပ်မက်ကို ဘယ်လိုလှုံ့ဆော်ပေးသလဲဆိုတာတွေကို တင်ပြရမှာဖြစ်ပါတယ်။
လျှောက်ထားတဲ့သူတွေကလည်း GPA စုစုပေါင်း ၃.၅ နဲ့ အထက် ရှိရမှာဖြစ်ပြီး မေလ ၁၂ ရက်နေ့ထိ နောက်ဆုံးထားပြီး လျှောက်လွှာများကို လက်ခံပေးသွားမယ်လို့ ဆိုထားပါတယ်။
Ref: collegiatetimes.com
သုန္ဒြီ က ဆီလျော်အောင် ဘာသာပြန်သည်။
The post ဘီယွန်းဆေးက Formation Scholars ဆိုတဲ့ ပညာသင်စရိတ်ထောက်ပံ့ appeared first on ဧရာဝတီ.