အသက် ၁၉ နှစ်အရွယ်သာရှိပြီး Kylie Cosmetic တွေကို ထုတ်လုပ်ရောင်းချနေတဲ့ ဖက်ရှင်နဲ့ မော်ဒယ် Kylie ရဲ့ ဘဝ ပြောင်းလဲလာခဲ့ပါပြီ။
Kylie ဟာ သူ့ရဲ့ အရင်ရည်းစားဖြစ်သူ Tyga နဲ့ လေးနှစ်လောက် တွဲလိုက်ပြတ်လိုက်ဖြစ်ကာ နောက်ဆုံးမှာတော့ ဒေါ်လာ ၆ သန်းတန်တဲ့ သူ့ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှ အိမ်ကြီးကို စွန့်ခွာပြီး အသက် ၂၅ နှစ်အရွယ် ရက်ပ်ပါသမား Travis Scott နဲ့ တွဲနေတာပါ။
Travis က သူနဲ့ Kylie တို့ဟာ တကယ်ချစ်ကြတာပါလို့ သူ့ သူငယ်ချင်းတွေကို ပြောဆိုခဲ့မှုအပေါ် Us Weekly က ကိုးကား ဖော်ပြခဲ့ပါတယ်။
ကမ္ဘာကျော်အလှကုန်ပစ္စည်းတွေ ရောင်းနေသူ Kylie နဲ့ Texas မြို့သား ရက်ပ်ပါအဆိုတော် Travis တို့နှစ်ဦးဟာ ဧပြီလ ၁၄ ရက်နေ့မှာ စတင်ပြီး Travis ဖျော်ဖြေတဲ့ Coachella Valley Music and Arts ဖျော်ဖြေပွဲမှာ ပွဲဦးထွက်ခဲ့ကြပါတယ်။ Kylie ရဲ့ခဲအိုတော်စပ်သူ Kanye West ကိုအားကျနေတဲ့ Travis က ပွဲပြီးပြီးချင်းမှာပဲ Kylie ကို ချက်ချင်းနမ်းခဲ့တယ်လို့ ပရိသတ်တဦးက ပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး Kylie က Travis သွားတဲ့ Birds Eye View Tour နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေကိုပါ လိုက်အားပေးခဲ့ပါတယ်။
Ref : usmagazine
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်သည်။
The post Kylie Jenner နဲ့ Travis Scott တို့ရဲ့ ဒိတ်ဒိတ်ကြဲအချစ် appeared first on ဧရာဝတီ.