Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် ချမ်းချမ်း ကိုယ်ပိုင်သံစဉ်တေးစီးရီး ထွက်မည်

$
0
0

အသံချိုချိုအေးအေးနဲ့ ပရိသတ်သဘောကျ နှစ်ခြိုက်ခဲ့တဲ့ တေးသံရှင် ချမ်းချမ်းက သူ့ရဲ့ ၄ ခွေမြောက် တကိုယ်တော်တေးစီးရီးကို ဇွန်လ ၂၈ နေ့ရက်မှာ ထွက်ရှိတော့မယ်လို့ တေးသံရှင် ချမ်းချမ်းက ဧရာဝတီကို ပြောပါတယ်။

ဒီတေးစီးရီး တခုလုံးကို ကိုယ်ပိုင်သံစဉ် သီချင်း ၁၀ ပုဒ်ဖြင့် ဖန်တီးထားပြီး Audio အနေနဲ့ အရင်ဆုံး ထွက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အမရဲ့ ၄ ခွေမြောက်အခွေကို IC နဲ့ တီးနေတယ်။အဲ့ဒါကိုတော့ ဇွန်၂၈ လောက်ထွက်ဖို့မှန်းထားတယ်။ တေးရေးက အသစ်တွေချည်းပါပဲ။ သီချင်းတွေကလည်း ဆိုနေကျပုံစံလေးတွေရော ပုံစံပြောင်းထားတာလေးတွေလည်းပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော ကြိုက်တဲ့ပုံစံလေးတွေပါ” လို့ ချမ်းချမ်းက ပြောပါတယ်။

တေးသံရှင်ချမ်းချမ်းက သူ့ရဲ့ပရိသတ်များကို “အခုချိန်ထိအားပေးနေတာကို ကျေးဇူးတင်ပါတယ်။ အမက အခုချိန်မှာ သမီးလေးကလည်း တဖက်နဲ့ဆိုတော့ အနုပညာကိုတတ်နိုင်သမျှ အကောင်းဆုံးလုပ်ချင်တဲ့အတွက် အခွေလေး တွေက ထွက်ဖို့က ကြာနေတာပေါ့။ ဒီတခွေက IC နဲ့ တီးထားတဲ့အတွက် ဆရာချစ်စမ်းမောင်ကလည်း Mixxing ဆွဲပေးမယ်ဆိုတော့ အချိန်တခုကပေးရတာကိုး။ ထွက်လာရင်လည်း ပရိသတ်တွေကြိုက်မယ့် အရင်ကနဲ့မတူတဲ့ သီချင်းလေးတွေရော ပရိသတ်အကြိုက်လည်း ထည့်ထားတဲ့အတွက် လူကြီးရော လူငယ်ရော ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဆိုတော် ချမ်းချမ်းဟာ မယ်လိုဒီဝေါလ် သီချင်းအဆိုပြိုင်ပွဲမှတဆင့် ပရိသတ်သဘောကျနှစ်ခြိုက်တဲ့ အဆိုတော်တယောက်ဖြစ်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ မိခင်တယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ရှိခဲ့ပြီးတဲ့ တကိုယ်တော် တေးစီးရီးတွေကတော့ “တကယ်ဆိုရင်အချစ်ပဲလိုတယ်”၊ “သိပ်ချစ်တယ်အရမ်းမုန်းတယ်”၊ “အိပ်မက်” တို့ဖြစ်ပါတယ်။

လာမယ့်နှစ်မှာလည်း သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း ချမ်းချမ်းကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

The post အဆိုတော် ချမ်းချမ်း ကိုယ်ပိုင်သံစဉ်တေးစီးရီး ထွက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles