Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗုံးပေါက်ကွဲမှုအပြီး မျက်ရည်တွေနဲ့ အိမ်ပြန်ခဲ့ရတဲ့ အဆိုတော်မလေး

$
0
0

အသက် ၂၃ နှစ်အရွယ် အမေရိကန်ပေါ့ပ်အဆိုတော်မလေး Ariana Grande ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ တခုမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအပြီးမှာ Ariana ရဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်ရပြီး အဆိုတော်မလေးကို အားပေးတဲ့အနေနဲ့ သူ့ရဲ့ တေးသီချင်းတပုဒ်ဖြစ်တဲ့ Dangerous Woman သီချင်းမှ Logo ယုန်နားရွက်ပုံစံ ဖဲကြိုးအနက်ရောင် များကို လူမှုကွန်ရက်များဖြစ်သော Twitter နဲ့ Tumblr တို့မှာ တင်ခဲ့ကြတယ်လို့ Daily Mail သတင်းက ဆိုပါတယ်။

ယုန်နားရွက်ပုံစံဖဲကြိုးအနက်ရောင်

“အားလုံးက သူ့ရဲ့အမှားမဟုတ်ပါဘူး။ သူလည်း မိသားစုတယောက်ပါပဲ။ အဲဒီညမှာ ငါတို့အားလုံး ညီအစ်ကိုတွေ ညီအစ်မတွေ ဆုံးရှုံးခဲ့ရပါတယ်” လို့လည်း Twitter မှာ အားပေးခဲ့ကြပါတယ်။

ဒါ့အပြင် အနုပညာရှင်များဖြစ်ကြတဲ့ Taylor Swift, Katy Perry,Harry Styles,Selena Gomez တို့ကလည်း သူတို့အနေနဲ့ ဝမ်းနည်းကြောင်း Twitter မှာ ရေးသားထားကြပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး အမိနိုင်ငံကို ပြန်လာခဲ့တဲ့ Ariana Grande

အဆိုတော် Taylor Swift က သူငယ်ချင်းဖြစ်သူ Ariana ကို အိမ်ကိုမြန်မြန်ပြန်ရောက်စေချင်တဲ့ ဆန္ဒနဲ့ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ငှားရမ်းခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ Ariana ဟာ ခရီးလမ်းတလျှောက်လုံး ငိုလာခဲ့ပြီး လေယာဉ်က အဆင်းမှာ သူ့ရဲ့ချစ်သူဖြစ်သူ အဆိုတော် Mac Miller က စောင့်ဆိုင်းနေကာ သူကိုတွေ့တွေ့ချင်း ပွေ့ဖက်အားပေးခဲ့တယ်လို့ သိရပါတယ်။

တစုံတရာ ထိခိုက်မှုမရရှိခဲ့တဲ့ Ariana က ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စိတ်ထိခိုက်ကြေကွဲခဲ့ရကာ သူ့ရဲ့ Twitter မှာလည်း တစုံတရာ ပြောစရာစကားမရှိကြောင်းနဲ့ အားလုံးကိုတောင်းပန်ကြောင်း ရေးသားထားခဲ့ပါတယ်။

Ariana ဟာ သူ့ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးရင်း သေဆုံးသွားကြတဲ့ ပရိသတ်တွေရဲ့နာရေးကို အစအဆုံး တာဝန်ယူပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။

သေဆုံးသွားတဲ့ ပရိတ်သတ်တွေထဲမှာ အသက်အငယ်ဆုံး ၈ နှစ်အရွယ် မိန်းကလေးငယ် Soffie Roussos နဲ့ ၁၅ နှစ် အရွယ် မိန်းကလေး Olivia Campbell တို့ ပါဝင်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ နောက်ဆုံးသီချင်းဖျော်ဖြေမှုအပြီး မန်ချက်စတာကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီးပြီးချင်းမှာပဲ ဖြစ်ပွားခဲ့တယ်လို့ ပရိသတ်တဦးက ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ခုံပေါင်း ၂၁,၀၀၀ ဆံ့တဲ့ ဥရောပရဲ့အကောင်းဆုံးနဲ့ အကျယ်ဆုံးဖြစ်တဲ့ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အားကစားကွင်းမှာ ဖြစ်ပွားခဲ့ကာ သေဆုံးသူပေါင်း ၂၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

Ariana Grande ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ စတင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကနေ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတွေအပါအဝင် ဘရာဇီး၊ ချီလီ၊ အာဂျင်တီးနား၊ ကိုစတာရီကာ၊ မက်ဆီကို၊ ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ နယူးဇီလန်နဲ့ သြစတြေးလျ အထိ ဖြစ်တယ်လို့ သိရပါတယ်။

Ref : voa/daily mail

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဗုံးပေါက်ကွဲမှုအပြီး မျက်ရည်တွေနဲ့ အိမ်ပြန်ခဲ့ရတဲ့ အဆိုတော်မလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ