Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကင်ဆာရောဂါတမျိုး ခံစားနေရတဲ့ ကင်ဝူဘင်

$
0
0

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Heirs ရုပ်သံဇာတ်လမ်းတွဲနဲ့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Uncontrollably Fond ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ မြန်မာပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့တဲ့ ကိုရီးယားသရုပ်ဆောင် ကင်ဝူဘင်က မေလ ၂၄ ရက်နေ့မှာ စိတ်မကောင်းစရာ သတင်းတခုကို သူရဲ့ပရိသတ်တွေအား အသိပေးပြောကြားခဲ့ပါတယ်။

အဲဒါကတော့ သူ့မှာ Nasopharynx ကင်ဆာ ဖြစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Nasopharynx ကင်ဆာ ဆိုတာကတော့ ဦးခေါင်းနဲ့လည်ပင်းပိုင်ဆိုင်ရာ ကင်ဆာရောဂါ တမျိုးဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြား ကျန်းမာရေးဝက်ဆိုဒ်တခုဖြစ်တဲ့ Web MB ရဲ့ အဆိုအရ ၎င်း ကင်ဆာရောဂါဟာ လည်ပင်းနဲ့နှာခေါင်း အစိတ်အပိုင်း တွေက စတင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်ဝူဘင်ဟာ ကုသမှုတွေကို ချက်ချင်းခံယူမယ်ဆိုရင်တော့ ရောဂါပျောက်ကင်းမှာဖြစ်ကြောင်းလည်း သတင်းက ဆိုပါတယ်။

ကင်ဝူဘင်အနေနဲ့ ကင်ဆာဝေဒနာခံစားနေရတဲ့ သတင်းနဲ့ပတ်သက်ပြီး သူရဲ့အေဂျင်စီဖြစ်တဲ့ SidusHQ ကလည်း မီဒီယာများကို အတည်ပြုပေးခဲ့ပါတယ်။

“လူတိုင်း ကင်ဝူဘင်ရဲ့ ကင်ဆာရောဂါအကြောင်းကိုု သိပြီးဖြစ်မှာပါ။ ကင်ဝူဘင်က အလုပ်တွေကို နောက်ကျတဲ့ အချိန်တွေထိ မအားမလပ်လုပ်ခဲ့ပြီး သူ့ ခန္ဓာကိုယ်မကောင်းတော့မှ ဆေးရုံသွားခဲ့တာပါ။ အဲခါကျမှ ဆေးရုံက Nasopharynx ကင်ဆာဖြစ်နေကြောင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ကံကောင်းတာကတော့ ကုသဖို့အတွက် အခြေအနေက နောက်မကျသေးတာပါပဲ။ သူ့ပရိသတ်တွေကို ပြောချင်တာကတော့ ကင်ဝူဘင်ဟာ ကုသမှုကို ကောင်းမွန်စွာခံယူပြီး အကောင်းဆုံုးအခြေအနေနဲ့ ပရိသတ်တွေဆီကို ပြန်ရောက်လာမှာဖြစ်တယ်” လို့ သူ့ရဲ့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ကင်ဝူဘင်ဟာ လက်ရှိမှာ အသက်၂၇ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်မှစတင်ကာ သရုပ်ဆောင် မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာပရိသတ်တွေ စတင်သတိထားမိလာခဲ့တာကတော့ “The Heirs” နဲ့ “Uncontrollably Fond” ဆိုတဲ့ ဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။ အဲဒီနောက် ကင်ဝူဘင်ဟာ၂၀၁၃ ခုနှစ် SBS Drama Awards ဆုပေးပွဲမှာ The Heirs ရုပ်သံဇာတ်လမ်းတွဲဖြင့် Popular Foreign Actor ဆုနဲ့ Top 10 Stars ဆုတို့ကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် 35th Blue Dragon Film Awards ပွဲမှာ Friend:The Great Legacy ဇာတ်ကားဖြင့် Pouplar Star Award ဆုတို့ကို ရရှိခဲ့ဖူးကာ နောက်ထပ် ဆုတံဆိပ်ပေါင်းများစွာ ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတယောက်ဖြစ်ပါတယ်။

Ref: koreaboo

ဧပရယ်ဆု ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ကင်ဆာရောဂါတမျိုး ခံစားနေရတဲ့ ကင်ဝူဘင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link