Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကောလဟလတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အဆိုတော် ရဲရင့်အောင်

$
0
0

လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် သရုပ်ဆောင် အဆိုတော် ရဲရင့်အောင်က “သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” အမည်ရှိ သီချင်းထွက်ဖို့ရှိတယ်ဆိုတဲ့ စာကြောင်း ရေးတင်ထားသည်မှာ မဟုတ်မှန်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ပေါ်မှတဆင့် ငြင်းဆိုလိုက်ပါတယ်။

အဆိုပါ စာကြောင်းမှာ ယနေ့ နေ့လည် ၁၂ နာရီကျော်လောက်က ရဲရင့်အောင်အမည်နဲ့ ဖေ့ဘွတ် Screen Shot ပုံစံဖြင့် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပါတယ်။

“တချို့တွေအားပါတရ ဝိုင်း Share နေတဲ့ Screen Shot အယောင်ဆောင်ထားတဲ့ပုံမှာ ရေးထားတဲ့စာတွေက ကျနော် အရေးအသားမဟုတ်ဘူးဆိုတာ ကျနော့် YamilY တွေကိုတော့ ရှင်းပြစရာလိုမယ်မထင်ပါဘူး။ ကျနော်ပြဿနာတွေ ခပ်ဝေးဝေးမှာ နေနေခဲ့တာကြာပါပြီ”လို့ ရဲရင့်အောင်က သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး သူက “အထူးသဖြင့် ပြဿနာဖြစ်စေမယ့် စကားလုံးတွေ၊ တစုံတယောက်၊ အဖွဲ့အစည်းတခုခုကို ထိခိုက်နစ်နာစေမယ့် စကားလုံးတွေနဲ့ ကျနော်ဝေးအောင်နေနေတာပါ။ အခုလည်း ကျနော်ကို လက်ညှိုး ထိုးချင်စိတ်များပြီး မိမိတို့ရဲ့ဆင်ခြင်တုံးတရားကို အမှောင်ချပစ်လိုက်တာမျိုးလည်း မဖြစ်စေချင်လို့ပါ”လို့လည်း ရေးသားထားပါတယ်။

ရဲရင့်အောင်ဟာ လူမှုကွန်ရက်ပေါ်တွင် သူ့ရဲ့ နှလုံးသားရေးရာကိစ္စနဲ့ ပတ်သက်လို့ လူအများရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ သူတဦးဖြစ်ပါတယ်။

မကြာသေးမီက ချစ်သူဟောင်းဖြစ်တဲ့ သရုပ်ဆောင် သဉ္စာနွယ်ဝင်းတယောက် အိမ်ထောင်ပြုသွားတဲ့အပေါ် ရေးသားထားတဲ့ အသည်းကွဲသီချင်းတပုဒ်လို့ အများက ထင်မြင်မှတ်ယူထားသော “ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်” ဆိုတဲ့ တေးသီချင်းဟာလည်း ပရိသတ်တွေအကြား နာမည်ကြီးခဲ့ပါတယ်။

အခုလည်း သဉ္စာနွယ်ဝင်းဟာ လက်ရှိအိမ်ထောင်ဖက်နဲ့အတူ သားဦးလေး ဖွားမြင်တော့မယ်ဆိုတဲ့ သတင်းများ တက်လာပြီးနောက် ယခုလို အဖြစ်မျိုးကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုတော် ရဲရင့်အောင်ဟာ သူ့ရဲ့ချစ်သူဟောင်း သဉ္ဇာနွယ်ဝင်းနဲ့ အချိန်အတိုင်းအတာတခုအထိ လက်တွဲခဲ့ကြပြီးနောက် အကြောင်းကြောင်းကြောင့် ပြတ်ဆဲခဲ့ကြပါတယ်။

The post ကောလဟလတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အဆိုတော် ရဲရင့်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles