Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် ရှကီရာ ရဲ့ ၁၁ ခွေမြောက် တေးအယ်လ်ဘမ်သစ် ထွက်ရှိ

$
0
0

အသက် ၄၀ အရွယ် ကိုလံဘီယာအဆိုတော် ရှကီရာ (Shakria) ဟာ သုံးနှစ်နီးပါး အနုပညာလောကကနေ ပျောက်သွားပြီးမှ သူ့ရဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။

သူ့ရဲ့ ၁၁ ခွေမြောက် အယ်လ်ဘမ်ဖြစ်တဲ့ El Dorado ကို ဒီနေ့ မေလ ၂၆ ရက်နေ့မှာ ထွက်ရှိလာတာပါ။ ဒီအကြောင်းကို သူ့ရဲ့ Twitter မှတဆင့် အသိပေးပြောကြားခဲ့တာပါ။

အဆိုပါ တေးအယ်လ်ဘမ်ထဲက တေးသီချင်းနှစ်ပုဒ်ဖြစ်တဲ့ Chantaje နဲ့ Me Enamore’ ဟာ အရင်ဦးစွာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Chantaje သီချင်းကတော့ Billboard မှာ နံပတ် ၅၁ နေရာချိတ်ခဲ့ကာ Me Enamore’ သီချင်းကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ ထွက်ရှိခဲ့ကာ စပိန်နိုင်ငံမှာ နံပတ် ၅ နေရာ ချိတ်ခဲ့ပါတယ်။

El Dorado အယ်လ်ဘမ်မှာ ပါဝင်မယ့်သီချင်းများကတော့
1. Me Enamoré
2. Nada
3. Chantaje (feat. Maluma)
4. When a Woman
5. Amarillo
6. Perro Fiel (feat. Nicky Jam)
7. Trap (feat. Maluma)
8. Comme Moi (Black M & Shakira)
9. Coconut Tree
10. La Bicicleta (Carlos Vives & Shakira)
11. Deja Vu (Prince Royce & Shakira)
12. When We Said (Comme Moi) [feat. MAGIC!]
13. Toneladas
14. Everything I Want (Gwen Stefani) တို့ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ နောက်ဆုံး အယ်လ်ဘမ်ထွက်ရှိပြီးကတည်းက လုံးဝပျောက်သွားခဲ့တဲ့ အဆိုတော် ရှကီရာကို သူ့ရဲ့ ပရိသတ်တွေက အတော်လေး စိတ်ပူခဲ့တာပါ။

ရှကီရာဟာ ၂၀၀၁ ခုနှစ်မှာ အင်္ဂလိပ်ဘာသာအသံဖြင့် ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ၃ ခု မြောက် တေးအယ်ဘမ်ထဲက Whenever,Whenever သီချင်းနဲ့ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိခဲ့တာပါ။ သူသီဆိုထားတဲ့ ၂၀၁၀ ကမ္ဘာဖလားဘောလုံးပွဲရဲ့ Waka Waka သီချင်းဟာလည်း ကမ္ဘာ့ဖလားဘောလုံးပွဲသီချင်းတွေထဲက အကောင်းဆုံးနဲ့ အရောင်းရဆုံးသီချင်း ဖြစ်ခဲ့ပါတယ်။ Youtube တွင် ကြည့်ရှုသူဦးရေ သန်းပေါင်းထောင်ချီခဲ့ပြီး အကြည့်အများဆုံး သီချင်းဗီဒီယိုုဖြစ်ခဲ့ပါတယ်။ ၂၀၁၄ မှာ ထွက်ရှိခဲ့တဲ့ Rihanna နဲ့ တွဲဖက်သီဆိုထားတဲ့ သူရဲ့ ၁၀ ခုမြောက် တေးအယ်လ်ဘမ်ထဲက Can’t Remember to Forget You သီချင်းဟာလည်း နာမည်ကြီးခဲ့ပါတယ်။

ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး Forbes မဂ္ဂဇင်းမှ ရွေးချယ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာအစွမ်းအစအရှိဆုံး အမျိုးသမီးများထဲမှ ၅၈ ယောက်မြောက်နေရာတွင် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ စပိန်ဘောလုံးသမား Gerard Pique နဲ့ Waka Waka တေးသီချင်း ဗီဒီယိုရိုက်ကူးရင်းတွေ့ဆုံခဲ့ကာ ယခုဆိုရင် ၄ နှစ်အရွယ် သားငယ် Milan Pique Mebark နဲ့ ၂ နှစ်အရွယ်သားငယ် Sasha Pique Mebarak တို့ရဲ့ မိခင်တဦးဖြစ်နေပါပြီ။

Ref: firstpost/Wikipedia

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post အဆိုတော် ရှကီရာ ရဲ့ ၁၁ ခွေမြောက် တေးအယ်လ်ဘမ်သစ် ထွက်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...