Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟန်ထူးလွင်ပြောပြတဲ့ “Anger Management”

$
0
0

Big Bag အဖွဲ့ရဲ့ ၁၀ ခွေမြောက် တေးအယ်လ်ဘမ်ဖြစ်တဲ့ Anger Management ဆိုတဲ့ တေးစီးရီးကို ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထုတ်ဝေခဲ့ပါတယ်။ ဒီ တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၀ ပုဒ်ပါဝင်ပြီး အကုန်လုံးက Anger ဆိုတဲ့ ဒေါသနဲ့ Depression ဆိုတဲ့ စိတ်ဓာတ်ကျ အားငယ်ခြင်း စတဲ့ အကြောင်းအရာတခုတည်းအောက်မှာ ဖွဲ့စည်းရေးဖွဲထားတာကို သတိထားမိကြမှာပါ။ တေးရေး ကျားပေါက်၊ မွန်ဘွဲ့၊ ဖြိုးမင်းနိုင် တို့က ရေးသားထားတာပါ။ ဒီ Anger Management နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ထက်ဦးေ၀ က Big Bag အဖွဲ့ဝင်တဦးဖြစ်သူ ဟန်ထူးလွင်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ ဒီ Anger Management ကို ဘယ်လို စိတ်ကူးနဲ့ ဖန်တီးဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ဘယ်လို စိတ်ကူးနဲ့လဲဆိုတော့ ကျနော်က concept album လုပ်ချင်တာပါ။ လုပ်ဖူးချင်တာပေါ့နော်။ တခွေလုံးက အကြောင်းအရာတခုတည်း ဆိုတာမျိုးပေါ့။ အဲဒါပါ။ အဲဒီမှာ သီချင်းလေးတွေ တပုဒ်နဲ့တပုဒ် ဆက်စပ်ပြီး ရေးဖြစ်သွားတယ်။ ဒါပါပဲ။

မေး။ ။ ဒီအခွေကို ဘယ်လိုပြင်ဆင်ခဲ့လဲ။ နောက်ပြီး အခက်အခဲတွေရော ရှိခဲ့လား။

ဖြေ။ ။ ဟုတ်၊ ပြင်ဆင်တာကတော့ အရင်တုန်းကကျတော့ ကျနော်တို့က သီချင်းတွေကို အရင် စုလိုက်တယ်။ စုပြီးတော့ ၇ ပုဒ် ၈ ပုဒ် လောက် ရပြီဆိုမှ ကျန်တဲ့ ၃ ပုဒ်လောက်ကို ဖြည့်ပြီး ထပ်ရေးတာ၊ အဲလိုမျိုးပေါ့။ အခုကျတော့ ၁ ပုဒ် ၂ ပုဒ်လောက်ပဲ ရေးထားတာ။ အဲဒီကနေ စတာ၊ အသံသွင်းလိုက်၊ ကြားထဲမှာ ရေးလိုက်၊ ရတဲ့ဟာလေးကို တီးလိုက်၊ အဲဒီလိုကနေ ဝင်တာပေါ့။ ပြီးခဲ့တဲ့ November လောက်က စလုပ်နေတာ။ အဲဒီမှာ စ ရေးပြီးတော့ စ သွင်းတယ်။ ပြီးတော့ April အကုန်လောက်မှာ master ပြီးတယ်။

မေး။ ။ ဒီတခွေလုံးက Anger ရယ် Depression ရယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေတာကရော၊ တခြားအကြောင်းအရာတွေလည်း ရှိရက်နဲ့ ဘာလို့ ဒီ အကြောင်းအရာတွေကိုမှ ရွေးခဲ့တာလဲ။

ဖြေ။ ။ ဘယ်လိုလဲဆိုတော့ ကျနော် စဉ်းစားတာပေါ့နော်။ ဥပမာ အချစ်အကြောင်း၊ လှတဲ့ အကြောင်းအရာလေးတွေ၊ positive ဖြစ်တဲ့အကြောင်းလေးတွေက ကျနော့်အတွက် လွယ်တယ်။ လွယ်တယ်ဆိုတာထက် စိန်ခေါ်မှု အဲလောက် မများဘူးဗျာ၊ ဒါ လူတိုင်း positive ဖြစ်တဲ့ အကြောင်းအရာမျိုးဆိုတော့။ Negative အကြောင်းအရာတွေကျတော့ ဒီအကြောင်းအရာတွေကို လူလက်ခံနိုင်အောင် လှလှပပ ရေးနိုင်လားပေါ့။ အဲဒီလိုစဉ်းစားမိရာကနေ စတာ။ ဥပမာ ပန်းချီဆွဲမယ်ဆိုရင် လှတဲ့ ရှုခင်းပုံလေးတွေကို ဆွဲမယ့်အစား မလှတဲ့ အမှိုက်ပုံကြီးကို စိမ်ပြေနပြေ ထိုင်ဆွဲနေသလိုမျိုးပေါ့ဗျာ။

မေး။ ။ အခွေရဲ့ ထောင့်စွန်းမှာ 18+ လို့ ရေးထားတာ တွေ့ရတယ်၊ အဲဒါကရော ဘာကြောင့်လဲ။

ဖြေ။ ။ ဟုတ်တယ်ဗျ။ ၁၈နှစ်အောက်တော့ နားမထောင်သင့်ဘူး၊ စာသားတွေက ဆိုးတယ်။ ဒါပါပဲ၊ တခြားအကြောင်းအရာတော့ မရှိပါဘူး။ ကလေးတွေ နားမထောင်သင့်ဘူးလို့ ကျနော်တို့ ထင်တာပေါ့နော်။ သုံးထားတဲ့ language အရရော၊ ဒီ concept အရရော၊ ကလေးတွေနဲ့ မသင့်တော်ဘူး ထင်လို့ပါ။

မေး။ ။ ဒီအခွေကို show လုပ်ဖို့ရော အစီအစဉ်ရှိလား။

ဖြေ။ ။ ရှိပါတယ်။ အသေးစိတ် စီစဉ်ပြီးရင်တော့ public ကို ပြောမှာပါ။ ခုထိတော့ ဘာမှ မလုပ်နိုင်သေးဘူး။

မေး။ ။ အခွေ cover ကလည်း ထူးခြားနေတယ်။ အဲဒါကရော။

ဖြေ။ ။ အခွေ cover က ကျနော်တို့မှာ themes ၄၊ ၅ မျိုးလောက်ရှိတယ်။ ဒါပေမယ့် Anger နဲ့ Depression ကို တပြိုင်တည်း တွေ့ရမယ့် cover ကို စဉ်းစားရင်းနဲ့ ကျနော်တို့ နောက်ဆုံးကျတော့ fear ပေါ့ (အကြောက်တရား)ကို သွားတွေ့တယ်။ Anger နဲ့ Depression က သီချင်းထဲမှာ ပါမယ်။ မျက်နှာဖုံးမှာက ကြောက်ရတဲ့စိတ်မျိုး မလုံခြုံတဲ့ စိတ်မျိုးကို ပြချင်တာပါ။

မေး။ ။ နောက်ပြီးတော့ တခုသိချင်တာက Fuck My Way Out ဆိုတဲ့ သီချင်းနဲ့ ပတ်သက်ပြီးတော့ အပြင်မှာ ဝေဖန်မှုတွေ တွေ့ရတယ်၊ စကားလုံးသုံးတာ ကြမ်းတယ်ဆိုပြီးပေါ့နော်။ အကို့အနေနဲ့ ဒီသီချင်းကို ရေးဖြစ်တဲ့ ရည်ရွယ်ချက်ကရော။

ဖြေ။ ။ ကျနော်တို့က သီချင်းကိုတော့ review လုပ်လေ့မရှိပါဘူး။ သီချင်းကို ဘယ်လိုရေးပါတယ်ဆိုပြီး ပြန်ပြောပြတာမျိုးပေါ့နော်။ ကျနော်တို့ သီချင်းတွေက ကျနော်တို့ စိတ်ထဲမှာ ရှိတဲ့ အကြောင်းအရာတွေပဲ၊ ကြိုက်တဲ့သူက ကြိုက်သလို ယူလို့ရပါတယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ရင် လက်ခံလို့ရတယ်။ အပြင်မှာ ပြောတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘယ်လိုသဘောထားလဲဆိုတော့ positive feedback တွေချည်းပဲတော့ ကျနော်တို့ ဘယ်လိုလုပ်ရနိုင်မလဲပေါ့နော်။ အဲတော့ positive feedback ကို သာယာနိုင်ရင် negative feedback ကိုလည်း ကျနော်တို့က လက်ခံနိုင်ရမယ်လေ။ ကျနော်တို့ ကြိုပြင်ဆင်ထားပြီးသားပါ။

မေး။ ။ “အရင်အတိုင်းရန်ကုန်” ၊ “သူစိမ်း”၊ “ဝေးသွားလည်း” တို့လို သီချင်းအကြောင်းအရာ လှလှလေးတွေ နားထောင်ချင်တဲ့ ပရိသတ်တွေအတွက်ရော အဲဒီလို သီချင်းမျိုးတွေ ဘယ်တော့လောက် ပြန်လာမလဲ။

ဖြေ။ ။ ဘယ်အချိန်မှာ ပြန်လုပ်နိုင်မလဲ ဆိုတာတော့လည်း မပြောတတ်ပါဘူး။ အဲလိုပဲ စိတ်ထဲရှိတဲ့အချိန်နဲ့ စိတ်ထဲမှာ တိုက်ဆိုင်တဲ့အကြောင်းအရာနဲ့တော့ ရေးဖြစ်သွားတာပါပဲ။ လှရင်လည်း လှမယ်၊ မလှရင် မလှဘူးပေါ့။

The post ဟန်ထူးလွင်ပြောပြတဲ့ “Anger Management” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...