Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မန်ချက်စတာမှာ ပြန်ဖျော်ဖြေဦးမယ်လို့ ကြေညာလိုက်တဲ့ အဆိုတော် အရီယာနာ

$
0
0

မေလ ၂၂ ရက်နေ့ညပိုင်း အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဆိုတော် အာရီယာနာဂရမ်ဒီ(Ariana Grande)ဟာ သူ့ရဲ့ ဖျော်ဖြေပွဲမှာ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးမှုများ၊ ထိခိုက်နစ်နာခဲ့သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတပွဲ ပြုလုပ်ဖို့ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုဖျော်ဖြေမယ့်သူတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အသေးစိတ် သတင်းထုတ်ပြန် ခဲ့ပါတယ်။

သူ့ရဲ့အနုပညာမိတ်ဆွေများဖြစ်ကြတဲ့ Justin Bieber, Black Eyed Peas, Coldplay, Katy Perry, Miley Cyrus, Little Mix, Robbie Willaims, Pharrell Williams, Usher, Niall Hora, Take That တို့ အပါအဝင် အခြားသောအဆိုတော်များလည်း အဆိုပါဖျော်ဖြေပွဲကို လာရောက်ကူညီပေးကြမှာ ဖြစ်တယ် လို့ သတင်းကဆိုပါတယ်။

ဖျော်ဖြေပွဲကိုလည်း မန်ချက်စတာမြို့“Emirates Old Trafford” ဆိုတဲ့ အားကစားကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ ဇွန်လ ၄ ရက်နေ့မှာ ကျင်းပသွားမှာပါ။ ဖျော်ဖြေပွဲကိုလည်း ဘီဘီစီရုပ်သံကုမ္ပဏီမှ တာဝန်ယူကာ ဘီဘီစီရုပ်သံလိုင်းများဖြစ်ကြတဲ့ ဘီဘီစီရုပ်သံတီဗီ (BBC Television)၊ ဘီဘီစီရေဒီယို အပြင် “Capital Radio Networks” လိုင်းများမှတဆင့် နိုင်ငံတကာကို တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သတင်းကဖော်ပြထားပါတယ်။

ဖျော်ဖြေပွဲလက်မှတ်များကိုတော့ ဇွန်လ ၁ ရက်နေ့ ဗြိတိသျှစံတော်ချိန် နံနက် ၁၀ နာရီ မှာ စတင်ရောင်းချခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့ည ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်မှာ ဖျော်ဖြေပွဲကို လာရောက်အားပေးခဲ့သော ပရိသတ်များအတွက်ကိုတော့ လက်မှတ်များ အခမဲ့ပေးဝေဖို့လည်း စီစဉ်ထားပါတယ်။သာမန်ပရိသတ်များအတွက်ကိုတော့ ဗြိတိသျှစတာလင်ပေါင် ၄၀ (မြန်မာငွေ ကိုးသောင်း)နဲ့ ရောင်းချခဲ့ပါတယ်။

အာရီယာနာက သူ့ရဲ့ပရိသတ်များအတွက် “ပရိသတ်များခံစားနေရတဲ့ခံစားချက်ကို ကျမတင်မဟုတ်ပါဘူး။ တခြားဘယ်သူမှ ဖြေဖျောက်ပေးလု့ိရမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း ကျမရဲ့လက်နဲ့ ကျမရဲ့နှလုံးသားနဲ့ ကျမတတ်နိုင်သလောက် အစွမ်းကုန် ကူညီပေးချင်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကျမနဲ့ပရိသတ်ကို ခွဲထုတ်လို့မရနိုင်သလို ကျမတို့ တို့အတူတကွ လက်တွဲပြီး တယောက်ကိုတယောက်အားပေးကူညီရင်း သီချင်းသံစဉ်များနဲ့အတူ အကြမ်းဖက်မှုကိုရင်ဆိုင်ကြရအောင်” ဆိုပြီး အားပေးစကားဆိုခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲဟာ ဘီဘီစီရုပ်သံလိုင်းများကနေတဆင့် တကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှာဖြစ်တာကြောင့် နိုင်ငံတကာမှ သူ့ကို ချစ်တဲ့ပရိသတ် တွေအတွက် သူနဲ့အတူ အခြားသောအဆိုတော်များပါ ပါဝင်ကူညီသီဆိုသွားမှာဖြစ်ကြောင်း အသိပေး ဖော်ပြလိုက်ရပါတယ်။

Ref: accesshollywood

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post မန်ချက်စတာမှာ ပြန်ဖျော်ဖြေဦးမယ်လို့ ကြေညာလိုက်တဲ့ အဆိုတော် အရီယာနာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...