Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘရက်ပစ် မပါဘဲ မွေးနေ့ပွဲကျင်းပမယ့် အင်ဂျလီနာဂျိုလီ

$
0
0

လာမယ့် ဇွန်လ ၄ ရက်နေ့ဟာ ဟောလီးဝုဒ်စတား အင်ဂျလီနာဂျိုလီအတွက် အမှတ်ရစရာနေ့တွေထဲက တခုဖြစ်လာဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ အဆိုပါ တနင်္ဂနွေနေ့ ဇွန်လ ၄ ရက်နေ့ဟာ သူ့ရဲ့အသက် ၄၂ နှစ် ပြည့်မှာဖြစ်ပါတယ်။

ချစ်သူများနေ့လိုမျိုးမှာ ချစ်သူရည်းစားမရှိတာထက် မွေးနေ့ပွဲကို အထီးကျန်ဆန်စွာ ဖြတ်သန်းရတဲ့ ခံစားချက်ဟာ ပိုဆိုးမှာပါ။

သေချာတာကတော့ ဂျိုလီဟာ သူ့ရဲ့ချစ်စဖွယ် သားသမီး ၆ ယောက်နဲ့အတူ မွေးနေ့ပွဲကို ဖြတ်သန်း ရမှာဖြစ်ပါတယ်။ ဘရတ်ပစ်နဲ့ပတ်သက်ခဲ့တဲ့ ၁၂ နှစ်တာကာလအပြီး ယခု ထပ်ခံကျင်းပမယ့်ပွဲမှာတော့ အသက် ၅၃ နှစ် ရှိနေပြီဖြစ်တဲ့ ဘရက်ပစ်နဲ့အတူ မိသားစုစုံစုံလင်လင် ပျော်ရွှင်ခွင့်ရတော့မှာ မဟုတ်တော့ပါဘူး။

သူ့ရဲ့သားသမီးများနဲ့အတူ မွေးနေ့ပွဲကို အကျဉ်းချုံးပြုလုပ်မှာဖြစ်ပြီး ဘရက်ပစ်နဲ့ ပြန်လည်ဆုံစည်းဖို့ စီစဉ်ထားခြင်းမရှိကြောင်းလည်း Hollywoodlife သတင်းက ဆိုထားပါတယ်။ သူ့မွေးနေ့မှာ သူချစ်တဲ့ သားသမီးများနဲ့အတူ လျှောက်လည်ရင်း အချိန်ကုန်ဆုံးမယ်လို့လည်း ဖော်ပြထားပါသေးတယ်။

သူရဲ့သားနှစ်ယောက်ဖြစ်ကြတဲ့ ပက်စ်နဲ့ မက်ဒ်ဒေါ့စ်က အဆိုပါ မွေးနေ့ပွဲကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားကိုလည်း မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ထားကာ မွေးနေ့ကိတ်ကိုလည်း သူတို့နှစ်ဦးကိုယ်တိုင် စီစဉ်ထားကြောင်း သတင်းများက ဆိုပါတယ်။

ဖခင်နဲ့ လမ်းခွဲပြတ်ဆဲခဲ့တဲ့ မိခင်ကို အထီးကျန်ဆန်ပြီး ခက်ခဲစွာဖြတ်သန်းနေရတဲ့အချိန်မှာ သားနှစ်ယောက်က ချစ်ခြင်းမေတ္တာပြသလိုက်တာပါလို့ သတင်းက ဆိုပါတယ်။

ဂျိုလီကို ဖေးမကူညီပေးမယ့် သူ့ရဲ့မိခင်ဖြစ်သူ Marcheline Bertand ဟာလည်း ၂၀၀၇ ခုနစ်မှာ သားအိမ်ခေါင်းကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ မိခင်ကြီးလည်းမရှိ၊ ခင်ပွန်းသည် ဘရက်ပစ်နဲ့လည်း ကွာရှင်းပြတ်ဆဲလိုက်ရတဲ့ ဂျိုလီအတွက်တော့ ယခုလာမယ့် မွေးနေ့ဟာ ဝမ်းနည်း အထီးကျန်စရာ ကောင်းနေပေမယ့် သားတွေရဲ့ အခုလိုလုပ်ရပ်တွေကြောင့် အားငယ်နေတဲ့ ဂျိုလီအတွက်တော့ သေချာပေါက် ပြုံးပျော်ရွှင်မြူးစွာနဲ့ မွေးနေ့ပွဲလေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားမှာပါ။
Ref:hollywoodlife

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဘရက်ပစ် မပါဘဲ မွေးနေ့ပွဲကျင်းပမယ့် အင်ဂျလီနာဂျိုလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)