သရုပ်ဆောင်မော်ဒယ်အဆိုတော် နန်းဆုရတီစိုးက “ကမ်းမဲ့လှေ” လို့အမည်ပေးထားတဲ့ Music Video ကို အွန်လိုင်းမှတဆင့် ပရိသတ်ထံ မကြာခင် ဖြန့်ချိသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သီချင်းအသစ်တွေ စုထားတာတွေ ဖန်တီးထားတာတွေလည်း ရှိပါတယ်။ လောလောဆယ်တော့ အွန်လိုင်း ကနေပြီးတော့ “ကမ်းမဲ့လှေ” ဆိုတဲ့ သီချင်း ၁ ပုဒ်ကို Music Video ပါ ဖန်တီးပြီးတော့ ထွက်ပါမယ်” လို့ နန်းဆုရတီစိုးက ပြောပါတယ်။
ပရိသတ်များနဲ့ အဆက်အသွယ်မပြတ်စေရန် အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ဖြစ်နေပြီး စီးပွားရေး လုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လက်ရှိတွင် Mntv ရုပ်သံလိုင်းတွင် ပြသမယ့် “တစ္ဆေပျောက်ကြော်ငြာ”ဇာတ်လမ်းတွဲတွင် လေဒီယာဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပြီး ထပ်မံပြီးတော့ ဇာတ်လမ်းတွေရိုက်ကူးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
မကြာခင်မှာလည်း ပရိသတ်များ အသုံးပြုနိုင်ရန်အတွက် မိသားစုစီးပွားရေးအနေနဲ့ Daily Product တမျိုးကို ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“စီးပွားရေးလုပ်ဖို့ကတော့ နောက် ၂ လ ၃ လလောက်ဆိုရင်တော့ စမှာပါ။ Daily Product အနေနဲ့ ထုတ်တာပါ။ နန်းဆု အမည်နဲ့ ထုတ်တာမဟုတ်ပါဘူး။ အိမ်က စီးပွားရေးကို လုပ်မှာပါ။ နန်းဆုအနုပညာနာမည်နဲ့ ပရိသတ်တွေကို ရောင်းမှာမဟုတ်ပါဘူး။ တပြည်လုံးက ပရိသတ်တွေ သုံးလို့ရတဲ့ Daily Product လေးပေါ့နော်” လို့ နန်းဆုရတီစိုးက ပြောပါတယ်။
The post “ကမ်းမဲ့လှေ” ဆိုတဲ့ Music Video ကို အွန်လိုင်းကနေဖြန့်မယ့် နန်းဆုရတီစိုး appeared first on ဧရာဝတီ.