Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Ironbark” ရုပ်ရှင်မှာ စစ်အေးခေတ် စပိုင်တဦးအဖြစ် မင်းသား Benedict Cumberbatch သရုပ်ဆောင်မည်

$
0
0

မင်းသား Benedict Cumberbatch ဟာ တကယ့်ဖြစ်ရပ်မှန် ထောက်လှမ်းရေး သူလျှိုဇာတ်လမ်း တခုမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ “Avengers: Infinity War” ရုပ်ရှင်မှာ Doctor Strange အဖြစ် သရုပ်ဆေင်ထားတဲ့ မင်းသား Benedict ဟာ FilmNation ကထုတ်လုပ်မယ့် သည်းထိတ်ရင်ဖို ရုပ်ရှင် “Ironbark” မှာ စစ်အေးခေတ် စပိုင် Greville Wynne အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Greville Wynne ဟာ ဗြိတိသျှစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်ပြီးတော့ ကျူးဘာဒုံးကျည် တင်းမာမှုအချိန်အတွင်း အဓိကကျတဲ့ စီအိုင်အေ ကြီးကြပ်ရေးမှူးတဦး ဖြစ်လာခဲ့ပါတယ်။ ဆိုဗီယက်တို့ရဲ့ နျူကလီးယားအစီအစဉ်တွေ အကြောင်း အမေရိကန်တွေ သိရှိနိုင်ဖို့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

Wynne ဟာ ရုရှားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ချခံခဲ့ရပါတယ်။ စပိုင် Gordon Lonsdale နဲ့ အလဲအလှယ် ပြုလုပ်တဲ့ အနေနဲ့ ၁၉၆၄ ခုနှစ်မှာ သူ့ကိုပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သူဟာ ထင်ရှားတဲ့ ဝတ္ထုရေးဆရာတဦး ဖြစ်လာခဲ့ပြီး စပိုင်တဦးအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေပါဝင်တဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

သူဟာ အသက် ၇၀ အရွယ် ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို အမှုဆောင်ထုတ်လုပ်မယ့် မင်းသား Benedict ဟာ ဒါရိုက်တာ Dominic Cooke ရိုက်ကူးမယ့် “The Hollow Crown” ရုပ်ရှင်မှာလည်း ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

“Ironbark” ရုပ်ရှင်ကတော့ “Tinker Tailor Soldier Spy” ရုပ်ရှင်နဲ့ “Cambridge Spies” ရုပ်သံစီးရီးတို့ မှာ ပါဝင်ခဲ့တဲ့ မင်းသားအတွက် နောက်ဆုံး စပိုင်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်တုန်းက “The Imitation Game” ရုပ်ရှင်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက နည်းပညာကျွမ်းကျင်ပညာရှင် Alan Turing အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဲဒီရုပ်ရှင်ကို လာမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိုမိုးရှင်း ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

FilmNation Entertainment CEO, Mr.Glen Basner က “Benedict နဲ့အတူ ထပ်ပြီး အလုပ်အတူ တွဲလုပ်ရတာ ပျော်ရွှင်မိပြီး ကင်မရာရှေ့နဲ့ နောက်ကွယ်နှစ်ခုလုံးမှာ သူ့ရဲ့ ကျွမ်းကျင်တဲ့ဖန်တီးမှုကို မြင်တွေ့ရဦးမှာပါ၊ ဒါရိုက်တာ Dominic ဟာလည်း ထူးချွန်တဲ့ ဒါရိုက်တာတဦးဖြစ်ပြီးတော့ သူနဲ့ Benedict တိုု့ပူးပေါင်းထုတ်လုပ် ထားတဲ့ The Hollow Crown ရုပ်ရှင်ဟာ အံ့သြလောက်ဖွယ် ရလာဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ Ironbark မှာ ဒုတိယအကြိမ်မြောက် လက်တွဲ လုပ်ကိုင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ Deadline မီဒီယာကို ပြောကြားခဲ့ပါတယ်။

“Ironbark” ရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တင်သွင်းမယ့် တခုတည်းသော စပိုင်ရုပ်ရှင် မဟုတ်ပါဘူး။ Jessica Chastain, Marion Cotillard, Penelope Cruz နဲ့ ဒါရိုက်တာ Simon Kinberg တို့ဟာ အဲဒီပွဲတော်မှာ “355” ရုပ်ရှင်ကို မိတ်ဆက်ပြသဦးမှာ ဖြစ်ပါတယ်။

Ref ; aceshowbiz

The post “Ironbark” ရုပ်ရှင်မှာ စစ်အေးခေတ် စပိုင်တဦးအဖြစ် မင်းသား Benedict Cumberbatch သရုပ်ဆောင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...