Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလှဘုရင်မတို့ အပြိုင်ကြဲခဲ့ကြတဲ့ “2018 Met Gala ပွဲတက်ဖက်ရှင်”

$
0
0

ကမ္ဘာကျော် အဆိုတော်တွေ ဖြစ်ကြတဲ့ Rihanna နဲ့ Ariana Grande တို့ဟာ နယူးယောက်မြို့မှာ မေ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တဲ့အတဲ့ ဒီနှစ်အတွက် Met Gala ပွဲမှာ ဘာသာရေးအငွေ့အရိပ်လွှမ်းမိုးတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်ခဲ့ကြပြီး အများရဲ့ အာရုံစူးစိုက်မှုကိုခံခဲ့ရပါတယ်။

အဆိုတော် Rihanna ကတော့ ပြင်သစ်ဖက်ရှင် ကုမ္ပဏီ Maison Margiela ရဲ့ ငွေရောင် ပုပ်ရဟန်းမင်းကြီး ဝတ်စုံ ဒီဇိုင်းလိုမျိုး ဝတ်ဆင်လာခဲ့ပြီး ခေါင်းပေါ်မှာလည်း ပုပ်ရဟန်းမင်းကြီး ဆောင်းတဲ့ခေါင်းဆောင်းကိုလည်း မြင်တွေ့ရပါတယ်။ အဆိုတော် Grande ကတော့ မိုက်ကယ်အိန်ဂျလိုရဲ့ Sistine Chapel ဘုရားကျောင်းတော်က နံရံဆေးရေး ပန်းချီထဲက ပုံစံအတိုင်း အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Vera Wang ကချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ ပွဲတက်လာခဲ့တာဖြစ်ပါတယ်။

“2018 Met Gala” ပွဲတက်ဖက်ရှင်များ

အဆိုတော် Katy Perry ကတော့ ကြီးမားတဲ့ တောင်ပံတွေနဲ့ ရွှေရောင်နတ်သမီး ဝတ်စုံကို ဆင်မြန်း လာခဲ့ပါတယ်။ ပူပူနွေးနွေးအော်စကာဆုရှင် မင်းသမီး Frances McDormand ကတော့ အပြာရောင်ဖျော့ဝတ်စုံနံ့ သရဖူကို ဝတ်ဆင်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီး Sarah Jessica Parker ရဲ့ သရဖူးဆောင်း ဘုရင်မအလှကတော့ Queen of Hearts ဂါဝန်လေးနဲ့ လိုက်ဖက်ညီနေတာကို တွေ့ရပြန်ပါတယ်။

အခုနှစ်မှာပြုလုပ်ခဲ့တဲ့ ပွဲရဲ့ ခေါင်းစဉ်ဖြစ်တဲ့ Heavenly Bodies (ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်များ) အတိုုင်း စတား တော်တော်များများက ဆင်မြန်းလာခဲ့ကြပေမယ့် Hailee Steinfeld, Uma Thurman, Dakota Fanning နဲ့ Mindy Kaling တို့ကတော့ သာမန်ဂါဝန်တွေနဲ့ပဲ ပွဲတက်လာခဲ့ပါတယ်။ Mindy Kaling, Lily Collins နဲ့ Steinfeld ကတော့ ရွှေရောင် သရဖူတွေ ဆင်မြန်းလာခဲ့ကြပါတယ်။

ပြင်သစ်ဖက်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Saint Laurent ကနေ ဆင်မြန်းပေးထားတဲ့ အနက်ရောင်ဝတ်စုံအတိုင်း Collins နဲ့ Zoe Kravitz တို့က ဝတ်ဆင်လာခဲ့ကြပါတယ်။ မင်းသမီး Emma Stone, Kerry Washington, Katy Perry, Grande, Sarah Jessica Parker နဲ့ မော်ဒယ် Ashley Graham တို့ကတော့ ရွှေရောင်ဝတ်စုံကို ဆင်မြန်းလာခဲ့ကြပါတယ်။

မော်ဒယ် Graham ကိုယ်က ကော်ဇောနီလမ်းမထက်မှာ အဆိုတော် Rihanna ရဲ့ ပုပ်ရဟန်းမင်းကြီးစတိုင် ဝတ်စုံကို မျက်စိကျ သဘောတွေ့ခဲ့ပါတယ်။ သူက “ပြောစရာစကား မရှိတော့လောက်အောင် ကျမအခု ဆွံ့အနေခဲ့ပါပြီ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အခုနှစ်ရဲ့ Costume Institute Gala ရဲ့ Heavenly Bodies ပွဲကို Rihanna, Amal Clooney, ဖက်ရှင်ဒီဇိုင်နာ Donatella Versace နဲ့ Vogue အယ်ဒီတာချုပ် Anna Wintour တို့က ဖွင့်လှစ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Ref : aceshowbiz

The post အလှဘုရင်မတို့ အပြိုင်ကြဲခဲ့ကြတဲ့ “2018 Met Gala ပွဲတက်ဖက်ရှင်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...