ဆွဲဆောင်မှုရှိတဲ့ ခပ်မိုက်မိုက်ဘော်ဒီနဲ့ ညှို့အားကောင်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ အလှမယ် ရွှေအိမ်စည်က နာမည်ကြီး မင်းသားများနဲ့အတူ စူပါမော်ဒယ်များ၊ အလှမယ်များ ပါဝင်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “လူကြီးလူကောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အလှမယ် ရွှေအိမ်စည်က ပြီးခဲ့တဲလက ကမ်းခြေရိုက်ကွင်းအချို့ကို မင်းသား ပြေတီဦးနဲ့အတူ ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေး အခက်အခဲ အချို့နဲ့ ပတ်သက်ပြီး”ကိုယ်က မေ့လွယ်တာပေါ့နော်။ စိတ်တွေလှုပ်ရှားပြီးတော့၊ ကမ်းခြေကလည်း နေတွေက အရမ်းပူတာပဲလေ။ ကိုပြည်ဟိန်းသီဟက အိမ်စည်ရေ ဒီလိုပြောရမယ်နော်ဆိုရင် ဟုတ်ကဲ့။ သိပြီလားဆိုရင် ဟုတ်၊ သိပြီ။ ပြီးရင် ဆောရီးနော် ဆိုတာတွေက များနေတာပေါ့နော်။ ထပ်ခါတလဲလဲ ပြန်ရိုက်ရတယ်ဆိုတော့ ကိုပြေတီဦးကိုလည်း အားနာတာပေါ့နော်။ ကမ်းခြေ Scene ဆိုတာက နေအရမ်းပူတယ်။ လေးဘီးကြီစီးပြီးတော့ ဟိုပြေး၊ ဒီပြေးနဲ့ဆိုတော့ ပျော်တာက တဖက်၊ ပူတာကလည်းပူ။ နေတွေလောင်ပေါ့”လို့ ဆိုပါတယ်။
“ကမ်းခြေဆိုတာက အိမ်စည် အမြဲကြိုက်တဲ့ နေရာဒေသပေါ့။ ရှုတင် မဟုတ်ရင်တောင်မှ Vacation အနေနဲ့ အမြဲ သွားနေကျ နေရာဆိုတော့ အလုပ်လို့တောင် သဘောမထားဖြစ်တော့ဘူး။ ကိုယ်ပျော်နေတယ်။ အတွေ့အကြုံအသစ် ရတယ်လို့ပဲ သဘောထားဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ထက် စီနီယာကျတဲ့သူတွေနဲ့ တွဲရတာဆိုတော့ ကြောက်နေတယ် ဆိုတာထက် အားနာတယ်။အားနာတယ်ဆိုတာက ကိုယ်က မှားမှာပဲလေ” လို့ ရွှေအိမ်စည်က ဧရာဝတီကို ပြောပါတယ်။
Miss တယောက်နဲ့ သရုပ်ဆောင် ဘဝ မတူတဲ့အချက်တွေ အရမ်းသိပြီပေါ့ဆိုတဲ့အမေးကို ရွှေအိမ်စည်က “အရမ်း သိသွားပြီ။ Miss မှာက ကိုယ့်ဟာကိုယ် အဝတ်အစားလှလှလေး စီစဉ်မယ်။ ကိုယ်နေချင်သလို နေမယ်။ Questions And Answers skill တွေကို ကိုယ်တိုင်လေ့လာ ထိန်းသိမ်းမယ်။ အလှတွေ ထိန်းသိမ်း နေရတာပေ့ါ။ သရုပ်ဆောင်ဘဝ ကျတော့ ပိုခက်ခဲနက်နဲတာပေါ့နော်။ အလှပိုင်း၊ အသားအရေပိုင်းကိုလည်း ဂရုလည်းစိုက်ရသေးတယ်။ ပြီးတော့ သရုပ်ဆောင်တာ ကိုလည်း အားထည့်ရသေးတယ်”
“အိမ်စည်က အဓိက ကလေ မော်ဒယ်ကနေပြီးတော့ သရုပ်ဆောင်ဘက်ကို ဝင်လာလို့လားမသိဘူး။ သရုပ်ဆောင်ဘက်ကို အားမထားပဲနဲ့ ငါလှရဲ့လား မသိဘူးပဲ တွေးဖြစ်တယ်။ ရိုက်ကွင်းမှာလည်းလေ အစ်ကိုရေ၊ ညီမလှရဲ့လား မသိဘူးနော်ပေါ့။ အလှဓာတ်ပုံရိုက်ရင် ကိုယ်လှတဲ့ဘက်ကနေပဲ ရိုက်တာကို စိတ်ထဲမှာ စွဲနေတော့လေ။ ဒါရိုက်တာတွေ ကြည့်တာကျ တမျိုး ပေါ့နော်။ ဒီ Scene မှာ ညီမ မလှဘူးနော် အစ်ကို၊ ဆံပင်က ထောင်နေတယ်၊ ပြန်ရိုက်မယ် စသဖြင့်ပေါ့ ၊ ကပ်သီး ကပ်သတ်တွေ ပြောတာ။ ဒါရိုက်တာကကျတော့ ညီမပြောတာ Perfect ကောင်းနေပြီပေါ့။ အဲဒါလေးကလွဲရင် ကျန်တာတွေ OK ပါတယ်”လို့ ရွှေအိမ်စည်က ဖြေပါတယ်။
ပရိသတ်ကို နောက်ပိုင်း သိပ်မပြောဖြစ်တော့တဲ့ Miss Universe ကိစ္စကိုလည်း ရွှေအိမ်စည်က ဆက်လက် တရား ရင်ဆိုင်ဆဲလို့ သိရပါတယ်။ “တရားရင်ဆိုင်နေရတာကလည်း ပရိသတ်ကိုသာ အသိမပေးဖြစ်တာ ကိုယ်ကနောက်ပိုင်း ဆက်ဖြစ်နေရတုန်းပဲ။ ပြောရမယ်ဆိုရင် ၂ နှစ်၊ ၃ နှစ် လောက် လုပ်ရမယ့် သဘောပဲ” လို့ ရွှေအိမ်စည်က ဆိုပါတယ်။
The post “ကမ်းခြေဆိုတာ အိမ်စည် အမြဲ ကြိုက်တဲ့ နေရာဒေသ” လို့ ဆိုတဲ့ အလှမယ် ရွှေအိမ်စည် appeared first on ဧရာဝတီ.