Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်္ဂလာပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ

$
0
0

အဆိုတော် Nick Jonas နဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra တို့ဟာ ပြီးခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ Met Gala ပွဲကို တက်ရောက်ခဲ့ပြီးကတည်းက အချစ်ရေးသတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုတော့ အဲဒီကောလာဟလ သတင်းတွေက အမှန်ဖြစ်တယ်ဆိုတာကို အတည်ပြုလိုက်ပုံရပါတယ်။

အသက် ၂၅ နှစ်အရွယ် Jonas နဲ့ အသက် ၃၅ နှစ်အရွယ် Chopra တို့ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်၊ Atlantic City မြို့မှာ ကျင်းပခဲ့တဲ့ Jonas ရဲ့ ဝမ်းကွဲအကိုတယောက်ရဲ့ မင်္ဂလာဆောင်တခုကို လက်ချင်းချိတ်ပြီး တက်ရောက်လာခဲ့တာ  ဖြစ်ပါတယ်။

သူတို့စုံတွဲနှစ်ဦးဟာ ပွဲအခမ်းအနားနဲ့ လိုက်ဖက်ညီမယ့် အဝတ်အစားတွေကို ဝတ်ဆင်လာခဲ့ပါတယ်။ မင်းသမီး Chopra ကတော့ ရွှေရောင် ဂါဝန်ကို ဝတ်ဆင်လာခဲ့ပြီး အဆိုတော် Jonas ကတော့ ပင်လယ်ပြာရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လာခဲ့တာတွေ့ရပါတယ်။ Jonas နဲ့ Chopra တို့ဟာ လော့စ်အင်ဂျလိစ်မြို့မှာ ညစာစားပွဲတခုကို တက်ရောက်ခဲ့ပြီးနောက် အခုလို ဓာတ်ပုံတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

People မီဒီယာရဲ့ အဆိုအရ သူတို့နှစ်ဦဟာ လသာဆောင်မှာရှိတဲ့ စားပွဲတခုမှာ နေရာယူခဲ့ပြီး ညစာ သုံးဆောင်ခဲ့ကြတယ် လို့ မြင်တွေ့ခဲ့ရသူတဦးက ဆိုပါတယ်။ အတွင်း သတင်းတခုကတော့ “သူတို့နှစ်ဦး ဟာ တဦးအပေါ်တဦး ချစ်ခင် မြတ်နိုးပြီး ဘယ်သူတွေ ကြည့်နေတယ်ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။

Priyanka က တခါတရံ Jonas ရဲ့ဆံပင်တွေကို ပွတ်သပ်ပေးနေခဲ့ပြီး သူတို့ဟာ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ကခုန်နေခဲ့ကြပါသေးတယ်” လို့ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Hollywood Bowl မှာ ပြုလုပ်တဲ့ “Beauty and the Beast Live in Concert” ပွဲကိုလည်း အတူတူ တက်ရောက်ခဲ့ပြီး Memorial Day သီတင်းပတ်ကုန်ပိုင်းမှာ ရိုက်ကူးခဲ့တဲ့ အဖွဲ့လိုက် ဓာတ်ပုံ တပုံမှာလည်း အတူတူ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Priyanka Chopra ကတော့ မကြာသေးခင်ကပဲ “သစ္စာဖောက်” ဟု ဆိုကာ ဆန္ဒပြခံရတဲ့ ကမ္ဘာကျော်  ဘောလိဝုဒ် မင်းသမီး တဦး ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “သစ္စာဖောက်” ဟု ဆိုကာ ဆန္ဒပြခံရတဲ့ ဘောလိဝုဒ် မင်းသမီး Priyanka Chopra

Ref: etcanada

The post မင်္ဂလာပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...