Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လူတိုင်း ကြိုးစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိတဲ့အတွက် ကြိုးစားသွားမယ်” ဆိုတဲ့ ယမုံ

$
0
0

မော်ဒယ်တယောက်အဖြစ် ရပ်တည်နေပြီး မော်ဒယ်စလုပ်စဉ်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ Miss Myanmar World ပြိုင်ပွဲကြီးကို အခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မော်ဒယ် ယမုံက လူတိုင်းမှာ ကြိုးစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် ကြိုးစားသွားမယ်လို့ ဧရာဝတီကိုပြောပါတယ်။

“အတွေ့အကြုံ ဘယ်လောက်ပဲရှိခဲ့ရှိခဲ့ ဘယ်လောက်ပဲပြိုင်ခဲ့ပြိုင်ခဲ့ လူတိုင်းမှာ ကြိုးစားပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့် ရှိတယ်။ ကိုယ်ဖြစ်ချင်လို့ ကြိုးစားကြတာ။ အားမပေးတဲ့သူတွေက ဘယ်လိုအတွေးနဲ့ အားမပေးလည်း မသိဘူး။ အားပေးတဲ့ သူတွေကတော့ ညီမတို့ကို နားလည်တယ်လို့ ထင်ပါတယ်” လို့ ယမုံက ပြောပါတယ်။

မကြာခင် ကျင်းပတော့မယ့် Miss Myanmar World 2018 ပြိုင်ပွဲကြီးမှာလည်း Top 20 အဖြစ်ပါဝင်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့ ယမုံက “စပြီးတော့ မော်ဒယ်လုပ်ကတည်းက Miss Myanmar World ကို အရမ်း စိတ်ဝင်စားခဲ့တာ။ ဒီပွဲကိုပြင်ဖို့အတွက် အများကြီးပြင်ဆင်ခဲ့တယ်။ တနှစ်နှစ်တော့ ပြိုင်မယ်ဆိုပြီး ပြင်ဆင်ခဲ့ပြီး ပြိုင်ဖြစ်ခဲ့ တာပါ။ Perfect ကတော့ မဖြစ်သေးဘူး။ အများကြီးကြိုးစားရဦးမယ်။ Miss တယောက်အနေနဲ့ Body ၊ Beauty ၊ Brain အများကြီး ကြိုးစားရဦးမှာပါ” လို့ ပြောပါတယ်။

ယမုံ အနေနဲ့ အရင်က Miss ပြိုင်ပွဲ ၃ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုနှင့် Top 10 ထိပါဝင်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ယမုံအနေနဲ့ကတော့ အရင်က ၃ ပွဲပြိုင်ခဲ့ဖူးပါတယ်။ ၂ ပွဲကတော့ Top 10 ထဲပါတယ်။ ၁ ပွဲကတော့ Winner ရခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကတော့ ကိုယ်ပုံမှန်လုပ်ကတည်းက ကိုယ်အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံး လုပ်မယ် ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုကတော့ ရှိလည်းရှိတယ်။ ထပ်ပြီးလည်း အများကြီး တည်ဆောက်ရ ဦးမယ်” လို့ ယမုံက ပြောပါတယ်။

ဒီနှစ်အတွက် Miss Myanmar World 2018 မှာတော့ ပြိုင်ပွဲဝင် ယမုံက ခါးနံပါတ် ၁၅ နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Miss Wold Myanmar 2018 ပြိုင်ပွဲကို မကြာခင် ရန်ကုန်မြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

The post “လူတိုင်း ကြိုးစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိတဲ့အတွက် ကြိုးစားသွားမယ်” ဆိုတဲ့ ယမုံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...