Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မျိုးဆက်သစ်တွေ အပြိုင်အဆိုင်ဖြစ်လာရင် ရုပ်ရှင်လောက ပြန်ဦးမော့လာမယ်”

$
0
0

မြန်မာ့ရုပ်ရှင်လောက ပြန်လည်ဦးမော့လာဖို့အတွက် လူငယ်မျိုးဆက်သစ်များအနေနဲ့ အပြိုင်အဆိုင် ဖြစ်လာပါက ရုပ်ရှင်လောက တိုးတက်လာမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးညီထွန်းလွင်က ဧရာဝတီကို ပြောပါတယ်။

“မျိုးဆက်သစ်တွေက ကံကောင်းတယ်။ International အထိကို စကားပြောလာတယ်။ ဦးညီတို့တုန်းက International မပြောနဲ့။ ကိုယ့်နိုင်ငံအတွင်းမှာတောင် တိုင်ပတ်နေကြတာ။ အခုဆိုရင် ဥပါယ်တံမျဉ်တို့လို ဇာတ်ကားမျိုးဆို စင်ကာပူမှာ သွားပြရတယ်။ အဲဒီတော့ လူငယ်တွေကလည်း ငါတို့တော့ အရင်လို သွားလို့မရဘူး။ ပြောင်းလဲရမယ်။

ဒါမှလည်း ရုပ်ရှင်က တိုးတက်မှာလေ။ နောက်ပိုင်း အပြိုင်အဆိုင်လေးတွေ ဖြစ်လာရင် ရုပ်ရှင်လောက ဦးမော့ပြီး တိုးတက်လာမယ်လို့ ထင်တယ်”လို့ ဒါရိုက်တာ ဦးညီထွန်းလွင်က ပြောပါတယ်။

ယခင်က ကိုယ့်ပြည်တွင်းလောက်ပဲ ရိုက်ခဲ့ကြပြီး ယခုနောက်ပိုင်းမှာတော့ ပြည်ပအထိ ထိုးဖောက်နေပြီ ဖြစ်တဲ့အတွက် ရုပ်ရှင်လောက ဦးမော့လာပြီလို့လည်း ပြောလို့ရတယ်လို့ ဦးညီထွန်းလွင်က ဆိုပါတယ်။

“မြန်မာ့ရုပ်ရှင်လောက ပြန်လည်ဦးမော့လာတယ်ဆိုတာကလည်း လူငယ်မျိုးဆက်သစ်တွေပေါ်လာပြီ။ သူတို့ဆိုရင် International ကို လျှောက်လှမ်းလာပြီ။ ဟိုတုန်းကတော့ ဦးညီတို့လက်ထက်က ရုပ်ရှင်သမားတွေကတော့ ကိုယ့်ပြည်တွင်းလောက်ပဲ ရိုက်ကြတာကို အဲဒီတော့ အဆင့်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ အဆင့်ကို လှမ်းလာ ကြပြီဆိုတော့ မြန်မာ့ရုပ်ရှင်အနေနဲ့ ဦးမော့လာပြီပေါ့။ လူငယ်တွေဆိုရင်လည်း အရင်လိုပုံစံမျိုးလုပ်လို့မရတော့ဘူး” လို့ ဦးညီထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ရုပ်ရှင်လောကတင ်မကဘဲ အဖက်ဖက်က ဖရိုဖရဲဖြစ်နေခဲ့တယ်ဆိုတာကိုလည်း သူက ဆိုပါတယ်။

“နှစ်ပေါင်း ၅၀ ကျော် စနစ်ကြီးတခုလုံးက မှားယွင်းပြီးတော့ တည်ဆောက်လာတဲ့ ဖြစ်တည်လာတဲ့ ဒီလောကပေါ့။ ရုပ်ရှင်လောကမှ မဟုတ်ဘူး။ ဒီနိုင်မှာက ဘက်ပေါင်းစုံ ချွတ်ခြုံကျလာတာ ပညာရေးစနစ်ပြောပြော ကျန်းမာရေး စနစ်ပြောပြော အကုန်လုံးက ဘက်ပေါင်းစုံမှာ ဖရိုဖရဲပဲ”လို့ ဦးညီထွန်းလွင်က ဆိုပါတယ်။

ဦးညီထွန်းလွင်ကတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေပြီး ဒါရိုက်တာ အလုပ်ကနေလည်း အနားယူလိုက်ပြီလို့ သိရပါတယ်။

The post “မျိုးဆက်သစ်တွေ အပြိုင်အဆိုင်ဖြစ်လာရင် ရုပ်ရှင်လောက ပြန်ဦးမော့လာမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles