Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယနိုင်ငံ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဖြန့်ချိမယ့် “Gold” ရုပ်ရှင်

$
0
0

ဘောလိဝုဒ် မင်းသား Akshay Kumar ဟာ မကြာမီပြသတော့မယ့် “Gold” အမည်ရှိတဲ့ ရုပ်ရှင်မှာ မျိုးချစ်စိတ် ပြင်းထန်တဲ့ ဟော်ကီ အားကစားသမားရဲ့ မန်နေဂျာတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုတော့ မင်းသား Akshay ပါဝင်တဲ့ ရုပ်ရှင်ပိုစတာကို ရုပ်ရှင်ထုတ်လုပ်သူတွေက လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မကြာသေးခင်ကပဲ  ဝေမျှခဲ့တာကို တွေ့ရပါတယ်။

အဲဒီပိုစတာထဲမှာတော့ မင်းသားရဲ့ မျက်ဝန်းထဲမှာ ဒေါသလွှမ်းတဲ့ တက်ကြွမှုတွေနဲ့ ရင်ဘတ်ထဲကနေလည်း နိုင်ငံတော် အလံကို ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။ “Gold” ရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရရှိခဲ့ပြီးတဲ့ တနှစ်အကြာ ၁၉၄၈ ခုနှစ်တုန်းက အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်ဆုရရှိဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား တဦးအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။

မင်းသား Akshay က “Gold” ရုပ်ရှင်ရဲ့ ပိုစတာအသစ်ကို Twitter မှာ တင်ခဲ့ပြီး သူက “#Gold15Aug (နိုင်ငံသား တွေရဲ့ မျက်ဝန်းထဲမှာ အိပ်မက်တခုရှိလာတဲ့အခါ နိုင်ငံကို ထူထောင်ပါတယ်) ” လို့ ရေးသားခဲ့တာကို  တွေ့ရပါတယ်။  ရုပ်ရှင်ထုတ်လုပ်သူ Farhan Akhtar ကလည်း အဲဒီပိုစတာကို သူ့ရဲ့ Twitter အကောင့်မှာ ဝေမျှခဲ့ပါတယ်။

သူက  “အောင်ပွဲအားလုံးဟာ အိပ်မက်တခုနဲ့စတင်တာပါ။ ကျနော့်နှလုံးသားနဲ့ အရမ်းနီးစပ်တဲ့ ရုပ်ရှင်တခုဖြစ်တဲ့ Gold ရဲ့ တရားဝင်ပိုစတာကို ပရိသတ်ထံ တင်ပြခွင့်ရတဲ့အတွက် အထူး ပျော်ရွှင်ဝ မ်းမြောက်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

“Gold” ရုပ်ရှင်ကို ၁၉၄၈ အိုလံပစ်ပြိုင်ပွဲမှာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်း နှစ် ၇ဝ ပြည့် အချိန်ကာလ ပတ်ဝန်းကျင်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲမှာ လွတ်လပ်တဲ့နိုင်ငံ တခုအနေနဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၂ ရက်မှာ ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ အိန္ဒိယ နိုင်ငံရဲ့ ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်တဲ့ လာမယ့် သြဂုတ် ၁၅ ရက်မှာ ဖြန့်ချိမှာဖြစ်ပါတယ်။

ထုတ်လုပ်သူ Ritesh Sidhwani ရဲ့ အဆိုအရ ဒီရုပ်ရှင်ဟာ ဘဝအတ္ထုပ္ပတ္တိ အသားပေး ရုပ်ရှင် မဟုတ်ဘဲ ၁၉၃၃ ခုနှစ် ကနေ ၁၉၄၈ ခုနှစ်ကြားကာလ အိန္ဒိယနိုင်ငံမှာ ဟော်ကီအပါအဝင် အားကစားနဲ့ပတ်သက်တဲ့ နောက်ခံဖြစ်ရပ်တွေကို ဇာတ်အိမ် တည်မှာ ဖြစ်ပါတယ်။ ဒီကားမှာ မင်းသား Akshay က ပထမဆုံးရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်နိုင်တဲ့ ဟော်ကီ အားကစားသမားရဲ့ မန်နေဂျာ အဖြစ်ပါဝင်ထားပါတယ်။

Ref: indianexpress

The post အိန္ဒိယနိုင်ငံ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဖြန့်ချိမယ့် “Gold” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...