Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးနေ့ဆုတောင်း များစွာရရှိခဲ့တဲ့ မင်းသား Chris Evans ရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့

$
0
0

ဇွန်လ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “Captain America” ရုပ်ရှင်သရုပ်ဆောင် မင်းသား Chris Evans ရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့မှာတော့ ပရိသတ်တွေ၊ မိသားစုနဲ့လုပ်ဖော်ကိုင်ဖက် အနုပညာရှင်သူငယ်ချင်း တွေထံကနေ ဆုမွန်ကောင်း တောင်းဆိုသံတွေနဲ့ အွန်လိုင်းမှာ ဆူညံခဲ့ပါတယ်။

အရင်ဆုံး မင်းသားရဲ့ ညီဖြစ်တဲ့ Scott ကတော့ ကောလိပ်ကျောင်း တက်ချိန်၊ ကမ်းခြေမှာ ဆော့ကစားချိန်၊ အိပ်ယာထဲမှာ နှစ်ဦး ထပ်ပြီး အိပ်ခဲ့ချိန်တို့မှာ ရိုက်ကူးခဲ့တဲ့ ငယ်ဘဝဓာတ်ပုံတွေကို Instagram အကောင့်မှာ တင်ခဲ့ပါတယ်။

ဒါတင် မကသေးပါဘူး၊ “Baby Driver” ရုပ်ရှင်ဒါရိုက်တာ Edgar Wright ကလည်း “The Avengers” ရှပ်ရှင် မင်းသားရဲ့ မွေးနေ့ကို မင်းသားရဲ့ဓာတ်ပုံတချို့နဲ့ ဂုဏ်ပြုခဲ့ပါတယ်။ မင်းသား Evans က ဇာတ်ရံအဖြစ် ပါဝင်ခဲ့တဲ့ “Scott Pilgrim vs. the World” ရုပ်ရှင်ရဲ့ ပိုစတာစုစည်းမှုကို Twitter မှာ တင်ခဲ့တာဖြစ်ပါတယ်။ မင်းသား Evans က အက်ရှင် ဒါရိုက်တာ ကြီးအနေနဲ့ နောက်ဆက်တွဲ ဇာတ်လမ်းရိုက်ကူးဖို့ တောင်းဆိုကြောင်း ပြောကြားပြီး အဲဒီပို့စ်ကို ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

အခုလိုမျိုး နာမည်ကျော် ရုပ်ရှင်မင်းသား Evans ကတော့ “Avengers” ရုပ်ရှင်မှာအတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ Samuel L. Jackson နဲ့ မင်းသားတွေဖြစ်ကြတဲ့ Don Cheadle, Dwayne “The Rock” Johnson နဲ့ Seth Rogen တို့အပါအဝင် လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေထံကနေ မွေးနေ့ဆုတောင်းစကားတွေ လက်ခံ ရရှိခဲ့ပါတယ်။

“Gifted” ရုပ်ရှင်မှာအတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ Octavia Spencer ကတော့ မွေးနေ့ရှင် မင်းသားကို “မွေးနေ့မှာ ပျော်ရွှင် ပါစေ”လို့ စာတိုတခုနဲ့သာ ဆုတောင်းပေးခဲ့ပါတယ်။ အဲဒီအခါ မွေးနေ့ရှင် မင်းသားက “အာမေဍိတ် စကားလုံး ထည့်ရင် သေသွားမှာ မို့လို့လား” လို့ ရိုးရှင်းတဲ့ မွေးနေ့ဆုတောင်းစကား ရေးသားလာတဲ့ Spencer ကို နောက်ပြောင်ခဲ့ ပါတယ်။ အဲဒီနောက် မင်းသမီး Spencer က emoji တွေပါရှိတဲ့ စာတစောင်နဲ့ Evans ရဲ့ စာကို ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

Ref: etcanada

The post မွေးနေ့ဆုတောင်း များစွာရရှိခဲ့တဲ့ မင်းသား Chris Evans ရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...