Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Special Effect မိတ်ကပ်ပြုလုပ်သူများကို အသိအမှတ်ပြုစေချင်တဲ့ ပညာရှင် အောင်ကျော်ထွန်း

$
0
0

ယခု နောက်ပိုင်း မြန်မာရုပ်ရှင် ဇာတ်ကားများမှာ Special Effect နဲ့ ပြုလုပ်ထားတဲ့ မိတ်ကပ် အထူးပြုလုပ်ချက်များ ပါဝင် လာကြပါတယ်။ မင်းသားနေတိုး သရုပ်ဆောင်ခဲ့တဲ့ “တာတေကြီး” ရုပ်ရှင်ဇာတ်ကားမှာဆိုရင်လည်း နေတိုးကို မိတ်ကပ် ပြင်ပေးခဲ့သူက မိတ်ကပ်ပညာရှင် အောင်ကျော်ထွန်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေတိုးက အကယ်ဒမီဆု ရရှိခဲ့ပေမယ့် မိတ်ကပ်ပညာရှင် အောင်ကျော်ထွန်းကတော့ ထင်ကြေးပေးခံရပြီး ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

“ကျနော်က ဝါသနာပါတယ်။ ဒီလိုပညာက မြန်မာနိုင်ငံမှာ ရှိသင့်တယ်ထင်လို့ ကျနော်လုပ်တယ်။ ကျနော် ပြီးခဲ့တဲ့နှစ်က တာတေကြီး ဇာတ်ကားမှာ မိတ်ကပ် Effect နဲ့ အကယ်ဒမီ ရမယ်တောင် ပြောကြတယ်။ ဒါပေမယ့် လူကြီးတွေက ဒါကို ထည့်မစဉ်းစားသေးဘူးပေါ့။ ကျနော် ကြိုးစားထားတယ်။ ဒီလိုကြိုးစားနေတဲ့ သူတွေကို နိုင်ငံတော်ကပဲ ဖြစ်ဖြစ် ဆိုင်ရာ ဆိုင်ရာတွေကပဲဖြစ်ဖြစ် မြှောက်စားမယ်ဆိုရင် ဒီပညာက တိုးတက်လာမယ်။ မမြှောက်စားဘူး၊ မသိချင်ယောင် ဆောင်နေ ရင်တော့ စိတ်ဓာတ်ကျလာမယ်။ ကျနော်တို့က ကြိုးစားပြီး ပေးသာပေးရတယ်။ ကျနော်တို့လည်း စိတ်ဓာတ် ကျလာတယ်” လို့ အောင်ကျော်ထွန်းက ဆိုပါတယ်။

မိတ်ကပ်ပညာရှင် အောင်ကျော်ထွန်းက “တာတေကြီး”၊ “လရောင်ဖြာတဲ့ အင်းလေးမှာ”စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ Specila Effect မိတ်ကပ်ပညာနဲ့ ပါဝင်ပြုလုပ်ပေးခဲ့ပြီး ဆီလီကွန်နဲ့ ဗိုလ်ချုပ်ရုပ်ထုကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလို ပညာရှင်တွေကို အသိအမှတ်ပြု၊ အားပေးဖို့ အများကြီးလိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပါ အခုထိ အသိအမှတ ်မပြုသေးဘူး။ အစည်းအရုံးဝင်ဖို့ကိုလည်း ကိုလူမင်း လက်ထက်မှာလည်း ပြောတယ်။ ဦးဇင်ဝိုင်း လက်ထက်မှာလည်း ပြောတယ်။ အဲ့လိုကို ပြောယူနေရတယ်။ အခုတော့ အလွှာ ၁ လွှာမှာ ထည့်ဖို့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ပြီးပြီတော့ ပြောတယ်။ ပြဿနာတွေ ဘာတွေ တက်ရင် ပြောလို့ရအောင် ဝင်ချင်တာ အပြင်ကနေ ပြောရင် ပြောပိုင်ခွင့် မရှိဘူး” လို့ အောင်ကျော်ထွန်းက ဆိုပါတယ်။

ဒီလို မိတ်ကပ် အထူးပြုလုပ်ချက်တွေကို အသိအမှတ်ပြုပြီး အကယ်ဒမီကိုလည်း ပေးစေချင်ကြောင်းလည်း သူက ဆိုပါတယ်။

“ကျနော်တို့ကတော့ အကယ်ဒမီပေးရင် လိုချင်တာပေါ့ ။ကျနော့် ပညာကို လာစမ်းလို့ရတယ် ။ မြန်မာနိုင်ငံမှာ ဆီလီကွန်နဲ့ ဗိုလ်ချုပ်ရုပ်ထုကို လုပ်ခဲ့တာ ကျနော်။ အခုလည်း ဆီလီကွန် ရုပ်တွေ လုပ်နေတာ ကျနော်ပဲ။ ကျနော် နိုင်ငံတကာနဲ့ ယှဉ်ရင် ကောင်းချင်လည်း ကောင်းနေလိမ့်မယ်၊ ကောင်းချင်မှလည်း ကောင်းမယ်။ အစပျိုးခြင်း လူတယောက်ကို အသိအမှတ် ပြုခြင်းသည်လည်း သူတို့ နှလုံးသားတွေနဲ့ပဲ ဆိုင်တယ်။ အသိအမှတ်ပြုခြင်း၊ မပြုခြင်းက တာဝန်ရှိသူတွေ အပိုင်းပဲ”လို့ မိတ်ကပ်ပညာရှင် အောင်ကျော်ထွန်းက ပြောပါတယ်။

ဆီလီကွန် မိတ်ကပ် အထူးပြုလုပ်ချက်များနဲ့ အောင်မြင်နေတဲ့ အောင်ကျော်ထွန်းဟာ ဗိုလ်ချုပ် စာဖတ်နေတဲ့ပုံကို ဆီလီကွန် အထူးပြုလုပ်ချက်နဲ့ အရင်ဆုံး မြန်မာနိုင်ငံမှာ ထုလုပ်ခဲ့သူဖြစ်ပြီး ရုပ်ရှင်ကား တော်တော်များများမှာလည်း မိတ်ကပ် အထူးပြုလုပ်ချက်များ ပြုလုပ်ပြီး အောင်မြင်နေသူတဦး ဖြစ်ပါတယ်။

The post Special Effect မိတ်ကပ်ပြုလုပ်သူများကို အသိအမှတ်ပြုစေချင်တဲ့ ပညာရှင် အောင်ကျော်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...