Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပရိသတ် ဘယ်တော့မှ မမေ့နိုင်တဲ့ကားမျိုးတွေ ရိုက်ဖို့အတွက် ကြိုးစားမယ်” ဆိုတဲ့ ဒေါင်း

$
0
0

မိန်းကလေး ပရိသတ်တွေကြားမှာ နာမည်ကြီး မင်းသားတဦးဖြစ်တဲ့ သရုပ်ဆောင် ဒေါင်းကတော့ ဇာတ်ကား ရိုက်ကူးရာမှာ ဇာတ်လမ်း ရွေးချယ်တာတွေ ရှိပြီး ပရိသတ်အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ ဇာတ်ကားမျိုးတွေ ရိုက်ဖို့အတွက် ကြိုးစားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရိုက်တဲ့ ဇာတ်လမ်းတွေ အားလုံးက၊ ကျနော်တို့ ကြည့်ခဲ့တဲ့ ဇာတ်ကားတွေ အားလုံးက ရင်ထဲမှာ ဘယ်တော့မှ မမေ့တဲ့ ဇာတ်ကားတွေရှိတယ်။ အရှေ့မှာ လုပ်ပြသွားတဲ့ အနုပညာရှင်ကြီးတွေ လုပ်ပြသွားတဲ့ ကျနော်တို့ ဘယ်တော့မှ မမေ့တဲ့ ဇာတ်ကားတွေ ရှိတယ်။ မေ့သွားတဲ့ ဇာတ်ကားတွေလည်း ရှိတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ ကားတွေ ရိုက်ဖို့ အတွက် ကျနော် ကြိုးစားမယ်” လို့ သရုပ်ဆောင် ဒေါင်းက ပြောပါတယ်။

ဒေါင်းက မကြာခင်မှာလည်း သူ့ကို စင်တင် မွေးထုတ်ပေးခဲ့တဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ ဆာတိုရီ ထုတ်လုပ်ရေးမှ မင်းသား ဖြစ်သူ ရဲတိုက်နဲ့ အတူ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရဲတိုက်နဲ့ အတူ တွဲဖက်ကာ သရုပ်ဆောင်ရမယ့်အပေါ်မှာလည်း ဒေါင်းက “တယောက်ကို တယောက် ရင်ထဲမှာ ရှိပြီးသား၊ စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ ခံယူချက်တွေ အားလုံးက နားလည်ပြီးသား ဖြစ်တဲ့အတွက် သိပ်ညှိနှိုင်းစရာ မလိုဘူး။ သူကလည်း သူ့ကာရိုက်တာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ ကိုယ်ကလည်း ကိုယ့်ကာရိုက်တာ အပေါ်မှာ တာဝန် အပြည့်အဝ လုပ်မယ်။ အဲဒါတွေက လိုက်ဖက် ညီသွားလိမ့်မယ်။ ကျနော်တို့ ကာရိုက်တာ ပီပြင်ရင် အဲဒီဇာတ်လမ်းက ဖြစ်လာမှာပဲ” လို့ ပြောပါတယ်။

“ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဒေါင်းအတွက် ၃ ကားမြောက် ရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒီကားထဲမှာတော့ ဒေါင်းက ပေကပ်ကပ်၊ ဂျစ်ကန်ကန် သူဌေးသားလေး နေရာက သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ဒီဇာတ်ရုပ်အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီထဲမှာက ပေကပ်ကပ်၊ ဂျစ်ကန်ကန် သူဌေးသား နေရာကနေ သရုပ်ဆောင်ရမယ်။ စိန်ခေါ်မှုပေါ့။ အဲဒီ စိန်ခေါ်မှုက ကျနော့်အတွက် အာသီသ ဖြစ်စေတယ်။ အဲဒါကိုကြိုက်လို့ ဒီကာရိုက်တာကို ရွေးချယ်လိုက်တာပါ”လို့ ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းဟာ မကြာသေးမီကလည်း အကယ်ဒမီ မင်းသားကြီး ကျော်သူ ဒါရိုက်တာအနေနဲ့ ရိုက်ကူးတဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်မှာပင် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

The post “ပရိသတ် ဘယ်တော့မှ မမေ့နိုင်တဲ့ကားမျိုးတွေ ရိုက်ဖို့အတွက် ကြိုးစားမယ်” ဆိုတဲ့ ဒေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...