Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘဝ အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေဖြန့်ချိမယ့် ဘောလိဝုဒ် မင်းသမီး Priyanka Chopra

$
0
0

ကမ္ဘာကျော် ဘောလိဝုဒ် မင်းသမီး Priyanka Chopra ဟာ သူရဲ့ဘဝအတ္ထုပ္ပတ္တိကို ဖော်ပြမယ့် စာအုပ်အသစ် တအုပ်ကို ဖြန့်ချိဖို့ ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Priyanka Chopra ဟာ အိန္ဒိယမှာ သူမွေးဖွားခဲ့ချိန်ကနေ စလို့ ၂၀၀၀ ပြည့်နှစ်မှာ Miss Universe မယ်ကမ္ဘာဆုကို ရရှိခဲ့ချိန် အလယ်၊ ဘောလိဝုဒ် မင်းသမီးကနေ ဟောလိဝုဒ်မင်းသမီး တဦးဖြစ်လာခဲ့ချိန် အဆုံး ရှည်လျားတဲ့ သူ့ဘဝ ခရီးစဉ်ကို ပြောပြထားတဲ့ “Unfinished” ဆိုတဲ့ စာအုပ်မှာ သူအခုလို အောင်မြင်လာခဲ့တဲ့ အကြောင်း အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

“Quantico” ရုပ်သံဇာတ်လမ်းတွဲ မင်းသမီး Priyanka က သူရဲ့အကြောင်းဟာ အိပ်မက်တွေကို ဖြည့်ဆည်းချင်တဲ့သူတွေ၊ ဖန်မျက်နှာကျက်တွေကို ထိုးဖောက်ချင်တဲ့ လူတွေအတွက် ခွန်အားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

သတင်းစာ ရှင်းလင်းပွဲ တခုမှာတော့ မင်းသမီး Priyanka က “ဒီစာအုပ်မှာ ပါဝင်တဲ့ အရာတွေက ကျမလိုပဲ ရိုးသားတယ်၊ ဟာသ ရွှင်မြူးတယ်၊ စိတ်ဓာတ်ခွန်အား ကောင်းတယ်၊ ရဲရင့်တယ်၊ မဟုတ်မခံ စိတ်ရှိတယ် ဆိုတာ ဖော်ပြမှာပါ။ ကျမက အမြဲတန်း တသီးတသန့် နေခဲ့တဲ့သူပါ။ ကျမရဲ့ ခရီးလမ်း တလျှောက်လုံးမှာ ကျမရဲ့ ခံစားချက်တွေအကြောင်း ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပေမယ့် ကျမ အခုထုတ်ပြောဖို့ အဆင်သင့် ဖြစ်ပါတယ်”

“ကျမဟာ အကြောက်အလန့် မရှိ ကြီးပြင်းခဲ့ရပါတယ်။ ပြီးတော့ အပြောအဆိုတွေကို ပြောင်းလဲဖို့ ၊ ဖန်မျက်နှာကျက် တွေကို ဖောက်ထွက်ဖို့ အထူးသဖြင့် အမျိုးသမီးတွေ၊ လူတွေရဲ့ မျှော်လင့်ချက်တွေ အကြောင်းမှာ ကျမဇာတ်လမ်းကို ပြောပြမှာပါ။ အမျိုးသမီးတွေက ဘာကိုမှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ကျမက အရာအားလုံး လိုချင်ပါတယ်။ လူတိုင်းကလည်း ပိုင်ဆိုင်နိုင်တယ်လို့ ကျမယုံကြည်တယ်။ ကျမက သက်သေပြခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Unfinished” စာအုပ်ကိုတော့ အိန္ဒိယ၊ အမေရိကန်နဲ့ ယူကေနိုင်ငံတို့မှာ နောက်နှစ်ကျရင် စတင်ရောင်းချမှာ ဖြစ်ပြီး Penguin Random House က ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါတယ်။ “Baywatch” ရုပ်ရှင်စတား Priyanka ရဲ့ ခရီးလမ်း စာအုပ်ဟာ သူကာလကြာရှည် တိုက်တွန်းလုပ်ဆောင်ခဲ့တဲ့ တန်းတူညီမျှမှုနဲ့ အမျိုးသမီး အခွင့်အရေး အတွက် ကမ်ပိန်းတွေ ပြီးတဲ့နောက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရုပ်ရှင်လုပ်ငန်းမှာ အမျိုးသမီးတွေအတွက် အခွင့်အရေး ရရှိစေဖို့ အခိုင်အမာ ရပ်တည်သွားမယ်လို့ မကြာသေး ခင်ကပဲ ထုတ်ပြောထားပါသေးတယ်။

Ref:contactmusic

The post ဘဝ အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေဖြန့်ချိမယ့် ဘောလိဝုဒ် မင်းသမီး Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...