Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ်ပိုင်သံစဉ် တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဖေတူသမီး “ဒိုရာအဲလက်စ်”

$
0
0

အဆိုတော် အဲလက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်က ဖခင်လိုပဲ ဂီတနဲ့ ပတ်သက်ရင် ဝါသနာပါပြီး မကြာခင်မှာ တကိုယ်တော် ခွေထုတ်ဖို့ ပြင်ဆင်နေလို့ သိရပါတယ်။

“အဖေ့သမီး ဖြစ်ရတာ ပျော်ပါတယ်။ ဒါပေမယ့် အဖေ့သမီး မဖြစ်ခဲ့ရင်လည်း ဂီတကို ကြိုက်တဲ့ သူတယောက် ဖြစ်ခဲ့မှာပဲလို့ ထင်ပါတယ်” လို့ အဆိုတော် အဲလက်စ်ရဲ့သမီးငယ် Dora Alex က ဧရာဝတီကို ပြောပါတယ်။ ဒိုရာအဲလက်စ်က “First Things First EP Album” လို့ အမည်ပေးထားတဲ့ တကိုယ်တော်သီချင်းခွေ ထုတ်ဖို့ ကြိုးစားနေတယ်လို့သိရပြီး အခွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“သမီးရေးထားတဲ့ သီချင်းလေးတွေကို ဦးကျားပေါက်က နားထောင်မိတော့ အခွေထုတ်ချင်တယ်လို့ ပြောတာပါ။ သမီးရေးတဲ့ သီချင်းတွေက သမီးခံစားချက်တွေကြီးပါပဲ။ လူငယ်ကို ကိုယ်စားပြုတယ်လို့ ပြောလိုက်ရင် (သို့မဟုတ်) လူကြီးကို ကိုယ်စားပြုတယ်လို့ ပြောလိုက်ရင် ဒီအနုပညာကိုနားထောင်ရတာ အကန့်အသတ်ကြီးနဲ့လို ဖြစ်သွားမယ်လို့ ထင်တယ်။ အဲဒီတော့ လူတိုင်းနားထောင်လို့ ရပါတယ်။ လူတိုင်းလည်း ခံစားလို့ရပါတယ်”လို့ ဒိုရာအဲလက်စ်က ဆိုပါတယ်။

ဒိုရာအဲလစ်က်က ကိုယ်ပိုင်သံစဉ် Pop အမျိုးအစား သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားပြီး တကိုယ်တော် ခွေကို အချိန်၂နှစ်နီးပါး ပြင်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေပဲဖြစ်ကာ ကိုယ်တိုင်သီချင်း ၇ ပုဒ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

“သမီးက ၇ ပုဒ်ရေးထားတယ်။ ဦးကျားပေါက်ရေးထားတာ ၁ ပုဒ် ထည့်ထားပါတယ်။ အခွေမှာ သီချင်း ၈ ပုဒ် ပါပါတယ်။ ဒီအခွေအတွက်တော့ တခါမှ Vocal Exercise, Vocal သင်တန်း၊ သီချင်းဆိုသင်တန်း အဲဒါမျိုးတွေတော့ မလုပ်ဖူးဘူး။ အဖေလည်း တခါမှ သီချင်းဘယ်လိုဆိုရလဲဆိုတာ သင်မပေးဖူးဘူး။ ဒါပေမယ့် အဖေရော၊ ဦးကျားပေါက်ရောက သီချင်းဆိုရင် ခံစားချက်လေးထည့်ဆိုဖို့ပဲ ပြောပါတယ်။အဲဒီလိုမျိုးပဲ ဆိုထားပါတယ်။ ဟိုလိုမျိုး Vocal သင်တန်းကြီးတွေ တက်ပြီးတော့မှ ဆိုတာတော့ မဟုတ်ဘူးပေါ့နော်။ သင်တန်း မတက်ထားပါဘူး။ ရင်ထဲမှာရှိတဲ့အတိုင်းပဲဆိုပါတယ်” လို့ ဒိုရာအဲလက်စ်က ပြောပါတယ်။

 

 

ဒိုရာအဲလက်စ်က သီချင်းတွေကို ရေးစပ်တဲ့အခါ ကီးဘုတ်နဲ့ ဂစ်တာ အသုံးပြုပြီး ရေးစပ်တယ်လို့ သိရပြီး ဂီတနဲ့ ပတ်သက်လို့ ဖခင် အဲလက်စ် ပြောစကားများကို အခုလို ပြန်ပြောပါတယ်။

“အဖေကတော့ သီချင်းတွေ နားထောင်ဖို့၊ ရေးနေဖို့၊ ရေးနေတာကိုလည်း ကျဲမသွားဖို့ အမြဲပြောတယ်။ ဒါပေမယ့် အခု တက္ကသိုလ်တက်တဲ့အခါ သီချင်းတွေရေးတာ ကျဲသွားနိုင်တယ်။ အိမ်မှာနေရင်း အားနေရင် ဂီတာပဲတီးဖြစ်နေတာ။ သင်တန်းတွေတော့ မသွားဖြစ်ဘူး” လို့ ဆိုပါတယ်။

အခွေထွက်ရှိတော့မယ့် အဆိုတော်အသစ် တယောက်အနေနဲ့ ပရိသတ်ကိုလည်း အခုလို ဆိုပါတယ်။ “တယောက်မဟုတ် တယောက်ကတော့ သမီးရေးထားတဲ့ သီချင်းတွေထဲမှာ၊ ဒီအခွေထဲက သီချင်း ၈ ပုဒ်မှာ တပုဒ်မဟုတ် တပုဒ်မှာတော့ ခံစားချက် တူညီတာလေးတွေ တွေ့မယ်လို့ ထင်ပါတယ်” လို့ ဒိုရာအဲလက်စ်က ဆိုပါတယ်။

The post ကိုယ်ပိုင်သံစဉ် တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဖေတူသမီး “ဒိုရာအဲလက်စ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...